သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ-ဖိလစ္ပိုင္ စစ္ေရးဆက္ဆံမႈ ပိုခိုင္မာ


( Zawgyi/Unicode )

အာရွေဒသမွာ အေနာက္ကမာၻရဲ႕ အေရးပါတဲ့ မဟာမိတ္ႏိုင္ငံတခု ျဖစ္လာေနတဲ့ အိႏၵိယႏိုင္ငံနဲ႔ ကာကြယ္ေရးဆိုင္ရာ ဆက္ဆံေရး အားေကာင္းခိုင္မာေအာင္ လုပ္ဖို႔ ဖိလစ္ပိုင္ႏိုင္ငံက သေဘာတူလိုက္ပါၿပီ။ တ႐ုတ္ႏိုင္ငံနဲ႔ ယိုင္နဲ႔ေနတဲ့ ဆက္ဆံေရး ႐ုတ္တရက္ ၿပိဳကြဲသြားမယ္ဆိုရင္ ႏိုင္ငံျခား ေထာက္ခံမႈ ရရွိႏိုင္ေရး ႀကိဳးပမ္းမႈ တစိတ္တပိုင္းအျဖစ္ အခုလို လုပ္လာတာပါ။

ကာကြယ္ေရးနဲ႔ လုံၿခဳံေရးပိုင္းမွာ ပိုၿပီးအနီးကပ္ လက္တြဲ လုပ္ေဆာင္သြားဖို႔ အိႏၵိယနဲ႔ ဖိလစ္ပိုင္သမၼတေတြ ၿပီးခဲ့တဲ့သီတင္းပတ္က ဆုံးျဖတ္ခဲ့ၾကတာပါ။ အာရွ-ပစိဖိတ္ေဒသမွာ အလ်င္အျမန္ ေျပာင္းလဲလာေနတဲ့ ပထဝီႏိုင္ငံေရး အခင္းအက်င္းတခုလို႔ ဖိလစ္ပိုင္ သမၼတ႐ုံးက ကင္ပြန္းတပ္ေခၚဆိုတဲ့ အေျခအေန ရွိေနခ်ိန္မွာပဲ ပူးေပါင္းေဆာင္႐ြက္ေရး ဆုံးျဖတ္ၾကတာျဖစ္ပါတယ္။

ကာကြယ္ေရးပိုင္း အဆင့္ျမႇင့္တင္ေရး ဖိလစ္ပိုင္ႏိုင္ငံရဲ႕ အစီအစဥ္တခုမွာ အိႏၵိယ အခန္းက႑ကို ဖိလစ္ပိုင္သမၼတ Rodrigo Duterte က ႀကိဳဆိုတဲ့အေၾကာင္း အိႏၵိယသမၼတ Ram Nath Kovind ရဲ႕ ဖိလစ္ပိုင္ ခရီးစဥ္အၿပီး ဖိလစ္ပိုင္ သမၼတ႐ုံးရဲ႕ စေနေန႔ ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားပါတယ္။

၂၀၁၆ ခုႏွစ္မွာ အာဏာရလာၿပီးတဲ့ေနာက္ သမၼတ Duterte ဟာ တ႐ုတ္နဲ႔ ဆက္ဆံေရးေကာင္းေအာင္ လုပ္ေဆာင္လာေပမယ့္ အခုေတာ့ တျခားႏိုင္ငံေတြနဲ႔ ဆက္ဆံေရးေကာင္းဖို႔လည္း လုပ္လာတာပါ။ ေတာင္တ႐ုတ္ပင္လယ္တြင္း ေရျပင္နယ္နိမိတ္ ပိုင္ဆိုင္မႈနဲ႔ ပတ္သက္လို႔ အျငင္းပြားေနတာမွာ တ႐ုတ္က ဖိအားပိုေပးလာမွာကို စိုးရိမ္တာေၾကာင့္ျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံ ဟာလည္း တ႐ုတ္နဲ႔ အဆင္မေျပမႈေတြ ရွိေနၿပီး တ႐ုတ္ရဲ႕ ေရျပင္နယ္နိမိတ္ ပိုင္ဆိုင္မႈ ခ်ဲ႕ထြင္လာတာကို တန္ျပန္တဲ့ အေနနဲ႔ အေမရိကန္အပါအဝင္ တျခားႏိုင္ငံေတြနဲ႔ လက္တြဲလုပ္ေဆာင္လာေနတာ ျဖစ္ပါတယ္။

(Unicode)

အိန္ဒိယ-ဖိလစ်ပိုင် စစ်ရေးဆက်ဆံမှု ပိုခိုင်မာ

အာရှဒေသမှာ အနောက်ကမ္ဘာရဲ့ အရေးပါတဲ့ မဟာမိတ်နိုင်ငံတခု ဖြစ်လာနေတဲ့ အိန္ဒိယနိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး အားကောင်းခိုင်မာအောင် လုပ်ဖို့ ဖိလစ်ပိုင်နိုင်ငံက သဘောတူလိုက်ပါပြီ။ တရုတ်နိုင်ငံနဲ့ ယိုင်နဲ့နေတဲ့ ဆက်ဆံရေး ရုတ်တရက် ပြိုကွဲသွားမယ်ဆိုရင် နိုင်ငံခြား ထောက်ခံမှု ရရှိနိုင်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် အခုလို လုပ်လာတာပါ။

ကာကွယ်ရေးနဲ့ လုံခြုံရေးပိုင်းမှာ ပိုပြီးအနီးကပ် လက်တွဲ လုပ်ဆောင်သွားဖို့ အိန္ဒိယနဲ့ ဖိလစ်ပိုင်သမ္မတတွေ ပြီးခဲ့တဲ့သီတင်းပတ်က ဆုံးဖြတ်ခဲ့ကြတာပါ။ အာရှ-ပစိဖိတ်ဒေသမှာ အလျင်အမြန် ပြောင်းလဲလာနေတဲ့ ပထဝီနိုင်ငံရေး အခင်းအကျင်းတခုလို့ ဖိလစ်ပိုင် သမ္မတရုံးက ကင်ပွန်းတပ်ခေါ်ဆိုတဲ့ အခြေအနေ ရှိနေချိန်မှာပဲ ပူးပေါင်းဆောင်ရွက်ရေး ဆုံးဖြတ်ကြတာဖြစ်ပါတယ်။

ကာကွယ်ရေးပိုင်း အဆင့်မြှင့်တင်ရေး ဖိလစ်ပိုင်နိုင်ငံရဲ့ အစီအစဉ်တခုမှာ အိန္ဒိယ အခန်းကဏ္ဍကို ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ကြိုဆိုတဲ့အကြောင်း အိန္ဒိယသမ္မတ Ram Nath Kovind ရဲ့ ဖိလစ်ပိုင်ခရီးစဉ်အပြီး ဖိလစ်ပိုင်သမ္မတရုံးရဲ့ စနေနေ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်မှာ အာဏာရလာပြီးတဲ့နောက် သမ္မတ Duterte ဟာ တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ဆောင်လာပေမယ့် အခုတော့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းဖို့လည်း လုပ်လာတာပါ။ တောင်တရုတ်ပင်လယ်တွင်း ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အငြင်းပွားနေတာမှာ တရုတ်က ဖိအားပိုပေးလာမှာကို စိုးရိမ်တာကြောင့်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ဟာလည်း တရုတ်နဲ့ အဆင်မပြေမှုတွေ ရှိနေပြီး တရုတ်ရဲ့ ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှု ချဲ့ထွင်လာတာကို တန်ပြန်တဲ့ အနေနဲ့ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

အိႏၵိယ-ဖိလစ္ပိုင္ စစ္ေရးဆက္ဆံမႈ ပိုခိုင္မာ
please wait

No media source currently available

0:00 0:01:07 0:00
တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG