သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ နောက်တကြိမ်တိုက်ခိုက်လာနိုင်ဟု ပါကစ္စတန် တပ်လှန့်


 အိန္ဒိယ စစ်လေကြောင်းသုံး F-16 fighter
အိန္ဒိယ စစ်လေကြောင်းသုံး F-16 fighter

အိန္ဒိယဘက်က စစ်ရေးတိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့ အပေါ်နိုင်ငံတကာက သံတမန်ရေးအရ ကြားဝင် အကူညီပေးကြဖို့ ပါကစ္စတန်နိုင်ငံက ပြောလိုက်ပါတယ်။ နိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုပျက်ပျားစေမယ့် အိန္ဒိယရဲ့ ဒီလုပ်ရပ်အပေါ် နိုင်ငံတကာက အရေးပေါ် တားဆီးပေးကြဖို့ ပါကစ္စတန်က တောင်းဆိုတာပါ။

ဧပြီ လ ၁၆ ရက် က နေ၂၀ အတွင်း အိန္ဒိယက ပါကစ္စတန်ကို စစ်ရေးအရ ထပ်မံတိုက်ခိုက်ဖို့ ပြင်ဆင်နေတာကို ခိုင်လုံတဲ့ သတင်းရရှိထားတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး Shah Mehmood Qureshi က သတင်းထောက်တွေကို ပြောပါတယ်။

ဒီသတင်းကို Islamabad မှာရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံက သံတမန်တွေကို အသိပေးလိုတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး Qureshi က Multan မြို့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။ အခုလို လက်လွတ်စပယ် လုပ်ရပ်မျိုးတွေကို နိုင်ငံတကာ အသိုက်အဝန်းက သတိပြု တားဆီးပေးစေချင်တဲ့အပြင် အိန္ဒိယကိုလည်း ဒီနည်းလမ်းကို မရွေးချယ်ဖို့ သတိပေးလိုကြောင်း ဝန်ကြီး Qureshi ကပြောပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ အငြင်းပွားနေတဲ့ Kashmir ဒေသ တွင်း အကြမ်းဖက်မှုတွေ ကြံစည်နေတယ်လို့ စွပ်စွဲပြီး ဖေဖော်ဝါရီ ၂၆ ရက်က အိန္ဒိယ ဂျက်တိုက်လေယာဉ်တွေ ပါကစ္စတန် ပိုင်နက်ထဲဝင်ပြီး စစ်သွေးကြွ စခန်းတွေလို့ ယူဆတဲ့နေရာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် နှစ်နိုင်ငံကြားတင်းမာမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယ နောက်တကြိမ်တိုက်ခိုက်လာနိုင်ဟု ပါကစ္စတန် တပ်လှန့်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG