ပါကစၥတန္နဲ႔ အိႏၵိယနယ္စပ္မွာ ႏွစ္ဖက္တပ္ေတြၾကား စေနေန႔ညေႏွာင္းပုိင္းက အျပန္အလွန္ ပစ္ခတ္မႈေၾကာင့္ အနည္းဆုံး အရပ္သား ၆ ဦးနဲ႔ စစ္သား ၃ ဦး ေသဆုံးသြားပါတယ္။
ဒါဟာ အိႏိၵယအစိုးရက ကက္ရွ္မီးယားေဒသ ကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို ၾသဂုတ္လမွာ ႐ုပ္သိမ္းခဲ့ၿပီး ေနာက္ပိုင္း အေသအေပ်ာက္ အမ်ားဆုံးေန႔ ျဖစ္တယ္လို႔ ဆုိပါတယ္။ ေသဆုံးမႈအေရအတြက္ ဒီထက္မ်ားလာႏုိင္တယ္လို႔ ႏွစ္ဖက္စလုံးက ေျပာပါတယ္။
အရပ္သားေတြကို ပစ္မွတ္ထားၿပီး အိႏိၵယဘက္က အေၾကာင္းမဲ့ ပစ္ခတ္တာျဖစ္တယ္လို႔ ပါကစၥတန္စစ္တပ္ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ Asif Ghafoor က သူ႔ Twitter မွာ တနဂၤေႏြေန႔က ေရးပါတယ္။
ပါကစၥတန္ထိန္းခ်ဳပ္တဲ့ ကက္ရွ္မီးယားနယ္ေျမထဲမွာ အရပ္သား ၄ ဦးနဲ႔ စစ္သား ၁ ဦး ေသဆုံးၿပီး ပါကစၥတန္စစ္သား ၂ ဦးနဲ႔ အရပ္သား ၅ ဦး ဒဏ္ရာရတယ္လို႔ ဆိုပါတယ္။
ဒါ့ျပင္ ပါကစၥတန္တပ္ရဲ႕ လက္တုံ႔ျပန္ ပစ္ခတ္မႈေၾကာင့္ အိႏၵိယစစ္သား ၉ ဦး ေသဆုံးၿပီး အမ်ားအျပား ဒဏ္ရာရသလို အိႏိၵယဘန္ကာ ၂ ခုကိုလည္း ဖ်က္ဆီးႏိုင္ခဲ့တယ္လို႔ ဗိုလ္ခ်ဳပ္ Ghafoor က ေျပာေပမယ့္ ဒီအေရအတြက္ေတြနဲ႔ ပတ္သက္လို႔ အိႏိၵယဘက္က အျငင္းပြားေနဆဲ ျဖစ္ပါတယ္။
-----------------------------------
(Unicode)
ကက်ရှ်မီးယားမှာ အိန္ဒိယ-ပါကစ္စတန် အပြန်အလှန် ပစ်ခတ်မှု ၉ ဦးမက သေဆုံး
ပါကစ္စတန်နဲ့ အိန္ဒိယနယ်စပ်မှာ နှစ်ဖက်တပ်တွေကြား စနေနေ့ညနှောင်းပိုင်းက အပြန်အလှန် ပစ်ခတ်မှုကြောင့် အနည်းဆုံး အရပ်သား ၆ ဦးနဲ့စစ်သား ၃ ဦး သေဆုံးသွားပါတယ်။
ဒါဟာ အိန္ဒိယအစိုးရက ကက်ရှ်မီးယားဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သြဂုတ်လမှာ ရုပ်သိမ်းခဲ့ပြီး နောက်ပိုင်း အသေအပျောက် အများဆုံးနေ့ ဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးမှုအရေအတွက် ဒီထက်များလာနိုင်တယ်လို့ နှစ်ဖက်စလုံးက ပြောပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထားပြီး အိန္ဒိယဘက်က အကြောင်းမဲ့ ပစ်ခတ်တာဖြစ်တယ်လို့ ပါကစ္စတန်စစ်တပ် ပြောခွင့်ရ ဗိုလ်ချုပ် Asif Ghafoor က သူ့ Twitter မှာ တနင်္ဂနွေနေ့က ရေးပါတယ်။
ပါကစ္စတန်ထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေထဲမှာ အရပ်သား ၄ ဦးနဲ့ စစ်သား ၁ ဦး သေဆုံးပြီး ပါကစ္စတန်စစ်သား ၂ ဦးနဲ့ အရပ်သား ၅ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ပါကစ္စတန်တပ်ရဲ့ လက်တုံ့ပြန် ပစ်ခတ်မှုကြောင့် အိန္ဒိယစစ်သား ၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသလို အိန္ဒိယဘန်ကာ ၂ ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဗိုလ်ချုပ် Ghafoor က ပြောပေမယ့် ဒီအရေအတွက်တွေနဲ့ ပတ်သက်လို့ အိန္ဒိယဘက်က အငြင်းပွားနေဆဲ ဖြစ်ပါတယ်။