သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kashmir အရေး လုံခြုံရေးကောင်စီ ဆွေးနွေး


Kashmiri မွတ်ဆလင်တွေ လွတ်လပ်ရေးတောင်းဆိုကြွေးကြော်နေစဉ်း (သြဂုတ် ၁၇၊ ၂၀၁၉ )
Kashmiri မွတ်ဆလင်တွေ လွတ်လပ်ရေးတောင်းဆိုကြွေးကြော်နေစဉ်း (သြဂုတ် ၁၇၊ ၂၀၁၉ )

ဂျမူးနဲ့ ကက်ရှ်မီးယား အရေး အိန္ဒိယနိုင်ငံရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ မနေ့ သောကြာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံအကြား အငြင်းပွားနေတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်တွေအတွက် သတ်မှတ်ထားတဲ့ အထူး အဆင့်အတန်း အခွင့်အရေးကို ရုပ်သိမ်းကြောင်း သြဂုတ်လ (၅)ရက်နေ့က အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီမှာ သီးသန့်ဆွေးနွေးပွဲလုပ်ဖို့ အမြဲတမ်းအဖွဲ့ဝင် တရုတ်နိုင်ငံက ပါကစ္စတန်ကိုယ်စား မေတ္တာရပ်ခဲ့တာပါ။ ပါကစ္စတန်အစိုးရကိုယ်တိုင်လည်း သူတို့ရဲ့ စိုးရိမ်မှုတွေဟာ သြဂုတ်လအစောပိုင်းကတည်းကရှိခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ အသေးစိတ်ရေးသားထားတဲ့ စာသုံးစောင်ကို လုံခြုံရေးကောင်စီဥက္ကဌကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီမှာ အခုလို ကက်ရှ်မီးယားအရေး သီးသန့်ဆွေးနွေးပွဲကို ၁၉၇၁ခုနှစ်မှာ ပြုလုပ်ပြီး နောက် ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ကက်ရှ်မီးယားပြည်နယ်ဆိုင်ရာဖွဲ့စည်းပုံကို အိန္ဒိယက ပြင်ဆင်လိုက်တာဟာ ဒေသတွင်း တင်းမာမှုကို ဖြစ်စေတယ်ဆိုတာ ထင်ရှားကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ် သံအမတ်ကြီး Zhang Jun က ပြောပါတယ်။ ကက်ရှ်မီးယားဒေသကို အိန္ဒိယ၊ ပါကစ္စတန်နဲ့ တရုတ်နိုင်ငံတွေအကြား ခွဲေ၀ ပိုင်းခြား အုပ်ချုပ်နေတာကြောင့် သူပိုင်ငါပိုင် တောင်းဆိုမှုတွေ ရောထွေးနေပါတယ်။ အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်က အရှေ့ဘက်နယ်မြေမှာ တရုတ်နိုင်ငံက Aksai Chin ဆိုတဲ့ ဒေသကို ထိန်းချုပ်ထားပါတယ်။

Kashmir အရေး လုံခြုံရေးကောင်စီ ဆွေးနွေး
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG