သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီချက် ရွေးကောက်ပွဲပြီးချိန်ထိ စောင့်မယ်လို့ သမ္မတ ထရမ့်ပ်ပြော


 သမ္မတ Donald Trump
သမ္မတ Donald Trump

(Zawgyi/ Unicode)

အမေရိကန်နဲ့ တရုတ်တို့ကြား နှစ်နဲ့ချီဖြစ်ပွါးနေတဲ့ ကုန်သွယ်ရေးနဲ့ အခွန်အခဆိုင်ရာ အငြင်းပွါးမှုတွေအတွက် ညှိနှိုင်းမရဖြစ်နေချိန်မှာပဲ သမ္မတ Donald Trump က တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်အသစ်ရဖို့ အချိန်အကန့်အသတ် မထားကြောင်းနဲ့ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲပြီးချိန်လောက်အထိ စောင့်ဆိုင်းမှာ ဖြစ်တဲ့အကြောင်း အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

ဒါပေမယ့် တရုတ်ဘက်က ဒီကုန်သွယ်ရေး သဘောတူညီချက်အတွက် အခုအချိန်မှာ လုပ်ချင်တယ်ဆိုရင်တော့ မှန်ကန်တဲ့ သဘောတူညီချက် ဟုတ်မဟုတ် ကြည့်မှာ ဖြစ်ကြောင်း လည်း NATO မဟာမိတ်ခေါင်းဆောင်များ ညီလာခံတက်ရောက်ဖို့ လန်ဒန်ကို ရောက်နေတဲ့ သမ္မတ Trump ကပြောပါတယ်။

သမ္မတ Trump က အဲဒီလိုပြောလိုက်ပြီးတဲ့နောက် အမေရိကန်နဲ့ ဥရောပ အစုရှယ်ယာဈေးတွေ ထိုးကျသွားပါတယ်။ တရုတ် ယွမ် ငွေကြေးကတော့ အနိမ့်ဆုံးအနေထားမှာ သီတင်း ၅ ပတ် ကြာ ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွါးရေး အင်အားအကြီးဆုံး အမေရိကန်နဲ့ ဒုတိယအင်အားအကြီးဆုံး တရုတ်တို့ကြား ကုန်သွယ်ရေးစစ်ပွဲက မအေးနိုင်သေးပါဘူး။

ဘရာဇီးလ်နဲ့ အာဂျင်တီးနားနိုင်ငံတွေက သူတို့ရဲ့ ငွေကြေးတန်ဖိုးကို အဆမတန် လျှော့ချလိုက် တာနဲ့ ပတ်သက်ပြီး ဒီ နှစ်နိုင်ငံအတွက် ကုန်သွယ်ခွန်တိုးမြှင့်မယ်လို့ သမ္မတ Trump က တနင်္လာနေ့မှာ ပြောပြီးတဲ့ပနောက် အင်္ဂါနေ့မှာတော့ အခုလို တရုတ်နဲ့ ကုန်သွယ်ရေးဆိုင်ရာ သူ့သဘောထားကို ပြောကြားခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ စီးပွါးရေးတိုးတက်မှုနှုန်းဟာ ၂၇ နှစ်အတွင်း အနိမ့်ဆုံးဖြစ်နေတယ်လို့ တရုတ်က အောက်တိုဘာလမှာ အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် နည်းပညာကုမ္ပဏီတွေကို အထိနာစေတဲ့ ဒစ်ဂျစ်တယ်လ် ဝန်ဆောင်မှု ဆိုင်ရာ ပြဿနာအတွက် ပြင်သစ်နဲ့ အငြင်းပွါးပြီးတဲ့နောက် ပြင်သစ်လုပ် လက်ကိုင်အိတ်တွေနဲ့ ရှန်ပိန်အရက် အပါအဝင် ပြင်သစ်သွင်းကုန်တွေကို အခွန် ၁၀၀% ကောက်မယ်လို့လည်း သမ္မတထရမ့်ပ်က ခြိမ်းခြောက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


....................


( Unicode)








XS
SM
MD
LG