သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ ကုန္သြယ္ေရးၾကားခံစနစ္ထားေရး USAID ပံ့ပိုးကူညီ


အေမရိကန္ ႏိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီ USAID ရဲ႕ ကူညီ ပံ့ပုိးမႈနဲ႔ ျမန္မာႏုိင္ငံဟာ အာဆီယံႏိုင္ငံေတြ အခ်င္းခ်င္း ကုန္သြယ္ေရးၾကားခံစနစ္ ASEAN Single Window လို႔ေခၚတဲ႔ အီလက္ထေရာနစ္ ကြန္ရက္စနစ္ကိုသံုးျပီး ကုန္သြယ္ေရးဆိုင္ရာ စာရြက္စာတမ္း၊ အခ်က္အလက္ေတြကို အေပးအယူလုပ္တဲ့စနစ္ထဲ ပါဝင္လာေတာ႔မွာျဖစ္ပါတယ္။

ႏုိ၀င္ဘာလကုန္ စႏုိင္လိမ့္မယ္လုိ႔ ေမ ွ်ာ္လင့္ရတဲ့ ဒီအစီအစဥ္ဟာ ကမာၻ႔ကုန္သြယ္ေရး အဖြဲ႔အစည္း WTO ရဲ႕ ရည္မွန္းခ်က္ျဖစ္တဲ့ တကမာၻလံုး ကုန္သြယ္မႈ အလြယ္တကူ ျပဳလုပ္ႏုိင္ရမယ္ဆိုတဲ႔ အစီအစဥ္ေအာက္မွာ ျမန္မာအပါအဝင္ ဖြံ႔ျဖိဳးဆဲႏုိင္ငံေတြကို ကူညီေပးတာျဖစ္ေၾကာင္း အစုိးရ အရာရွိေတြက ေျပာပါတယ္။ ဒီစနစ္အေၾကာင္း ရွင္းျပတဲ့ ရန္ကုန္ၿမိဳ႕ သတင္းစာရွင္းလင္းပြဲမွာ ကုိယ္တုိင္ သတင္းသြားယူခဲ့တဲ့ ကုိေဇာ္ထက္က တင္ျပေပးပါမယ္။

အာဆီယံႏိုင္ငံေတြ အခ်င္းအခ်င္း ကုန္သြယ္ေရးလုပ္တဲ႔ ေနရာမွာ စာရင္း အခ်က္အလက္ေတြ အျပန္အလွန္ေပးပို႔ႏိုင္တဲ႔ ၾကားခံ အီလက္ထေရာနစ္စနစ္ ASEAN Single Window စနစ္ကို ျမန္မာႏို္င္ငံက အခုလာမယ့္ ႏိုဝင္ဘာကုန္မွာ စေတာ႔မွာျဖစ္ပါတယ္။ ဒီစနစ္သံုးတဲ႔ အာဆီယံႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံက (၈)ႏို္င္ငံေျမာက္ ပါဝင္လာတာျဖစ္ျပီး၊ လူအားကိုးရတဲ႔စနစ္ကေန၊ ကြန္ပ်ဴတာ စနစ္ကိုကူးေျပာင္းတာ ျဖစ္လို႔ ကုန္သြယ္ေရးမွာ ပြင့္လင္းျမင္သာမႈေတြ ပိုရွိလာလိမ့္မယ္လို႔ အေကာက္ခြန္ဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးဝင္းသန္႔က ေျပာပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ နည္းပညာပိုင္း အားနည္းေပမဲ႔လည္း ဒီစနစ္ကို ကိုင္တြယ္ႏိုင္ဖို႔ အဆင့္သင့္ျဖစ္ေနေၾကာင္း သူက ဗြီအိုေအကို ေျပာတာပါ။

“ နည္းပညာပိုင္းမွာေတာ႔ က်ေနာ္တို႔က အေတြ႔အၾကံဳ အေတာ္ေလး နည္းပါတယ္။ ဒါေပမဲ႔ က်ေနာ္တို႔ ႏို္င္ငံမွာလည္းပဲ ဒါေတြကို ကိုင္တြယ္ ေဆာင္ရြက္ေနတဲ႔ နည္းပညာရွင္ေတြ အေတာ္မ်ားမ်ား ေပၚထြက္လာပါတယ္။ ဒီလိုစနစ္ေတြ ဆိုရင္လည္း ျပည္တြင္းရဲ႕ ျပည္တြင္းက နည္းပညာရွင္ေတြကို အားကိုးျပီး လုပ္ကိုင္ေဆာင္ရြက္ရတာ ေပါ႔ေနာ္။ အလားတူပဲ ႏိုင္ငံတကာရဲ႕ စနစ္ေတြကိုလည္းပဲ သံုးစြဲေနတာေတြ ရွိပါတယ္။ နည္းပညာပိုင္းဆိုင္ရာ အားနည္းမႈေတာ႔ ရွိပါတယ္။ သို႔ေသာ္ က်ေနာ္တို႔ မလုပ္ႏိုင္တာေတာ႔ မဟုတ္ပါဘူး။ တခုရွိတာက ႏိုင္ငံတကာကို တက္လွမ္းဖို႔ အတြက္ဆိုရင္ေတာ႔ ႏို္င္ငံတကာနဲ႔ ပတ္သက္ျပီး အေတြ႔အၾကံဳမ်ားတဲ႔ ပုဂၢိဳလ္ေတြရဲ႕ expert ေတြရဲ႕ အၾကံဥာဏ္ေတြေတာ႔ ရယူရတာမ်ိဳး ရွိပါတယ္။”

ဒီစနစ္ကို ျဖစ္လာဖို႔ ၂၀၀၇ ေလာက္မွာ အာဆီယံအဖြဲ႔ေတြထဲ ဦးေဆာင္ေကာ္မတီေတြဖြဲ႔ျပီး လုပ္ခဲ႔ၾကသလို၊ ၂၀၁၈ ေလာက္မွာ မေလးရွား၊ အင္ဒိုနီးရွား၊ ထုိင္း၊ စကၤာပူ၊ ဗီယက္နမ္ ငါးႏို္င္ငံက ဒီစနစ္ကို အရင္ဆံုးစသံုးခဲ႔ပါတယ္။ အဓိကေတာ႔ အာဆီယံ လြတ္လပ္ေသာ ကုန္သြယ္ေရးေဒသ AFTA အတြင္းမွာ အာဆီယံႏို္င္ငံထြက္ကုန္ျဖစ္ေၾကာင္း ေထာက္ခံခ်က္ျဖစ္တဲ႔ ပင္ရင္းႏိုင္ငံလက္မွတ္ D-Form ကို ကုန္သြယ္ဖက္ႏို္င္ငံ အခ်င္းခ်င္း အီလက္ထေရာနစ္နည္းနဲ႔ လဲလွယ္ၾကတာမ်ိဳးျဖစ္တယ္လုိ႔ ဆုိပါတယ္။

ဒါက တကမာၻလံုးမွာ ကုန္သြယ္မႈလြယ္ကူေအာင္ ေဆာင္ရြက္ဖို႔ဆိုတဲ႔ အစီအစဥ္ေအာက္မွာ ႏုိင္ငံတကာအဖြဲ႔႔အစည္းေတြက ကူညီေပးေနတာလို႔ သူကေျပာပါတယ္။

“ World Trade Organization ရဲ႕ Trade facilitation ဆိုတဲ႔ Agenda တစ္ခုရွိတယ္။ တကမာၻလံုးရဲ႕ ကုန္သြယ္မႈ လြယ္ကူ ေခ်ာေမြ႔ေစေရး Agenda ေအာက္မွာ ဒီေခါင္းစဥ္ေတြက အကုန္ပါတယ္။ ပါတာျဖစ္တဲ႔အတြက္ ဒါကို က်ေနာ္တို႔က ေအာင္ျမင္ဖို႔အတြက္၊ ေျပာရမယ္ဆိုရင္ က်ေနာ္တို႔ ဖြံ႔ျဖိဳးဆဲႏိုင္ငံေတြ၊ နည္းပညာပံ႔ပိုးမႈ၊ ရံပံုေငြ ပံ႔ပိုးမႈ၊ စတဲ႔ လိုအပ္ေနတဲ႔ ဖြံ႔ျဖိဳးဆဲႏိုင္ငံေတြကို သူတို႔ ပံ႔ပိုးေပးေနတယ္ လို႔ပဲ က်ေနာ္တို႔ နားလည္ပါတယ္။”

ျမန္မာႏိုင္ငံ အေနနဲ႔ လက္ရွိအသံုးျပဳေနတဲ႔ စနစ္ေတြကေန နည္းပညာအကူအညီယူျပီး အာဆီယံ ႏုိင္ငံေတြနဲ႔ အတူပူးေပါင္းဖို႔၊ ေဒသတြင္း ကုန္သြယ္ေရးမွာ ပိုျပီးပြင့္လင္းျမင္သာလာဖို႔ ေဆာင္ရြက္ေနတာမွာ အေမရိကန္ ႏိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီ USAID နဲ႔ ကမာၻ႔ဘဏ္တုိ႔ ကူညီေပးၾကတာပါ။

အခုလုိ လုပ္ေဆာင္ျခင္းအားျဖင့္ ကုန္စည္ စီးဆင္းမႈ လြယ္ကူေစမယ္လုိ႔ အေမရိကန္ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီ USAID က စီးပြားေရးပညာရွင္ Alex Albertine က ဒီကေန႔ အခမ္းအနားမွာ အခုလုိ ေျပာပါတယ္။

“ အခုလို Single Window အသစ္ကို ျမန္မာႏို္င္ငံအေနနဲ႔ ပါဝင္ျခင္းအားျဖင့္ တင္ပို႔သူေတြ၊ တင္သြင္းသူေတြ D-Form ကုိ ေလ်ွာက္ဖို႔ အတြက္ရယ္၊ ျပီးေတာ႔ အစိုးရအေနနဲ႔လည္း D-Form ကုိ စီစဥ္တဲ႔ေနရာမွာ အခ်ိန္နဲ႔ေငြ အကုန္အက်လည္း သက္သာႏိုင္သလို၊ သတင္းအခ်က္အလက္ေတြတိတိက်က်နဲ႔ လ်ွင္လ်ွင္ျမန္ျမန္ လုပ္ေဆာင္ႏိုင္မွာပါ။”

အာဆီယံႏိုင္ငံေတြကို အီလက္ထေရာနစ္နည္းနဲ႔ ခ်ိတ္ဆက္တာ ေအာင္ျမင္တယ္ဆိုရင္ ႏို္င္ငံတြင္း အစိုးရပိုင္ စနစ္ေတြကိုလည္း တစုတေဝး ျဖစ္ေအာင္ ကမာၻ႔ဘဏ္ အကူအညီနဲ႔ National Single Window ပံုစံဆက္လုပ္သြားဖို႔လည္း ရွိပါတယ္။ ဒီစနစ္က ပိုျပီး လြယ္ကူလာသလို၊ စာရြက္စာတန္းေတြ အတုအပကိုလည္း ေရွာင္လႊဲႏိုင္မယ္လို႔ ေျပာပါတယ္။

ျမန္မာႏုိင္ငံဟာ ေဒသတြင္းႏုိင္ငံေတြနဲ႔ ႏုိင္းယွဥ္လုိက္ရင္ နည္းပညာပုိင္းအပါအ၀င္ က႑အေတာ္မ်ားမ်ားမွာ ေနာက္က် က်န္ေနေသးတယ္ဆုိတဲ့ အခ်က္ကုိ စီးပြားေရး ပညာရွင္ေတြက အစဥ္တစုိက္ ေထာက္ျပ ေျပာဆုိေနၾကတာပါ။ ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ ေအာက္တုိဘာ ၁၀ ရက္ေန႔က ကမၻာ့ဘဏ္က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ျမန္မာႏုိင္ငံ အေနနဲ႔ ကုန္ထုတ္လုပ္မႈစြမ္းအားျမင့္တင္ဖုိ႔၊ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈေတြ ျမင့္တင္ဖုိ႔တုိ႔ အတြက္ အေျခခံက်တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္ဖုိ႔ လုိအပ္ေၾကာင္း အႀကံျပဳထားတာ ျဖစ္ပါတယ္။

.........................

{Unicode}

အာဆီယံ ကုန်သွယ်ရေးကြားခံစနစ်ထားရေး USAID ပံ့ပိုးကူညီ

အမေရိကန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ USAID ရဲ့ ကူညီ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေ အချင်းချင်း ကုန်သွယ်ရေးကြားခံစနစ် ASEAN Single Window လို့ခေါ်တဲ့ အီလက်ထရောနစ် ကွန်ရက်စနစ်ကိုသုံးပြီး ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်း၊ အချက်အလက်တွေကို အပေးအယူလုပ်တဲ့စနစ်ထဲ ပါဝင်လာတော့မှာဖြစ်ပါတယ်။ နိုဝင်ဘာလကုန် စနိုင်လိမ့်မယ်လို့ မေ ျှာ်လင့်ရတဲ့ ဒီအစီအစဉ်ဟာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း WTO ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ တကမ္ဘာလုံး ကုန်သွယ်မှု အလွယ်တကူ ပြုလုပ်နိုင်ရမယ်ဆိုတဲ့ အစီအစဉ်အောက်မှာ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီပေးတာဖြစ်ကြောင်း အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒီစနစ်အကြောင်း ရှင်းပြတဲ့ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ထက်က တင်ပြပေးပါမယ်။

အာဆီယံနိုင်ငံတွေ အချင်းအချင်း ကုန်သွယ်ရေးလုပ်တဲ့ နေရာမှာ စာရင်း အချက်အလက်တွေ အပြန်အလှန်ပေးပို့နိုင်တဲ့ ကြားခံ အီလက်ထရောနစ်စနစ် ASEAN Single Window စနစ်ကို မြန်မာနိုင်ငံက အခုလာမယ့် နိုဝင်ဘာကုန်မှာ စတော့မှာဖြစ်ပါတယ်။ ဒီစနစ်သုံးတဲ့ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက (၈)နိုင်ငံမြောက် ပါဝင်လာတာဖြစ်ပြီး၊ လူအားကိုးရတဲ့စနစ်ကနေ၊ ကွန်ပျူတာ စနစ်ကိုကူးပြောင်းတာ ဖြစ်လို့ ကုန်သွယ်ရေးမှာ ပွင့်လင်းမြင်သာမှုတွေ ပိုရှိလာလိမ့်မယ်လို့ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နည်းပညာပိုင်း အားနည်းပေမဲ့လည်း ဒီစနစ်ကို ကိုင်တွယ်နိုင်ဖို့ အဆင့်သင့်ဖြစ်နေကြောင်း သူက ဗွီအိုအေကို ပြောတာပါ။

“ နည်းပညာပိုင်းမှာတော့ ကျနော်တို့က အတွေ့အကြုံ အတော်လေး နည်းပါတယ်။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံမှာလည်းပဲ ဒါတွေကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ နည်းပညာရှင်တွေ အတော်များများ ပေါ်ထွက်လာပါတယ်။ ဒီလိုစနစ်တွေ ဆိုရင်လည်း ပြည်တွင်းရဲ့ ပြည်တွင်းက နည်းပညာရှင်တွေကို အားကိုးပြီး လုပ်ကိုင်ဆောင်ရွက်ရတာ ပေါ့နော်။ အလားတူပဲ နိုင်ငံတကာရဲ့ စနစ်တွေကိုလည်းပဲ သုံးစွဲနေတာတွေ ရှိပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အားနည်းမှုတော့ ရှိပါတယ်။ သို့သော် ကျနော်တို့ မလုပ်နိုင်တာတော့ မဟုတ်ပါဘူး။ တခုရှိတာက နိုင်ငံတကာကို တက်လှမ်းဖို့ အတွက်ဆိုရင်တော့ နိုင်ငံတကာနဲ့ ပတ်သက်ပြီး အတွေ့အကြုံများတဲ့ ပုဂ္ဂိုလ်တွေရဲ့ expert တွေရဲ့ အကြံဉာဏ်တွေတော့ ရယူရတာမျိုး ရှိပါတယ်။”

ဒီစနစ်ကို ဖြစ်လာဖို့ ၂၀၀၇ လောက်မှာ အာဆီယံအဖွဲ့တွေထဲ ဦးဆောင်ကော်မတီတွေဖွဲ့ပြီး လုပ်ခဲ့ကြသလို၊ ၂၀၁၈ လောက်မှာ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ် ငါးနိုင်ငံက ဒီစနစ်ကို အရင်ဆုံးစသုံးခဲ့ပါတယ်။ အဓိကတော့ အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဒေသ AFTA အတွင်းမှာ အာဆီယံနိုင်ငံထွက်ကုန်ဖြစ်ကြောင်း ထောက်ခံချက်ဖြစ်တဲ့ ပင်ရင်းနိုင်ငံလက်မှတ် D-Form ကို ကုန်သွယ်ဖက်နိုင်ငံ အချင်းချင်း အီလက်ထရောနစ်နည်းနဲ့ လဲလှယ်ကြတာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါက တကမ္ဘာလုံးမှာ ကုန်သွယ်မှုလွယ်ကူအောင် ဆောင်ရွက်ဖို့ဆိုတဲ့ အစီအစဉ်အောက်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီပေးနေတာလို့ သူကပြောပါတယ်။

“ World Trade Organization ရဲ့ Trade facilitation ဆိုတဲ့ Agenda တစ်ခုရှိတယ်။ တကမ္ဘာလုံးရဲ့ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေး Agenda အောက်မှာ ဒီခေါင်းစဉ်တွေက အကုန်ပါတယ်။ ပါတာဖြစ်တဲ့အတွက် ဒါကို ကျနော်တို့က အောင်မြင်ဖို့အတွက်၊ ပြောရမယ်ဆိုရင် ကျနော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ နည်းပညာပံ့ပိုးမှု၊ ရံပုံငွေ ပံ့ပိုးမှု၊ စတဲ့ လိုအပ်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို သူတို့ ပံ့ပိုးပေးနေတယ် လို့ပဲ ကျနော်တို့ နားလည်ပါတယ်။”

မြန်မာနိုင်ငံ အနေနဲ့ လက်ရှိအသုံးပြုနေတဲ့ စနစ်တွေကနေ နည်းပညာအကူအညီယူပြီး အာဆီယံ နိုင်ငံတွေနဲ့ အတူပူးပေါင်းဖို့၊ ဒေသတွင်း ကုန်သွယ်ရေးမှာ ပိုပြီးပွင့်လင်းမြင်သာလာဖို့ ဆောင်ရွက်နေတာမှာ အမေရိကန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ USAID နဲ့ ကမ္ဘာ့ဘဏ်တို့ ကူညီပေးကြတာပါ။

အခုလို လုပ်ဆောင်ခြင်းအားဖြင့် ကုန်စည် စီးဆင်းမှု လွယ်ကူစေမယ်လို့ အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ USAID က စီးပွားရေးပညာရှင် Alex Albertine က ဒီကနေ့ အခမ်းအနားမှာ အခုလို ပြောပါတယ်။

“ အခုလို Single Window အသစ်ကို မြန်မာနိုင်ငံအနေနဲ့ ပါဝင်ခြင်းအားဖြင့် တင်ပို့သူတွေ၊ တင်သွင်းသူတွေ D-Form ကို လျှောက်ဖို့ အတွက်ရယ်၊ ပြီးတော့ အစိုးရအနေနဲ့လည်း D-Form ကို စီစဉ်တဲ့နေရာမှာ အချိန်နဲ့ငွေ အကုန်အကျလည်း သက်သာနိုင်သလို၊ သတင်းအချက်အလက်တွေတိတိကျကျနဲ့ လျှင်လျှင်မြန်မြန် လုပ်ဆောင်နိုင်မှာပါ။”

အာဆီယံနိုင်ငံတွေကို အီလက်ထရောနစ်နည်းနဲ့ ချိတ်ဆက်တာ အောင်မြင်တယ်ဆိုရင် နိုင်ငံတွင်း အစိုးရပိုင် စနစ်တွေကိုလည်း တစုတဝေး ဖြစ်အောင် ကမ္ဘာ့ဘဏ် အကူအညီနဲ့ National Single Window ပုံစံဆက်လုပ်သွားဖို့လည်း ရှိပါတယ်။ ဒီစနစ်က ပိုပြီး လွယ်ကူလာသလို၊ စာရွက်စာတန်းတွေ အတုအပကိုလည်း ရှောင်လွှဲနိုင်မယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်းယှဉ်လိုက်ရင် နည်းပညာပိုင်းအပါအဝင် ကဏ္ဍအတော်များများမှာ နောက်ကျ ကျန်နေသေးတယ်ဆိုတဲ့ အချက်ကို စီးပွားရေး ပညာရှင်တွေက အစဉ်တစိုက် ထောက်ပြ ပြောဆိုနေကြတာပါ။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အနေနဲ့ ကုန်ထုတ်လုပ်မှုစွမ်းအားမြင့်တင်ဖို့၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေ မြင့်တင်ဖို့တို့ အတွက် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အကြံပြုထားတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG