သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kashmir တင်းမာမှု နဲ့ အိန္ဒိယ


အိန္ဒိယစစ်တပ်
အိန္ဒိယစစ်တပ်

အိန္ဒိယဖက်ခြမ်း ကက်ရှ်မီးယားနယ်မှာ မကြုံစဖူး ပိတ်ဖို့တားဆီးမှုတွေ ရှိနေစဉ်မှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဒီဒေသရဲ့ အထူးအခွင့်အရေးကို ဖျက်သိမ်းပြီး အိန္ဒိယအစိုးရ ထိန်းချုပ်မှုအောက်ကို ထည့်သွင်းလိုက်တဲ့အတွက် ခေတ်သစ်တခု စတင်လာစေမယ်လို့ ကတိပေးပြောကြား လိုက်ပါတယ်။

ကြာသပတေးနေ့တုန်းက ရုပ်သံနဲ့ ရေဒီယိုပေါ်က ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဝန်ကြီးချုပ်မိုဒီက ကက်ရှ်မီးယားမှာ ဖွဲ့စည်းပုံအရခွင့်ပြုထားတဲ့ ကိုယ်ပိုင်ဥပဒေ ပြဌာန်းခွင့် ရုပ်သိမ်းလိုက်တဲ့ကိစ္စကို ကာကွယ် ပြောကြားသွားပါတယ်။ အဲဒီဥပဒေဟာ တိုးတက်မှုကို နှောင့်နှေးစေပြီး အကြမ်းဖက်ဝါဒကို ပေါ်ပေါက်စေတယ်။ ပြိုင်ဖက် ပါကစ္စတန်နိုင်ငံ အနေနဲ့ လူတွေကိုမြှောက်ပေးပြီး လက်နက်သဖွယ် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

အခုအခါ အိန္ဒိယဟာ အဲဒီဒေသကို အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်သမားတွေ ပပျောက်တဲ့ဒေသဖြစ်အောင် လုပ်တော့မယ်လို့ ပြောကြားသွား ပါတယ်။ နှစ်နိုင်ငံ သူပိုင်ငါပိုင် အငြင်းပွားနေတဲ့ ဒီဟိမဝန္တာနယ်မြေမှာ ခွဲထွက်ရေးသူပုန်တွေကို အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ ဆယ်စုနှစ် သုံးခုကျော် ဖန်တီးထားတဲ့အတွက်ဆိုပြီး ပါကစ္စတန်ကိုလည်း အပြစ်တင် ပြောကြားသွားပါတယ်။

အခုအခါ ကက်ရှ်မီးယားမှာ အဆက်အသွယ်တွေ ဖြတ်တောက်ထားတာ ၄ ရက်မြောက်ရှိခဲ့ပါပြီ။ မူဆလင် လူများစုနေထိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဒီဒေသက လူတွေဟာ ဟိန္ဒူအမျိုးသားရေးခေါင်းဆောင် မိုဒီရဲ့ ကတိစကားကို ဘယ်လိုတုံ့ပြန်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကက်ရှ်မီးယားမြို့တော် Sri Nagar လမ်းမတွေပေါ်မှာ ဝတ်စုံပြည့် လုံထိန်းရဲတွေ ရှိနေပြီး၊ လမ်းဆုံလမ်းဂွတွေမှာ သံဆူးကြိုးအကာအရံတွေနဲ့ လုံခြုံရေးစစ်ဆေးမှုတွေလည်း ပြုလုပ်နေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်ထိုနီယို-ဂူတားရပ်စ်ကတော့ နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

Kashmir တင်းမာမှု နဲ့ အိန္ဒိယ
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG