သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ ASEAN ခေါင်းဆောင်တွေကို ဖိတ်ကြား


အမျိုးသားလုံခြုံရေးအကြံပေး Robert O’Brien (နိုဝင်ဘာ၊ ၀၄၊ ၂၀၁၉)
အမျိုးသားလုံခြုံရေးအကြံပေး Robert O’Brien (နိုဝင်ဘာ၊ ၀၄၊ ၂၀၁၉)

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုမှာ ရှေ့နှစ်ဆန်းကျရင် အထူးထိပ်သီးစည်းဝေးပွဲ ကျင်းပြဖို့ အာဆီယံခေါင်းဆောင်တွေကို အမေရိကန်သမ္မတ Donald Trump က ဖိတ်ကြားလိုက်ပါတယ်။

ဒီနှစ်အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေကို မတက်တဲ့သမ္မတ Trump က သူစေလွှတ်လိုက်တဲ့ ကိုယ်စားလှယ် အမျိုးသားလုံခြုံရေးအကြံပေး Robert O’Brien က တဆင့် အာဆီယံခေါင်းဆောင်တွေကို ဖိတ်ကြားလိုက်တာပါ။

ဒီကနေ့ကျင်းပတဲ့ အာဆီယံ အမေရိကန်စည်းဝေးပွဲမှာ သမ္မတရဲ့ ဖိတ်ကြားစာကို Robert O’Brien ဖိတ်ကြားခဲ့ပါတယ်။

ပုံမှန်အားဖြင့် အာဆီယံ အမေရိကန်ထိပ်သီးစည်းဝေးပွဲကို နိုင်ငံ့ခေါင်းဆောင်တွေ တက်ကြလေ့ရှိပေမဲ့ အမေရိကန်သမ္မတ မတက်တဲ့အတွက် အာဆီယံဘက်ကလည်း အိမ်ရှင်ထိုင်းနိုင်ငံက ဝန်ကြီးချုပ် Prayuth Chan-cha နဲ့ Vietnam နဲ့ Laos နိုင်ငံတို့က ဝန်ကြီးချုပ်တွေကလွဲလို့ မြန်မာအပါအဝင် ကျန်တဲ့ ၇ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေပဲ အစည်းအဝေး တက်ခဲ့ကြပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Robert O’Brien ကတော့ အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေးကို အလေးထားကြောင်း မိန့်ခွန်းထဲမှာ ကာကွယ်ပြောကြားသွားပါတယ်။ သူနဲ့အတူ အမေရိကန် ကိုယ်စားလှယ်အဖြစ်လာတဲ့ စီးပွားကူးသန်းဝန်ကြီး Wilbur Ross ကလည်း Indo- Pacific ဒေသနဲ့ဆက်ဆံရေးကို သမ္မတ Trump က အပြည့်အဝ အလေးအနက်ထားတယ်လို့ စည်းဝေးပွဲတခုမှာ ပြောကြားခဲ့ပါတယ်။

အာဆီယံဆက်စပ် ထိပ်သီးစည်းဝေးပွဲတွေကို ဒီနှစ်လည်း သမ္မတ Trump မတက်ဘဲ အဆင့်နိမ့်ကိုယ်စားလှယ်တွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။ မနှစ်ကတော့ ဒုသမ္မတ Mike Pence ကို စေလွှတ်ခဲ့ပါတယ်။

ဒီကနေ့ ပြီးဆုံးသွားတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲ ကြေညာချက်မှာတော့ နိုင်ငံပေါင်း ၁၆ နိုင်ငံ ပါဝင်တဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုကြီးဖြစ်တဲ့ RCEP ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ အဆုံးသတ်သွားပြီလို့ ဖော်ပြထားပါတယ်။

ဒီသဘော တူညီချက်တွေကို ရှေ့နှစ် ၂၀၂၀ မှာ လက်မှတ်ထိုးနိုင်မယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အာဆီယံ ၁၀ နိုင်ငံအပြင် Australia၊ New Zealand၊ တရုတ်၊ India၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ပါဝင်တဲ့ RCEP အဖွဲ့ကြီးအတွက် India နိုင်ငံဘက်က လက်မခံနိုင်တဲ့အချက်တွေရှိနေသေးတာကြောင့် အခုတခေါက် လက်မှတ် မထိုးနိုင်တာလို့ ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေမှာဖော်ပြပါတယ်။

အာဆီယံထိပ်သီးစည်းဝေးပွဲ ပိတ်ပွဲမှာ လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံက ရှေ့နှစ် ဥက္ကဋ္ဌ တာဝန်ယူမယ့် Vietnam နိုင်ငံကို တာဝန်လွှဲပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







အာဆီယံဆကျစပျ ထိပျသီးစညျးဝေးပှဲတှကေို ဒီနှဈလညျး သမ်မတ Trump မတကျဘဲ အဆင့ျနိမ့ျကိုယျစားလှယျတှကေို စလှေှတျခဲ့တာဖွဈပါတယျ။ မနှဈကတော့ ဒုသမ်မတ Mike Pence ကို စလှေှတျခဲ့ပါတယျ။




XS
SM
MD
LG