သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး နှင့် မြန်မာနိုင်ငံ


မြန်မာနွယ်ဖွား - အမေရိကန်အမျိုးသမီး ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်
မြန်မာနွယ်ဖွား - အမေရိကန်အမျိုးသမီး ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး ပြေလည်ဖို့ ဘာတွေ လိုအပ်နေပါသလဲ ၊ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ပြဿနာတွေကဘာတွေလဲ ဆိုတာတွေကို အမရေိကန်ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူးကြီး (အငြိမ်းစား) ပါမောက္ခ မီမီဝင်းဘ(တ်)ဒ် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထား ပါတယ်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးဆိုတာ နဲ့ပတ်သက်ပြီး ဒေါက်တာ မီမီဝင်းဘတ်(ဒ်) က အခုလို စတင်ရှင်းပြပါတယ်။

ဖြေ ။ ။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးက မြန်မာနိုင်ငံတင်မကပါဘူး၊ နိုင်ငံတိုင်းအားလုံးအတွက် အရေးကြီးပါတယ်။ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးအတွက် စစ်ဘက်-အရပ်ဘက် အတူတကွ ဆက်ဆံပြီး၊ အတူတကွ ပူးပေါင်းပြီး လုပ်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ နောက်ပြီးတော့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးလို့ ပြောလိုက်ရင် နှစ်ခုသက်သက် ရှိတယ်။ ပထမတချက်က - စစ်တပ်နဲ့ Civil Society တိုင်းသူပြည်သားအားလုံးနဲ့ကတစ်ခု။ နောက်တချက်က စစ်တပ်နဲ့ Civilian Government ဆက်ဆံရေး ဆိုပြီး နှစ်မျိုးရှိပါတယ်။

မေး ။ ။ တိုင်းပြည်ကာကွယ်ရေးအတွက် အရေးကြီးတယ်ဆိုပြီး ပြောသွားပါတယ်။ မြန်မာနိုင်ငံ ပြည်သူတွေ နားလည်ကြတာကတော့ စစ်တပ်နဲ့ Civil Society ဆိုတာထက် Government အစိုးရနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့အတွက်ကြောင့် ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အဖုအထစ်တွေ ရှိနေတယ်။ အနှောင့်အယှက်တွေ ဖြစ်နေတယ်လို့ နားလည်ကြပါတယ်။ အဲဒီကိစ္စကို နည်းနည်းရှင်းပြပေးပါ။

ဖြေ ။ ။ စစ်တပ်-အရပ်ဘက် ဆက်ဆံရေးက ဒီမိုကရေစီတင်မကပါဘူး တခြားနိုင်ငံတွေ - ဆိုပါတော့ တရုတ်နိုင်ငံမှာလည်း စစ်တပ်-အရပ်ဘက် ဆက်ဆံရေး ရှိတယ်။ တရုတ်စနစ်ကတော့ စစ်တပ်ကတော့ အရပ်ဘက်အောက်မှာ ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ ဒီမိုကရေစီလို့ ပြောလို့မရဘူး။ ကျမပြောချင်တာက စစ်တပ်-အရပ်ဘက် ဆက်ဆံရေးနဲ့ ဒီမိုကရေစီနဲ့ Exclusive မဟုတ်ပါဘူး။ ရုရှားလည်း စစ်တပ်က အရပ်ဘက်အောက်မှာ - တကယ့် ဒီမိုကရေစီလားဆိုတာ စဉ်းစားရပါလိမ့်မယ်။

မေး ။ ။ အရေးကြီးတာကတော့ သူတို့နိုင်ငံမှာ ဒီမိုကရေစီ မဟုတ်ပေမယ့်လဲ စစ်တပ်ဟာ အရပ်သားရဲ့ သြဇာအာဏာအောက်မှာ နေကြတယ်။ မြန်မာနိုင်ငံမှာတော့ ဘာကြောင့်ထူးခြားနေရပါလဲ။

ဖြေ ။ ။ ထူးခြားတာ ဘာလို့လဲဆိုတော့ အမေရိကလည်း ဒီအတိုင်းပါပဲ။ ကျမတို့မှာ အန္တရာယ်တွေ အများကြီးရှိတယ်။ ဆိုတော့ စစ်တပ်-အရပ်ဘက် ဆက်ဆံရေးလို့ ပြောလိုက်လို့ရှိရင် အမြဲတမ်း နိုင်ငံတော်လုံခြုံရေး (National Security) နဲ့ ပိုပြီးတော့ သက်ဆိုင်တယ်။ စစ်တပ်-အရပ်ဘက် အတူတကွ လုပ်တော့မှ နိုင်ငံတော် ကာကွယ်ရေးကို လုပ်ပေးနိုင်တယ်။ အဲဒီလို လုပ်တော့မှလဲ နိုင်ငံတော်က တိုးတက်ရေးကို လုပ်နိုင်တယ်။ ငြိမ်းချမ်းရေးတွေ ရလာမယ်။ ငြိမ်းချမ်းရေးတွေ ရလာလို့ရှိရင် Democratization က ပိုပြီးတော့ လွယ်ကူလာလိမ့်မယ်။

မေး ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ National Security အမျိုးသားလုံခြုံရေးဆိုတာ အရေးကြီးတဲ့ အကြောင်းအရာတွေက ဘာတွေရှိနေတယ်လို့ ပြောနိုင်ပါလဲ။

ဖြေ ။ ။ အဲဒါကတော့ အမျိုးစုံပါပဲ - မြန်မာနိုင်ငံမှာဆိုရင် Traditional Security နဲ့ Non-traditional Secuirty နှစ်မျိုးစလုံး မြန်မာနိုင်ငံမှာ ရှိတယ်။ ကျမတို့ အမေရိကမှာ ရှိပါတယ်။ အခုအချိန်မှာ Globalization - ကျမက Security ပတ်ဝန်းကျင်မှာ အလုပ်လုပ်တဲ့လူဆိုတော့ ကျမက အမြဲတမ်း အန္တရာယ်တွေပဲ ကြည့်နေရတယ်။ အခုဆိုရင် Traditional Security ဆိုရင် Geopolitics ရှိလာပြီ။ နောက်ပြီးတော့ terrorism transnational crimes – drug trafficking, maritime security တို့ အဲဒါတွေအားလုံးက အာရှ၊ ပစ္စိဖိတ်မှာ ရှိနေတဲ့ နိုင်ငံတွေအားလုံးက အများုးကြီးတွေ့ကြုံနေရတယ်။

မေး ။ ။ မြန်မာလို ပြန်ပြောရမယ်ဆိုရင်တော့ အစဉ်အလာရှိလာခဲ့တဲ့ အမျိုးသားလုံခြုံရေး အန္တရာယ်နဲ့ အစဉ်အလာမဟုတ်ဘဲနဲ့ နောက်ပေါ်ထွန်းလာတဲ့ အန္တရာယ်သစ်တွေဆိုပြီး နှစ်မျိုး ပြောနိုင်တယ်။ အစဉ်အလာရှိလာခဲ့တာကတော့ ပထဝီ နိုင်ငံရေး အနေအထားအရ နိုင်ငံကြီးတွေကြားမှာ ရှိခဲ့တာနဲ့ ပတ်သက်တယ်။ နောက်ပိုင်းအသစ်ပေါ်လာတာကတော့ နယ်စပ်ဖြတ်ကျော်လာတဲ့ မူးယစ်ဆေးဝါးပြစ်မှုတွေ၊ အကြမ်းဖက်ကိစ္စတို့ဆိုရင် ရှင်းမှာပါ။ ဒါနဲ့ ကျနော် တစ်ခုမေးချင်တာက အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးမှာ စံပြုလောက်တဲ့ ဆက်ဆံရေးဆိုတာကို ယေဘုယျပြုလို့ ရပါသလား။ နည်းနည်းရှင်းပြပါ။

ဖြေ ။ ။ Relationship ဆက်ဆံရေး ဆိုကတည်းက Generalized principles တွေကတော့ ရှိတာပေါ့။ ကောင်းတဲ့ဆက်ဆံမှု၊ ကောင်းတဲ့ relation ဆိုရင် trust ယုံကြည်မှု ရှိတယ်။ တယောက်နဲ့တယောက် Habit of Dialogue အမြဲတမ်းဆက်သွယ်မှု၊ အမြဲတမ်းဆွေးနွေးညှိနှိုင်းတဲ့ဓလေ့တို့ ရှိပါတယ်။ နောက် ပြီးတော့ အစိုးရထဲမှာ အမြဲတမ်း intra-agency mechanism - နှစ်ဘက်ကြားဌာနအတွင်း ဆက်ဆံရေးယန္တရားမျိုးတွေ တည်ဆောက်တော့မှ စံပြ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ရှိလာနိုင်မှာပါ။

မေး ။ ။ မြန်မာနိုင်ငံရဲ့ အခြေအနေကြတော့ ဘယ်လိုသုံးသပ်လိုပါလဲ။ အဲဒီဘောင်အတွင်း ဝင်ပါသလား။ ဘယ်လောက်လိုအပ်နေပါလဲ။ ဘယ်လောက် ကွာဟနေပါလဲ။ အဲဒီ စံချိန်စံနှုန်းနဲ့ တိုင်းတာတယ်ဆိုရင်။

ဖြေ ။ ။ မြန်မာနိုင်ငံမှာဆိုရင် အခုဆိုရင် အမြဲတမ်းဆွေးနွေး ညှိနှိုင်းတဲ့ဓလေ့နဲ့ နှစ်ဘက်ကြားဌာန အတွင်း ဆက်ဆံရေးတွေ နည်းနည်းအားနည်းနေသေးတယ်။ အမေရိကမှာလည်း အရင်တုန်းက အားနည်းတယ်။ ဒါကြောင့် ၁၉၈၆ မှာ Goldwater- Nichols Act ဆိုပြီး သမ္မတရေဂင် က လက်မှတ် ရေးထိုးခဲ့တယ်။ လက်မှတ်ရေးထိုးခဲ့တာ ဘာကြောင့်လဲဆိုတော့ Inter-agency နဲ့ Joint ပူးပေါင်းမှု တွေ မလုပ်ကြလို့။ စစ်တပ်နဲ့ အရပ်ဘက်နဲ့။ နောက်ပြီးေးတာ့ စစ်တပ်ထဲမှာတောင် ကြည်း၊ ရေ၊ လေ က သေချာပူးပေါင်းပြီး မလုပ်တဲ့အတွက်ကြောင့်မို့ သူတို့တွေက Goldwater- Nichols Act လုပ်လိုက်တဲ့အခါကျတော့ အဲဒီကနေ စပြီးတော့ ပူးပေါင်းကြတယ်။ ကျမတို့ စစ်တပ်မှာဆိုရင် Joint-assignments မရှိတာထားလို့ရှိရင် ရာထူးတိုးဖို့အတွက် နည်းနည်းခက်ခဲတယ်။ ကျမတို့ဆီမှာ အခုဆိုရင် ဆက်ဆံရေးအရာရှိ (liaison officer) တွေ အများကြီးရှိတယ်။ ကျမတို့ကလည်း State Department နိုင်ငံခြားရေးဝန်ကြီးရုံး၊ USAID တို့၊ Homeland Security တို့ဆီ liaison officer တွေ ပို့ထားတယ်။ ဟိုဘက်ကလည်း ကျမတို့ဆီကို liaison officer တွေ ပို့ထားတယ်။ ကျမတို့ Pacific Command မှာ အရင်တုန်းက လုပ်တယ်ဆိုလို့ရှိရင် ကျမတို့မှာ တခြား အရပ်ဘက်အဖွဲ့အစည်း (Civilian Agencies) တွေက liaison officer တွေ ကျမတို့ဆီမှာ ထားရှိထားတယ်။

အဲဒီလို ဆက်စပ်ကြတယ်။ နောက်ပြီးတော့မှ National Level or Federal Level ဆိုရင် National Security Council ဆိုတာ ရှိတယ်။ သမ္မတကိုယ်တိုင် ဦးဆောင်ပြီးတော့လုပ်တာ။ အမြဲတမ်း Agencies တွေအားလုံး အတူတကွ ခေါ်လာပြီးတော့ National Security Strategy ကို Formulate လုပ်တာရယ်၊ ဆွေးနွေးတာတွေ အမြဲတမ်းလုပ်ကြတယ်။ Level ကျမတို့က ဆက်စပ်မှုတွေ ချထားကြတယ်။ ပြီးနောက် အဲဒီဥစ္စာ လုပ်ဖို့အတွက်က ကျမတို့ ပညာယူတဲ့အခါမှာလည်း အတူတူလုပ်ကြတယ်။ တယောက်နဲ့တယောက် နားလည်မှုက ဆက်စပ်နေကြတယ်။ ဆက်ဆံနေကြတော့မှ ဖြစ်မယ်။

မေး ။ ။ မြန်မာနိုင်ငံမှာကြတော့ လွတ်လပ်ရေး ရပြီးကတည်းက စစ်တပ်နဲ့ အရပ်ဘက် ဆက်ဆံရေး အမြင်ဟာ သိပ်ပြီးတော့ သဟဇာတ မဖြစ်ခဲ့ဘူး။ Harmony မဖြစ်ခဲ့ဘူးဆိုရင် မှန်မယ်ထင်ပါတယ်။ ဒါကြောင့်လဲ စစ်တပ်က နောင်အခါမှာ သူတို့အာဏာသိမ်းယူလိုက်တာတွေ ဖြစ်ခဲ့တယ်။ ဆိုတော့ အဲဒီလို ဖြစ်လာပြီးတော့ တချို့သုံးသပ်ကြတာကတော့ စစ်တပ်ဘက်က ရှိနေတဲ့ Mindset ကတော့ Civilian အောက်မှာ ဘယ်တော့မှ မကြို့ဘူး။ ငါတို့ဟာ သူတို့အပေါ်ကသာနေမယ်။ သူတို့ရဲ့ အမိန့် အာဏာ မခံဘူးဆိုတဲ့ အယူအဆ သူတို့ဆီမှာ အခုထက်ထိ ဆက်လက်ပြီးတော့ ရှိနေတယ်။ ဆိုတော့ ဒီ Civil Authority ကို သူတို့လက်ခံလာအောင်၊ နားလည်နိုင်အောင် ဘယ်လိုလုပ်သင့်တယ် ထင်ပါလဲ။ ဘယ်လို ပြောင်းလဲယူရမလဲ။

ဖြေ ။ ။ အဲဒီဥစ္စာကတော့ Trust ထက် ပိုအရေးကြီးတယ်။ တယောက်နဲ့တယောက် ယုံကြည်မှု၊ အဲဒီယုံကြည်မှု ရှိဖို့ကလဲ တယောက်နဲ့တယောက် ဆက်စပ်ပြီးတော့ လုပ်ရမယ်။ အဲဒီလိုလုပ်လာပြီးမှ တနေ့ ယုံကြည်မှုရှိလာပြီး၊ Civil-Military Relation အရပ်ဘက်-စစ်ဘက် ဆက်ဆံမှုတွေ ပိုပြီးတော့ကောင်းလာမယ်လို့ ကျမထင်ပါတယ်။

မေး ။ ။ နောက်တခုက လူတွေကပြောကြတယ်။ Professional Army ဆိုတာက Professionalism ကို အခြေခံရမှာ ဖြစ်ပါတယ်။ ဆိုရင် Professionalism ဆိုတာ ဘာလဲ ရှင်းပြပါ။

ဖြေ ။ ။ Professionalism လို့ ပြောလိုက်လို့ရှိရင် ပထမဦးဆုံး Professionalism က Expertise – Specialized knowledge ကျွမ်းကျင်မှု။ နောက်တချက်က Ethical Conduct ကျင့်ဝတ်သိက္ခာနဲ့ ကိုက်ညီသော အပြုအမှုတို့ ရှိလို့ရှိရင် အဲဒါကို Professionalism လို့ ပြောကြတယ်။ ဆိုတော့ Professionalism ဖြစ်ဖို့အတွက်က အများကြီးကြိုးစားရတယ်။ အများကြီး စာသင်ရတယ်။ အများကြီး လက်တွေ့တွေ လုပ်ရတယ်။ ကျမ (၂၈) နှစ်လုံးလုံး လုပ်လာတဲ့ဟာကို အမြဲတမ်းသင်ကြားနေရတယ်။ တခါတလေကျရင် ကျမတို့ အဖွဲ့အစည်း Organization တွေက ကိုယ့်ရဲ့လမ်းကြောင်းထဲမှာ မနေဘဲနဲ့ တခြားနေရာတွေကို ရောက်သွားတဲ့အခါ ကျမတို့ရဲ့ Specialized Knowledge, Skills နဲ့ မဆိုင်တဲ့ အရာ ရောက်သွားတဲ့အခါ ကျမတို့ရဲ့ Professionalism ပျောက်သွားတတ်တယ်။ နောက်ပြီးတော့ Ethical Conduct ကြတော့ honesty integrity accountability and self disciplinary - ရိုးသားမှု၊ တည်ကြည်မှု၊ ကိုယ်လုပ်တာကို ကိုယ်တာဝန်ခံမှု၊ ကိုယ်ပိုင်အသိနဲ့ စည်းကမ်းထိန်းသိမ်းလိုက်နာမှု စတာတွေ ဖြစ်တယ်။ နောက်ပြီးတော့ Respect others and Self-respect သူတပါးနဲ့ မိမိကိုယ်ကိုယ် လေးစားမှုတို့ ဖြစ်တယ်။ ပြီးတော့ Bullying - နိုင်ထက်စီးနှင်းရှိရင် Professionalism ပျောက်ပျက်သွား တယ်။ ဒါကြောင့် Professional ဖြစ်ချင်တယ်ဆိုရင် ဒီအချက်ကို လိုက်နာတဲ့အခါ အဲဒါကို Professional လို့ခေါ်တယ်။ ကျမတို့ရဲ့ Criteria for professionalism ဖြစ်တယ်။

မေး ။ ။ ဆိုတော့ စစ်တပ်တခုကို Professional ဖြစ်လာအောင် ပြောင်းလဲဖို့အတွက် အဓိက ပညာရေး တခုတည်းနဲ့ ရနိုင်ပါသလား။ အခု မြန်မာနိုင်ငံမှာဆိုရင် ဒေါ်မီမီကိုယ်တိုင်သွားပြီးတော့ သင်တန်းတွေ ပို့ချတာတွေ ရှိတယ်။ သိပ်ကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အဲဒါနဲ့ လုံလောက်ပါသလား။ တခြား ဘာလုပ်ဖို့ ထင်ပါသလဲ။ မြန်မာနိုင်ငံ စစ်တပ်ထဲမှာ Professionalism ထွန်းကားလာဖို့အတွက်။

ဖြေ ။ ။ Professionalism က တစ်ခါတည်းနဲ့ မရဘူး။ ဒီဥစ္စာက အမြဲတမ်း လေ့ကျင့်နေရတယ်။ ကျမတို့ အမေရိကမှာလည်း ဒီအတိုင်းပါပဲ။ နေ့တိုင်းကြိုးစားနေရတယ်။

မေး ။ ။ နောက်ဆုံးမေးချင်တာက မြန်မာနိုင်ငံရဲ့ အရပ်ဘက်နဲ့ စစ်ဘက် ဆက်ဆံရေး အဆင်ပြေပြီး တော့ တိုင်းပြည်အတွက် အပြည့်အဝ လက်တွဲဆောင်ရွက်နိုင်မယ့် အလားအလာကို ဘယ်လိုမြင် မိပါသလဲ။ မြန်မာနိုင်ငံရဲ့ အခြေအနေက။

ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ အခြေအနေက ၂၀၁၀ ကနေ ကြည့်လိုက်လို့ရှိရင် အရင် ၂၀၁၀ နဲ့ ၂၀၁၀ နောက်ပိုင်းကာလတို့က တခြားစီပါ။ ဆိုတော့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးက အမြဲတမ်း တခါတည်းနဲ့ တနေ့လာပြီးတော့ ဗြုန်းကနဲ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။

XS
SM
MD
LG