သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကက်ရှ်မီးယား တိုက်ခိုက်မှုအတွက် မသင်္ကာသူ ၄၀ ကျော် ပါကစ္စတန်ဖမ်းဆီး


လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ
လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ

ပါကစ္စတန်အာဏာပိုင်တွေက လူအများအပြားကို ဖမ်းဆီးလိုက်တဲ့ထဲ အိန္ဒိယပိုင် ကက်ရှ်မီးယားနယ်မှာ ပြီးခဲ့တဲ့လက အသေခံ ဗုံး ဖောက်ခွဲမှုရဲ့လက်သည်အဖြစ် အိန္ဒိယကစွပ်စွဲထားတဲ့ စစ်သွေးကြွအဖွဲ့ခေါင်းဆောင်ရဲ့ မိသားစုဝင်နှစ်ဦးလည်း ပါဝင်ပါတယ်။

“ကြိုတင်ကာကွယ်တဲ့ ထိန်းသိမ်းမှု” အဖြစ် ဖမ်းဆီးလိုက်သူ ၄၄ ယောက်ထဲမှာ Jais-e-Mohammed စစ်သွေးကြွအဖွဲ့ရဲ့ ခေါင်းဆောင် Masood Azhar နဲ့ ညီအကိုတော်စပ်သူ Mufti Abdur Rauf လည်းပါတယ်လို့ ပါကစ္စတန် ပြည်ထဲရေးဌာနက အင်္ဂါ နေ့မှာပြောပါတယ်။ Azhar ရဲ့ နောက်ထပ် အနီးကပ် ဆွေမျိုးတဦးဖြစ်သူ Hammad Azhar ကိုလည်း ဖမ်းဆီးထားပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကဖြစ်တဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် အိန္ဒိယ ပြည်သူ့စစ်အဖွဲ့ယင် အယောက် ၄၀ ထက်မနည်း သေဆုံးပြီး နှစ်နိုင်ငံကြား စစ်ပွဲကြီးဖြစ်လုနီး အခြေအနေထိ ရောက်ခဲ့ပါတယ်။

ဗုံးခွဲတိုက်ခိုက်တဲ့ဖြစ်ရပ်အပြီး နှစ်နိုင်ငံ တင်းမာတဲ့အခြေအနေအတွင်း တဘက်က တိုက်လေယာဉ်တွေကို နောက်တဘက်က ပစ်ချတယ်လို့ ဆိုကြပါတယ်။ ဗုံးခွဲတိုက်ခိုက်ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံနယ်စပ်မျာ ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ခဲ့သလို ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးတွေလည်း အကျပ်အတည်း ဆိုက်ကုန်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာတော့ တင်းမာမှု ပြေလျော့လာပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ က ကက်ရှ်မီးယားဒေသမှာ သီးခြားခွဲထွက်ရေးဝါဒီတွေရဲ့ လက်နက်ကိုင် ပုန်ကန်မှုနောက်ပိုင်းကတည်းကဆိုရင် ဖေဖော်ဝါရီလက ဗုံးခွဲတိုက်ခိုက်မှုဟာ အိန္ဒိယပိုင် ကက်ရှ်မီးယားဘက်ခြမ်းမှာ လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG