သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်နဲ့ ပြန်လည်သင့်မြန်ရေး ကန်အချက်ပြ


ကန်သမ္မတ Trump နှင့် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte
ကန်သမ္မတ Trump နှင့် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရဲ့ တရားမဝင်မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အမေရိကန်က တိတ်တဆိတ် လက်ခံနေတာဟာ မဟာမိတ်ဟောင်း ဖြစ်တဲ့ ၂ နိုင်ငံကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေတာတွေကို မေ့ပစ်နိုင်ဖွယ်ရှိနေတယ်လို့ မျှော်လင့်ရသလို တရုတ် ကစောင့်ကြည့် နေတဲ့ကြားက ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်လာနိုင်ချေ ရှိနေပါတယ်။

ဖိလစ်ပိုင်အစိုးရက မူးယစ်ဆေးဝါး နှိမ်နင်းရေးကို တရားဝင်နည်းလမ်းနဲ့ လုပ်ဆောင်နေသမျှကာလပတ်လုံး အမေရိကန်အစိုးရက ထောက်ခံနေမှာ ဖြစ်ကြောင်း အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး James Walsh က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

တက်ကြွလှုပ်ရှားသူတွေကတော့ Duterte အစိုးရဟာ သူတက်လာတဲ့ ၂၀၁၆ ဇွန်လကစပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ ရုံးတင်စစ်ဆေးတာတွေ မလုပ်သလို ရဲတွေကြောင့် သေဆုံးရသူပေါင်းက ၇ ထောင်လောက် ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။

ဖိလစ်ပိုင်သမ္မတရုံး ဝက်ဘ်ဆိုက်မှာတော့ မစ္စတာ Walsh ရဲ့ မှတ်ချက်က ဖိလစ်ပိုင်အစိုးရအဖွဲ့ရဲ့ တရားမဝင်မူးယစ်ဆေးဝါး နှိမ်နင်းရေး နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ သဘောမျိုး တိုးလာတာတွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။ အမေရိကန် သမ္မတ Donald Trump နိုဝင်ဘာလထဲ ဖိလစ်ပိုင်ကို လာရောက်ခဲ့ချိန်က ဖိလစ်ပိုင်သမ္မတကို ဝေဖန်မှုတွေ မလုပ်ခဲ့ပဲ ရှောင်ရှားခဲ့တာအပြင် အခုမစ္စတာ Walsh ရဲ့ ပြောကြားချက်ကြောင့် အရင်သမ္မတ Barack Obama လက်ထက် အဆင်မပြေခဲ့တဲ့ ဆက်ဆံရေး အခုတော့ အတိုးတက်လာတာကို ပြနေပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်က မင်ဒါနာအိုကျွန်းတောင်ပိုင်းက အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေးအတွက် ပြီးခဲ့တဲ့ လထဲမှာပဲ “ပစိဖိတ် စွန်ရဲ- ဖိလစ်ပိုင် စစ်ဆင်ရေး” လုပ်မှာ ဖြစ်ကြောင်း အမေရိကန်က ကြေညာခဲ့တာပါ။

ဒါဟာ ဒေသတွင်းတရုတ်အင်အားကြီးထွားလာမှုကို ထိန်းချုပ်နိုင်အောင် အမေရိကန်က ဖီလစ်ပိုင်နဲ့စစ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာချင်တဲ့ သဘော အချက်ပြလိုက်တာဖြစ်တယ်လို့လဲ သုံးသပ်သူတွေကဆိုနေကြပါတယ်။

ဖိလစ်ပိုင်နဲ့ ပြန်လည်သင့်မြန်ရေး ကန်အချက်ပြ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG