သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ဖို့ စတင်ပြင်ဆင်


ကတ်သလစ် ကာဒီနယ် ဘုန်းတော်ကြီးတွေ တံခါးပိတ် စုဝေးကြဖို့ ပြင်ဆင် (၁၁ မတ် ၂၀၁၃)
ကတ်သလစ် ကာဒီနယ် ဘုန်းတော်ကြီးတွေ တံခါးပိတ် စုဝေးကြဖို့ ပြင်ဆင် (၁၁ မတ် ၂၀၁၃)
ကမ္ဘာအရပ်ရပ်မှာရှိနေကြတဲ့ ကတ်သလစ် ဘာသာဝင်တွေဟာ ဗာတီကန်က ပုပ်ရဟန်းမင်းကြီး အသစ် ရွေးချယ်ပွဲ ကို စောင့်ကြည့်နေကြပါတယ်။

အခု အင်္ဂါနေ့ကျရင်တော့ ကာဒီနယ် ဘုန်းတော်ကြီး ၁၁၅ ပါးဟာ ပုပ်ရဟန်းမင်းကြီးသစ်ကို စတင်ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

ကာဒီနယ် ဘုန်းတော်ကြီးတွေဟာ Sistine Chapel လို့ခေါ်တဲ့ ဘုရားဝတ်ပြုဆောင်ထဲမှာ တံခါးပိတ် စုဝေးပြီးတော့ ပုပ်ရဟန်းသစ်ကို ရွေးချယ်ကြရမှာပါ။

ပုပ်ရဟန်းမင်းသစ် မရွေးနိုင်ခင်အထိ ဘယ်သူမှ ဒီဝတ်ပြုဆောင်ရဲ့ အပြင်ဘက်ကို ထွက်ခွင့်မရှိပါဘူး။ အချိန်ကာလ ဘယ်လောက် ကြာမယ်ဆိုတာကိုလည်း တတ်အပ် မပြောနိုင်ပါဘူး။

ဒီဘုရားဝတ်ပြုဆောင် အပေါ်ဘက်မှာ ဆင်ထားတဲ့ ခေါင်တိုင်ကနေ မီးခိုး အဖြူရောင် ထွက်လာပြီဆိုရင်တော့ ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်နိုင်ပြီဆိုတာ ကို စောင့်ကြည့်သူတွေ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်နိုင်ဖို့ဆိုရင် အများစုမဲ သုံးပုံ နှစ်ပုံ ရရှိရပါမယ်။ ဆိုလိုတာက အနည်းဆုံး မဲ ၇၇ မဲ လိုပါတယ်။ ဘယ်သူဖြစ်လာနိုင်မယ်ဆိုတာကိုတော့ တွက်ဆလို့ မရသေးပါဘူး။
XS
SM
MD
LG