သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kashmir အပေါ် အိန္ဒိယလုပ်ရပ် ပါကစ္စတန်ဝေဖန်


ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan
ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan

နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့ ကက်ရှ်မီးယားဒေသနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရရဲ့ မကြာခင်က လုပ်ရပ်ဟာ အိန္ဒိယနိုင်ငံနဲ့ ကမ္ဘာတလွှား မှာ မွတ်စလင်အစွန်းရောက် တွေ ပေါ်ပေါက်လာစေနိုင်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က သတိပေးလိုက်ပါတယ်။

လူသားတွေကို ဘေးဖယ် ပထုတ်မယ်၊ ချောင်ပိတ်ထားလိုက်မယ်ဆိုရင် သူတို့ဟာ အစွန်းရောက်တွေ ဖြစ်လာနိုင်တယ်လို့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရဲ့ မြို့တော် Muzaffarabad က ထောင်နဲ့ချီတက်ရောက်လာတဲ့ သောကြာနေ့ လူထုစုဝေးပွဲမှာ ဝန်ကြီးချုပ် Kham ကပြောပါတယ်။

တချို့မွတ်စလင်အစိုးရတွေကလည်း အိန္ဒိယနဲ့ ကုန်သွယ်ဆက်ဆံရေးပျက်မှာ စိုးတဲ့အတွက် အိန္ဒိယရဲ့ ကက်ရှ်မီးယားမှာ လုပ်ဆောင် နေမှုတွေကို ထောက်ခံသူတွေ ရှိနေသလို ဘာမှဝင်မပြောပဲ နှုတ်ဆိတ်နေသူတွေလည်း ရှိတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က မွတ်စလင် သန်းပေါင်းတထောင်ကျော်က စောင့်ကြည့်နေတာ ဖြစ်ပြီး အဲဒီထဲက တချို့ကို အစွန်းရောက်တွေ ဖြစ်လာဖို့ တွန်းပို့နေသလို တချို့က လက်စားခြေချင်စိတ်တွေ ဖြစ်လာစေနိုင်တယ်လို့လည်း သတိပေးပါတယ်။ကက်ရှ်မီးယား ဒေသဟာ အိန္ဒိယရဲ့ တခုတည်းသော မူစလင်အများစုနေထိုင်တဲ့ ဒေသ ဖြစ်ပါတယ်။

အိန္ဒိယက ကက်ရှ်မီးယားဆိုင်ရာ ချမှတ်ထားတဲ့ ဥပဒေတွေကို သြဂုတ်လထဲမှာ ပြောင်းလဲခဲ့ပြီး ကက်ရှ်မီးယားဒေသအတွက် ပေးထားတဲ့ အထူးအခွင့်အရေးကို အဆုံးသတ်စေခဲ့သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေမှုကိုလည်း လျှော့ချခဲ့တာပါ။ ဒါကို အိန္ဒိယဆိုင်ရာ UAE အာရပ်စော်ဘွားများနိုင်ငံ သံအမတ်ကြီးက ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆို ခဲ့ပါတယ်။

ကက်ရှ်မီးယားဒေသကို ပါကစ္စတန်ကရော အိန္ဒိယကပါ သူတို့ ပိုင်ဆိုင်ကြောင်း ၁၉၄၇ ဗြိတိန်လက်အောက်က လွတ်လပ်ရေး ရပြီးချိန် ကတည်းက ကြေညာခဲ့ကြတာပါ။

..................

[Unicode Version]






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG