သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားစွဲဆိုရေးကြားနာမှု သမ္မတ Trump ရှေ့နေစေလွှတ်မည် မဟုတ်


သမ္မတ Trump

(Zawgyi/Unicode)

အမေရိကန် အောက်လွှတ်တော် တရားရေး ကော်မတီမှာ ဗုဒ္ဓဟူးနေ့ လုပ်မယ့် သမ္မတကို တရားစွဲဆိုရေး ကြားနာမှုမှာ ရှေ့နေမလွှတ်ဘူးလို့ သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ သမ္မတကို တရားစွဲဆိုရေး လုပ်ရပ် တခုလုံးက မမှန်မကန် လုပ်ရပ်ဖြစ်တာကြောင့် လို့လည်း သမ္မတက ပြောပါတယ်။

တရားရေး ကော်မတီ ဥက္ကဌ ဒီမိုကရက် လွှတ်တော် အမတ် Jerrold Nadler က ကော်မတီက လုပ်မယ့် ပထမဆုံး ကြားနာပွဲကို တက်ရောက်ဖို့ သမ္မတ Trump နဲ့ သူ့ရဲ့ ရှေ့နေတို့ကို ဖိတ်ကြားထားတာ ဖြစ်ပါတယ်။ နိုင်ငံ အပေါ် သူတို့ လုပ်နေတာတွေကို လုံး၀ သဘောမတူဘူးလို့ သမ္မတ Trump က Marine One ရဟတ်ယာဉ်ပေါ်ကို မတက်ခင် အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်မှာ တနလာၤနေ့က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန် နိုင်ငံ လန်ဒန်မှာ မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO ခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲ တက်မယ့် အချိန်နဲ့ တိုက်ဆိုင်ပြီး ဒီမိုကရက်တွေဘက်က လွှတ်တော် ကြားနာပွဲ လုပ်တဲ့ အပေါ်မှာလည်း သမ္မတ Trump က ဝေဖန်ခဲ့ပါတယ်။

အမေရိကန် သမ္မတနဲ့ အပေးအယူ လုပ်တဲ့ အနေအထားမျိုးနဲ့ ဘယ်တုန်းကမှ မဆွေးနွေးခဲ့ဘူး ဆိုတဲ့ ယူကရိန်း သမ္မတ Volodmyr Zelenskiy ရဲ့ လောလောလတ်လတ် ပြောဆိုချက်ကို ရည်ညွှန်းပြီးလည်း သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။ ယူကရိန်း အနေနဲ့ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ အချိန်မှာ ယူကရိန်းရဲ့ ဗျူဟာမြောက် မဟာမိတ် အမေရိကန် အနေနဲ့ စစ်ရေး အထောက်အပံ့ကို ပိတ်ပင်မထားသင့်ဘူးလို့လည်း ယူကရိန်း သမ္မတ Zelenskiy က မဂ္ဂဇင်း ၄ စောင်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဒါက မျှတမှု ဖြစ်ပြီး အပေးအယူ သဘော မဟုတ်ပါဘူးလို့လည်း Zelenskiy က ပြောပါတယ်။

လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အဓိက ပြိုင်ဘက် တဦး ဖြစ်တဲ့ ဒု သမ္မတဟောင်း Joe Biden ကို စုံစမ်းပေးရေး ယူကရိန်းက မကူညီမချင်း Trump ဘက်က အကူအညီတွေ ဆိုင်းငံ့ခဲ့သလားဆိုတာကို လွှတ်တော်က စုံစမ်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


........................


(Unicode)

အမရေိကနျ အောကျလှှတျတောျ တရားရေး ကောျမတီမှာ ဗုဒ်ဓဟူးနေ့ လုပျမယ့ျ သမ်မတကို တရားစှဲဆိုရေး ကွားနာမှုမှာ ရှေ့နမေလှှတျဘူးလို့ သမ်မတ Donald Trump က ပွောဆိုလိုကျပါတယျ။ သမ်မတကို တရားစှဲဆိုရေး လုပျရပျ တခုလုံးက မမှနျမကနျ လုပျရပျဖွဈတာကွောင့ျ လို့လညျး သမ်မတက ပွောပါတယျ။




XS
SM
MD
LG