သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ သံအမတ်ကြီးကို ပါကစ္စတန် ပြည်နှင်ဒဏ်ပေး


အိန္ဒိယ နိုင်ငံ ကက်ရှမီးယား ဒေသက ရွှေ့ပြောင်းလုပ်သားတွေ ဒေသတွင်းကနေ ထွက်ခွာ။
အိန္ဒိယ နိုင်ငံ ကက်ရှမီးယား ဒေသက ရွှေ့ပြောင်းလုပ်သားတွေ ဒေသတွင်းကနေ ထွက်ခွာ။

ပါကစ္စတန် နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးကို ပါကစ္စတန် အစိုးရက မောင်းထုတ်လိုက်ပါတယ်။ အငြင်းပွား ကက်ရှမီးယား ဒေသနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်း ပျက်ပြားလာနေချိန် သံတမန် ဆက်ဆံရေး၊ ကုန်သွယ်မှု ဆက်ဆံရေးတွေကို အဆင့် လျှော့ချခဲ့ပြီး နာရီပိုင်းအတွင်းမှာဘဲ အိန္ဒိယ သံအမတ်ကြီးကို ပါကစ္စတန်က အခုလို မောင်းထုတ်လိုက်တာပါ။

အိန္ဒိယ နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ် အဖြစ် ရွေးချယ်ထားသူကိုလည်း စေလွှတ်တော့မှာ မဟုတ်ဘူးလို့ အိန္ဒိယ အစိုးရကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးရုံးက ကြေညာပါတယ်။

အစောပိုင်း ကြေညာချက်မှာတော့ အိန္ဒိယ အစိုးရရဲ့ တဖက်သတ်နဲ့ တရားမဝင် လုပ်ရပ်တွေကြောင့် အိန္ဒိယနဲ့ သံတမန်ရေး ကုန်သွယ်ရေး အဆင့်လျှော့ဖိ့ု ပါကစ္စတန် နိုင်ငံ အရပ်ဘက် စစ်ဘက် ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်တွေ ပါဝင်တဲ့ အမျိုးသား လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနဲ့ ထားရှိတဲ့ ၂ နိုင်ငံ အစီအစဉ်တွေကို ပြန်လည် သုံးသပ်ပြီး ကက်ရှမီးယား ကိစ္စကို လုံခြုံရေး ကောင်စီ အပါအဝင် ကုလသမဂ္ဂ အထိ တင်ပြမှာ ဖြစ်တယ်လို့လည်း ပါကစ္စတန်က ဆိုပါတယ်။

ဂျမူးနဲ့ ကက်ရှမီးယား နယ်တို့ကို ၁၉၄၉ ဖွဲ့စည်းပုံ အရ ခွင့်ပြုထားတဲ့ နိုင်ငံရေး စစ်ရေး ဆက်သွယ်ရေးမှ အပ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယ ဟိန္ဒူ အမျိုးသားရေး ဝါဒီ အစိုးရက ကြာသပတေးနေ့က ပယ်ဖျက်လိုက်တာပါ။ အမေရိကန် နိုင်ငံခြားရေး ပြောခွင့်ရကတော့ ကက်ရှမီးယား ပြသနာကို အနီးကပ် စောင့်ကြည့်နေတယ်လို့ တနလာၤနေ့မှာ ပြောကြားထားပါတယ်။

အိန္ဒိယ သံအမတ်ကြီးကို ပါကစ္စတန် ပြည်နှင်ဒဏ်ပေး
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG