သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ နဲ႔ ေျပလည္ေရး မေလး႐ွားျပန္လည္ ႀကိဳးပမ္း


မေလးရွားဝန္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမက္ဒ္

( Zawgyi/ Unicode )

အိႏိၵယႏုိင္္ငံကအုပ္ခ်ဳပ္တဲ့ ကက္ရွ္မီးယားေဒသနဲ႔ပတ္သက္ၿပီး မေလးရွားဝန္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမက္ဒ္ ေျပာဆိုခဲ့တဲ့အေပၚ အေျခအတင္ျဖစ္ေနတာကို ေျဖရွင္းဖုိ႔ မေလးရွားႏုိင္ငံက ႀကိဳးစားေနၿပီး အိႏိၵယႏုိင္ငံပါ ပါဝင္တဲ့ ၁၆ ႏုိင္္ငံ ကုန္သြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္တခုကုိ ဒီႏွစ္မွာ လက္မွတ္ေရးထိုးႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။

ၿပီးခဲ့တဲ့လ ကုလသမဂၢအေထြေထြညီလာခံ မိန္႔ခြန္းထဲမွာ ဝန္ႀကီးခ်ဳပ္ မဟာသီယာက အိႏိၵယဟာ ကက္ရွ္မီးယားေဒသကို “က်ဴးေက်ာ္ သိမ္းပိုက္ထားတယ္” ဆိုၿပီး ေျပာခဲ့တာေၾကာင့္ ႏွစ္ႏုိ္င္ငံဆက္ဆံေရး မေျပမလည္ျဖစ္ေနတာပါ။

Jammu နဲ႔ ကက္ရွ္မီးယားေဒသေတြရဲ႕ အထူးကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ အဆင့္အတန္းကို ၾသဂုတ္လ ၅ ရက္ေန႔မွာ အိႏိၵယက ႐ုပ္သိမ္းခဲ့ၿပီး ဒါဟာ ျပည္ထဲေရးကိစၥျဖစ္တယ္လုိ႔ အခုိင္အမာေျပာၿပီးေတာ့ အထူးသျဖင့္ မြတ္ဆလင္ လူမ်ားစုတိုင္းျပည္ေတြနဲ႔ တ႐ုတ္ႏုိ္င္ငံအပါအဝင္ ျပည္ပက ေဝဖန္ေျပာဆိုတာေတြကို ပယ္ခ်ထားပါတယ္။

မဟာသီယာေျပာၿပီးတဲ့ေနာက္ မေလးရွား စားအုန္းဆီကို သပိတ္ေမွာက္ဖို႔ အိႏိၵယကုန္သည္ေတြက ေတာင္းဆိုခဲ့ၿပီး အဲဒီလိုလုပ္ ရင္ ကုန္သြယ္ေရးစစ္ပြဲ ျဖစ္တဲ့အဆင့္ ေရာက္သြားမယ္လုိ႔ ဝန္ႀကီးခ်ဳပ္ မဟာသီယာက တုန္႔ျပန္ပါတယ္။ ဒါေၾကာင့္လည္း “ေဒသဆိုင္ရာ အားလံုးပါဝင္ေသာ စီးပြားေရးမိတ္ဘက္” လို႔ဆိုရမယ့္ RCEP စာခ်ဳပ္နဲ႔ပတ္သက္တဲ့ ေစ့စပ္ညႇိႏိႈင္းမႈေတြကို ထိခိုက္ လာမယ့္အေရး အိႏိၵယဘက္မွာ စိုးရိမ္လာၾကတာပါ။

တ႐ုတ္ဦးေဆာင္တဲ့ RCEP စာခ်ဳပ္ လက္မွတ္ထိုးမယ့္ထဲမွာ ျမန္မာအပါအဝင္ အာဆီယံ ၁၀ ႏုိင္ငံ၊ တ႐ုတ္္၊ ဂ်ပန္၊ ေတာင္ကိုရီး ယား၊ အိႏိၵယ၊ ၾသစေၾတးလ်နဲ႔ နယူးဇီလန္တို႔ ပါဝင္ပါတယ္။

ဒီစာခ်ဳပ္ကေန ကမာၻ႔စီးပြားေရးရဲ႕ ၃၉% ေလာက္၊ စုေပါင္း GDP နဲ႔ဆိုရင္ ေဒၚလာ ထရီလီယံ ၅၀ ေလာက္ရွိၿပီး လူဦးေရေပါင္း ၃.၄ ဘီလီယံရွိမယ့္ ေပါင္းစပ္ေစ်းကြက္ႀကီးတခုကို ဖန္တီးႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ထားၾကပါတယ္။

................

{Unicode}

အိန္ဒိယ နဲ့ ပြေလည်ရေး မလေးရှားပြန်လည် ကြိုးပမ်း
အိန္ဒိယနိုင်ငံကအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသနဲ့ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဒ် ပြောဆိုခဲ့တဲ့အပေါ် အခြေအတင်ဖြစ်နေတာကို ဖြေရှင်းဖို့ မလေးရှားနိုင်ငံက ကြိုးစားနေပြီး အိန္ဒိယနိုင်ငံပါ ပါဝင်တဲ့ ၁၆ နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တခုကို ဒီနှစ်မှာ လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ပြီးခဲ့တဲ့လ ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းထဲမှာ ဝန်ကြီးချုပ် မဟာသီယာက အိန္ဒိယဟာ ကက်ရှ်မီးယားဒေသကို “ကျူးကျော် သိမ်းပိုက်ထားတယ်” ဆိုပြီး ပြောခဲ့တာကြောင့် နှစ်နိုင်ငံဆက်ဆံရေး မပြေမလည်ဖြစ်နေတာပါ။

Jammu နဲ့ ကက်ရှ်မီးယားဒေသတွေရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို သြဂုတ်လ ၅ ရက်နေ့မှာ အိန္ဒိယက ရုပ်သိမ်းခဲ့ပြီး ဒါဟာ ပြည်ထဲရေးကိစ္စဖြစ်တယ်လို့ အခိုင်အမာပြောပြီးတော့ အထူးသဖြင့် မွတ်ဆလင် လူများစုတိုင်းပြည်တွေနဲ့ တရုတ်နိုင်ငံအပါအဝင် ပြည်ပက ဝေဖန်ပြောဆိုတာတွေကို ပယ်ချထားပါတယ်။

မဟာသီယာပြောပြီးတဲ့နောက် မလေးရှား စားအုန်းဆီကို သပိတ်မှောက်ဖို့ အိန္ဒိယကုန်သည်တွေက တောင်းဆိုခဲ့ပြီး အဲဒီလိုလုပ် ရင် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်တဲ့အဆင့် ရောက်သွားမယ်လို့ ဝန်ကြီးချုပ် မဟာသီယာက တုန့်ပြန်ပါတယ်။ ဒါကြောင့်လည်း “ဒေသဆိုင်ရာ အားလုံးပါဝင်သော စီးပွားရေးမိတ်ဘက်” လို့ဆိုရမယ့် RCEP စာချုပ်နဲ့ပတ်သက်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ထိခိုက် လာမယ့်အရေး အိန္ဒိယဘက်မှာ စိုးရိမ်လာကြတာပါ။

တရုတ်ဦးဆောင်တဲ့ RCEP စာချုပ် လက်မှတ်ထိုးမယ့်ထဲမှာ မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီး ယား၊ အိန္ဒိယ၊ သြစတြေးလျနဲ့ နယူးဇီလန်တို့ ပါဝင်ပါတယ်။

ဒီစာချုပ်ကနေ ကမ္ဘာ့စီးပွားရေးရဲ့ ၃၉% လောက်၊ စုပေါင်း GDP နဲ့ဆိုရင် ဒေါ်လာ ထရီလီယံ ၅၀ လောက်ရှိပြီး လူဦးရေပေါင်း ၃.၄ ဘီလီယံရှိမယ့် ပေါင်းစပ်ဈေးကွက်ကြီးတခုကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG