သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားအသင်းအဖွဲ့ အခြေအနေ


Myanmar CSOs Forum
Myanmar CSOs Forum
အရပ်သားအသင်းအဖွဲ့ အခြေအနေ
please wait

No media source currently available

0:00 0:05:18 0:00
တိုက်ရိုက် လင့်ခ်

ဒီမိုကရေစီရှင်သန်းရေးမှာ အရပ်သားအသင်းအဖွဲ့တွေ ပါဝင်တဲ့အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ ဒါကြောင့် အသွင်ကူးပြောင်းနေတာကို ပြသနိုင်ဖို့အတွက် ဦးသိန်းစိန်အစိုးရဟာ အရပ်သားအသင်းအဖွဲ့တွေကို လုပ်ပိုင်ခွင့် အတော်လေးပေးခဲ့ပါတယ်။ ဒါပေမဲ့ NLD အစိုးရ တက်လာတဲ့အခါမှာ အရပ်သားအသင်းအဖွဲ့ဟာ အရင်လို အဓိကအခန်းကဏ္ဍက မပါဝင်နိုင်တော့ဘဲ လုပ်ရကိုင်ရ ခက်ခဲလာတယ်လို့ Swisspeace အဖွဲ့က သုတေသီ Dr. Stefan Bachtold က သုံးသပ်ပါတယ်။ NLD အစိုးရလက်ထက်မှာ အလုပ်ခွင် ကျဉ်းမြောင်းသွားတယ်လို့ အရပ်သားအဖွဲ့အချို့ကလည်း ထုတ်ဖော်ပြောဆိုပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံတကာအလှူရှင်တွေကလည်း ပြည်သူ့အစိုးရ တက်လာပြီဆိုပြီး အစိုးရကို ထောက်ပံ့လာတဲ့အတွက် အရပ်သားအသင်းအဖွဲ့တွေကို တိုက်ရိုက်ထောက်ပံ့တာလည်း လျော့နည်းလာပါတယ်။ အရပ်သားအဖွဲ့အစည်းတွေဟာ နိုင်ငံခြားအကူအညီ ရနေဆဲ ဖြစ်ပါတယ်။ အရပ်သားအသင်းအဖွဲ့တွေ အရည်အသွေး မြင့်မားလာဖို့နဲ့ ကွန်ရက်တိုးချဲ့နိုင်ဖို့အတွက် အလှူရှင်တွေက ငွေကြေးထောက်ပံ့နေဆဲ ဖြစ်ပါတယ်။ အရင်လို ဝေဖန်ဆန်းစစ်တာမျိုး သိပ်မလုပ်နိုင်တော့ဘဲ အလှူရှင်ထောက်ပံ့တဲ့ စီမံချက်ကို အကောင်အထည်ဖော်ဖို့ကိုသာ ကြိုးပမ်းနေကြပါတယ်။

၂၀၁၄ မှာ ပြဌာန်းတဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ က အသိအမှတ်ပြုထားတဲ့ အသင်းအဖွဲ့နှစ်မျိုးသာ ရှိပါတယ်။ အကျိုးအမြတ်မယူဘဲ လူမှုရေးမှာ ကူညီနေတဲ့ ပြည်တွင်းအသင်းအဖွဲ့နဲ့ အစိုးရဆီမှာ မှတ်ပုံတင်ပြီး လူမှုရေးလုပ်ငန်းလုပ်နေတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအသင်းအဖွဲ့ INGO တွေ ဖြစ်ပါတယ်။ ပြည်တွင်းအသင်းအဖွဲ့ဟာ မှတ်ပုံတင်စရာ မလိုပေမယ့် နိုင်ငံတကာ INGO ကတော့ မှတ်ပုံတင်ဖို့ လိုပါတယ်။ ပြည်တွင်းအသင်းအဖွဲ့အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ လုပ်ကိုင်နိုင်မှုစွမ်းရည် အမျိုးမျိုး ရှိကြပါတယ်။ ပြည်တွင်းအသင်းအဖွဲ့တွေ လုပ်ရည်ကိုင်ရည် ရှိလာပြီး နိုင်ငံ့ဖွံ့ဖြိုးရေးမှာ ပါဝင်လာနိုင်အောင် နိုင်ငံတကာ INGO အဖွဲ့တွေက ကူညီထောက်ပံ့ပါတယ်။ ဥပမာ လူမှုရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ပတ်ဝန်းကျင်အရေးနဲ့ ဒီမိုကရေစီအရေးမှာ အရပ်သားအဖွဲ့တွေ ပါဝင်လာအောင် ဥရောပနဲ့ အမေရိကန် INGO တွေက ကူညီပါတယ်။

လုပ်ရကိုင်ရ ခက်ခဲလာပေမယ့် ပြည်တွင်းအရပ်သားအဖွဲ့တွေဟာ လူမှုရေး၊ နိုင်ငံရေး တောင်းဆိုမှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။ ဗြိတိသျှကောင်စီနဲ့ အမေရိကန် AID ဟာ လူထုအခြေပြု၊ CBO အဖွဲ့နဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေကို စွမ်းဆောင်ရည် မြင့်မားအောင် အကူအညီပေးပါတယ်။ အင်္ဂလိပ်စာသင်ကြားတဲ့ စီမံချက်အပြင် မြန်မာကွန်ရက် Website လုပ်ပြီး ပညာပေးတာမျိုးလည်း ရှိပါတယ်။ ဗြိတိသျှကောင်စီ၊ Facebook မှာ အသင်းဝင် နှစ်သန်းလောက် ရှိပါတယ်။ မဲဆန္ဒနယ်မြေရဲ့ အကျိုးစီးပွားကို မြှင့်တင်နိုင်ရေးအတွက် အရပ်သားအဖွဲ့နဲ့ သတင်းမီဒီယာ ဆက်ဆံရေးကို USAID က စီစဉ်ပေးတာမျိုးလည်း ရှိပါတယ်။ ဟောပြောပွဲ၊ ဆွေးနွေးပွဲ နဲ့ ပြပွဲတွေလုပ်ပြီး ပညာပေးတာမျိုးလည်း ရှိပါတယ်။

အရပ်သားအသင်းအဖွဲ့ပေါင်း (၄၀၀) နီးပါး ပါဝင်တဲ့ MATA မဟာမိတ်အဖွဲ့ချုပ်ဟာ ကိစ္စအားလုံးမှာ ပွင့်လင်းမြင်သာဖို့နဲ့ တာဝန်ခံဖို့ကို တောင်းဆိုတဲ့အဖွဲ့ကြီး ဖြစ်ပါတယ်။ တတိယအကြိမ် (၂၁) ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ပထမနေ့မှာ စစ်ဦးစီးချုပ်ပြောတဲ့မိန့်ခွန်းကို လုံးဝလက်မခံကြောင်း အဖွဲ့ပေါင်း (၃၈၉) ဖွဲ့က လွန်ခဲ့တဲ့ ဇူလိုင်လ (၁၂) ရက်နေ့က သဘောထားထုတ်ပြန်ပါတယ်။ ပြည်တွင်းနဲ့ပြည်ပ အရပ်သားအသင်းအဖွဲ့ (၆၀) ကျော် ပါဝင်တဲ့ ကျား/မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၊ ကျားမတန်းတူအခွင့်အရေး ခံစားနိုင်ဖို့အတွက် တက်တက်ကြွကြွ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ တိုင်းရင်းသူအမျိုးသမီးတွေကလည်း အသင်းအဖွဲ့နဲ့ ကွန်ရက်တွေ တည်ထောင်ကြပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာတော့ အရပ်သားအသင်းအဖွဲ့တွေကို သင်တန်းပေးတာမျိုးတွေ ရှိပါတယ်။

လူ့အခွင့်အရေးနဲ့ တာဝန်ခံမှုဆိုင်ရာ အရပ်သားအဖွဲ့အစည်းတွေနဲ့ ပတ်သက်လာရင် အစိုးရဟာ အမြင်မကြည်တော့ဘူးလို့ လွန်ခဲ့တဲ့ နိုဝင်ဘာလထုတ် Equality Myanmar ရဲ့ CSO Sustainability Index မှာ ဖော်ပြထားပါတယ်။ အရပ်သားအဖွဲ့အစည်း ဦးဆောင်တဲ့ အစီအစဉ်တွေမှာ NLD ပါတီဝင်တွေ ပါဝင်လာမှာကို အစိုးရက မလိုလားဘူးလို့ ဆိုပါတယ်။ အရပ်သားအဖွဲ့ (သို့မဟုတ်) သတင်းမီဒီယာက လုပ်တဲ့ပွဲတွေကို တက်မယ့် NLD အမတ်ဟာ ဌာနချုပ်ကို ခွင့်ပြုချက်တောင်းဖို့ လိုတယ်လို့ ဆိုပါတယ်။ အရပ်သားအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ပြည်သူ့အမြင်မှာလည်း အသွင်အမျိုးမျိုး ရှိနေပုံရပါတယ်။

ကျန်မားရေး၊ ပညာရေး၊ လူမှုရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီထောက်ပံ့နေတဲ့ အရပ်သားအဖွဲ့အစည်းတွေကို ပြည်သူလူထုက ထောက်ခံကြိုဆိုကြပါတယ်။ အကောင်းဘက်က မြင်ကြပါတယ်။ ဒါပေမဲ့ ဘာသာရေးရာ လူနည်းစုနဲ့ ဒုက္ခသည်ကိစ္စကို ဆောင်ရွက်နေတဲ့ အရပ်သားအဖွဲ့တွေပေါ်မှာတော့ ပြည်သူ့အမြင်ဟာ မကြည်လင်းဘူးလို့ ဆိုပါတယ်။ အစိုးရစာနယ်ဇင်း အာဘော်အတိုင်း နိုင်ငံခြားအကျိုးစီးပွားကို ရှေ့တန်းတင်တယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိက မီဒီယာများကတော့ ကွင်းဆင်းနေတဲ့ အရပ်သားအဖွဲ့အစည်းတွေဆီက သတင်းယူရတာမို့ အမြဲတမ်း ဆက်စပ်မှု ရှိနေပါတယ်။

XS
SM
MD
LG