သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kashmir တားမြစ်ပိတ်ပင်မှု အစ်ပွဲတော်အတွက် ရုပ်သိမ်း


Kashmir ဒေသမှာ အိန္ဒိယလက်နက်ကိုင်စစ်သားတယောက်ကို တွေ့ရစဉ် (ဓာတ်ပုံ-AP)
Kashmir ဒေသမှာ အိန္ဒိယလက်နက်ကိုင်စစ်သားတယောက်ကို တွေ့ရစဉ် (ဓာတ်ပုံ-AP)

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသမှာ တင်းမာမှုတွေဖြစ်ပွားခဲ့ပြီး ၆-ရက်မြောက်နေ့မှာပဲ ခရီးသွားလာခွင့် တားမြစ်ချက်ကို အာဏာပိုင်တွေက ပထမဆုံးအကြိမ်အဖြစ် ပြန်ရုပ်သိမ်းပေးလိုက်တဲ့အတွက် မူဆလင် အစ်ပွဲတော်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ဝယ်ယူဖို့ ကက်ရှ်မီးယားရဲ့မြို့တော် Srinagar မှာ လူတွေနဲ့စည်းကားနေပါတယ်။

ဒီလိုသွားလာခွင့် ပြုလိုက်ပေမဲ့ အထူးသဖြင့် အိန္ဒိယထိန်းချုပ်ထားတဲ့ Jammu နဲ့ Kashmir ပြည်နယ် ဒေသအများစုမှာ လက်ကိုင်ဖိုင်း လိုင်းဖုန်းနဲ့ အင်တာနက် စတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကိုတော့ ထိန်းချုပ် ထားဆဲဖြစ်ပါတယ်။ အစ်ပွဲတော် အစီစဉ်တွေနဲ့ပတ်သက်လို့ ဆွေးမျိုးတွေကြား ဆက်သွယ်ရာမှာ လူတွေ အတော်လေး အခက်ကြုံနေရပါတယ်။

ကက်ရှ်မီးယားဒေသရဲ့ အထူးအခွင့်အရေးကို အိန္ဒိယက ရုပ်သိမ်းခဲ့ပြီးနောက် လမ်းမတွေပေါ် ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဗုံးနဲ့ ရာဘာ ကျည်ဆံတွေသုံးခဲ့တာကြောင့် ရှုပ်ပွနေတဲ့ Srinagar မြို့လမ်းမတွေကို အိမ်ပိုင်ရှင်တွေနဲ့ မြို့တော်လုပ်သားတွေက သန့်ရှင်းရေးလုပ်ကြပါတယ်။

အစိုးရဆန့်ကျင်မှုတွေပေါ်ပေါက်နေတဲ့ ကက်ရှ်မီးယားဒေသမှာ ဆက်သွယ်ရေးဖြတ်တောက်မှုအပြင် နိုင်ငံရေးလှုပ်ရှားသူ (၅၀၀)ကျော်ကို ဖမ်းဆီးထားပြီး လှုပ်ရှားမှုတွေ မလုပ်နိုင်အောင် စစ်တပ်၊ ရဲအင်အားအပြည့်နဲ့ လမ်းတွေကို ပိတ်ဆို့ရင်း အိန္ဒိယအာဏာပိုင်တွေက ကာဖျူးအမိန့် မထုတ်ရုံတမယ် တင်းကြပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG