သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒီမိုကရေစီရေး အခြေအနေ USAID အကြီးအကဲဝေဖန်


 အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ အကြီးအကဲ Mark Gree
အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ အကြီးအကဲ Mark Gree

မြန်မာနိုင်ငံထဲက လူနည်းစုတိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအပေါ် အစိုးရရဲ့ ပြုမူဆောင်ရွက်ပုံတွေ တိုးတက်မှုမရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လမ်းကြောင်းလွဲနေပြီလို့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ အကြီးအကဲ Mark Green က ABC ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဝေဖန်သွားပါတယ်။

ဒုက္ခသည်တွေနဲ့ တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေကို ငြင်းပယ်နေသမျှ၊ မြန်မာ့ဒီမိုကရေစီရေးဟာ ရပ်တန့်နေပြီလို့ ပြောရမယ့်အကြောင်း ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ Mark Green က ထောက်ပြသွားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စိတ်ကျေနပ်စရာ မရှိဘူးလို့လည်း သူက ဆိုပါတယ်။

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ အမေရိကန်ပြည်ထောင်စ ုဘက်က စွပ်စွဲသလို ဒုက္ခသည်တွေအပေါ် မျိုးဖြုတ် သတ်ဖြတ်မှုလုပ်ရပ်တွေ ကျုးလွန်ခဲ့တယ်ဆိုတာ မဟုတ်တဲ့အကြောင်း ငြင်းဆိုထားပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ကိုယ်တိုင် စုံစမ်းစစ်ဆေးနေသလို အရေးယူအပြစ်ပေးနေတယ်လို့လည်း ပြောထားပါတယ်။

Trump အစိုးရအနေနဲ့ မြန်မာခေါင်းဆောင်တွေကို ထပ်ပြီး ဖိအားပေးဖို့ လိုမလား ဆိုတဲ့ မေးခွန်းကိုတော့ Mark Green က ပြန်လည်ဖြေကြားဖို့ ငြင်းဆိုသွားပါတယ်။ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်တဲ့ သဘောထားကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း အတိအကျ၊ အခိုင်မာ ပြောပြီးဖြစ်တဲ့ အကြောင်း၊ ဒါပေမဲ့လည်း အတင်းအကြပ် ဖိအားပေးမှုတွေ ဆက်လုပ်ရင် မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ အရပ်သားအုပ်ချုပ်ရေး အပေါ် ထိခိုက်မှာနဲ့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုအောက် တွန်းပို့လိုက်သလို ဖြစ်မှာကို အမေရိကန် အရာရှိတွေတော်တော်များများက စိုးရိမ်တဲ့အကြောင်း Mark Green က ABC ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။

.......................

{Unicode}






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG