သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ကက်ရှ်မီးယား အသေခံဗုံးခွဲမှု ပြည်သူ့စစ် ၄၀ သေဆုံး


ကြာသပတေးနေ့က အိန္ဒိယဘက်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယား ဒေသမှာ ဗုံးခွဲသမားတဦးက ဖေါက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ ယာဉ်တစီးနဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့စစ် အနဲဆုံး အယောက် ၄၀ သေဆုံးခဲ့ရပါတယ်။

ကက်ရှ်မီးယားရဲ့ နွေဦးမြို့တော် Srinagar နားက အဝေးပြေးလမ်းမကြီးပေါ်မှာ အစင်းရေ ၇၀ ပါဝင်တဲ့ မော်တော်ယဉ်တန်း ဖြတ်သန်းလာစဉ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ ကက်ရှ်မီးယားက လုံခြုံရေးတာဝန်ရှိသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယက ပါကစ္စတန်ဟာ ကက်ရှမီးယား ဒေသတွင်း အကြမ်းဖက်မှု လုပ်နေတဲ့ စစ်သွေးကြွတွေကို ပံ့ပိုးပေးသလို ခိုနားခွင့်လည်း ပေးထားတယ်လို့ စွပ်စွဲနေတာ ဖြစ်ပြီး အခုလို တိုက်ခိုက်မှုကြောင့် အိန္ဒိယနဲ့ ပြိုင်ဘက် ပါကစ္စတန်တို့ကြား တင်းမာမှုတွေ တိုးလာနိုင်ပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွါးပြီး နာရီပိုင်း အတွင်းမှာပဲ ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန် အခြေစိုက်Islamist Jaish-e-Mohammad အဖွဲ့ရဲံ တိုက်ခိုက်မှု ဖြစ်ကြောင်း အိန္ဒိယက အပြစ်တင်ခဲ့ပါတယ်။

Islamist Jaish-e-Mohammad ကလည်း ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာ ဖြစ်ကြောင်း ဒေသသတင်းဌာနကို ကြေညာချက် ပေးပို့ခဲ့ပါတယ်။ ဒီဗုံးခွဲတိုက်ခိုက်မှုကို သူတို့ လူသစ်စုဆောင်းထားတဲ့ ဒေသတွင်းက တိုက်ခိုက်ရေးသမားက လုပ်ဆောင်တာဖြစ်ကြောင်း ပြောပါတယ်။

ပြည်သူ့စစ် ရာနဲ့ ချီ လိုက်ပါလာတဲ့ ယာဉ်တန်း အတိုက်ခံရတဲ့ အတွက် စစ်သား ၄၄ ဦး လိုက်ပါလာတဲ့ ယာဉ်တစင်းဗုံးထိပေါက်ကွဲခဲ့တာ ဖြစ်ပေမယ့် အရှိန်က သိပ်ပြင်းတာကြောင့် တခြားယာဉ်တွေအပေါ်ပါ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG