သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တင္းမာမႈေတြၾကားက NATO ႏွစ္ ၇၀ ျပည့္


ေနတုိးအဖြဲ႔ အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg. (ႏုိဝင္ဘာ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

NATO ေခၚ ေျမာက္အတၱလႏၱိတ္ စစ္စာခ်ဳပ္အဖြဲ႔ တည္ေထာင္တဲ့ ႏွစ္ ၇၀ ျပည့္ အခမ္းအနားကို အဂၤါေန႔က်ရင္ လန္ဒန္ၿမိဳ႕မွာ ၂ ရက္ၾကာ က်င္းပဖို႔ ေနတိုးေခါင္းေဆာင္ေတြ ျပင္ဆင္ေနၾကပါတယ္။ ဒီ ထိပ္သီးအစည္းအေဝးပြဲ က်င္းပတဲ့အခ်ိန္ဟာ ဆီးရီးယားမွာျဖစ္ေနတဲ့ စစ္ပြဲနဲ႔ ႐ုရွားရဲ႕ ၿခိမ္းေျခာက္မႈေတြ ရွိေနတဲ့အခ်ိန္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီအစည္းအေဝးမွာ အဓိကလႊမ္းမိုးမယ့္ ျပႆနာကေတာ့ အဖြဲ႔ဝင္ႏုိင္ငံေတြၾကား ႀကီးထြားလာေနတဲ့ ျပႆနာသာျဖစ္တယ္လို႔ Henry Ridgwell ကဆိုပါတယ္။ အျပည့္အစုံကို မခြာညိဳက တင္ျပေပးထားပါတယ္။

ေနတိုးအဖြဲ႔ဝင္ ႏွစ္ႏုိင္ငံျဖစ္ၾကတဲ့ အေမရိကန္ျပည္ေထာင္စုနဲ႔ တူရကီတို႔ ဆီးရီးယားႏုိင္ငံ ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့လက ထိပ္တိုက္ရင္ဆုိင္ ျဖစ္ခဲ့ၾကတဲ့ကိစၥဟာ ေနတိုးအဖြဲ႔အတြင္းမွာ ႐ိုက္ခတ္ေနပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး Royal United Services Institute က Jonathan Eyal က အခုလို သံုးသပ္ပါတယ္။

“ေျမာက္အတၱလႏၱိတ္ မဟာမိတ္အဖြဲ႔ထဲမွာ တူရကီရဲ႕ အေနအထားဟာ အေတာ္ေလး ခက္ခဲပါတယ္။ တူရကီဟာ အေမရိကန္ျပည္ေထာင္စု အပါအဝင္ က်န္မဟာမိတ္ႏိုင္ငံ အမ်ားစုရဲ႕ သေဘာထားနဲ႔ ဆန္႔က်င္ၿပီးေတာ့ အေရွ႕အလယ္ပိုင္း စစ္ဆင္ေရးေတြမွာ ပါဝင္ဖို႔ ဆံုးျဖတ္ခဲ့တာပါ။ ထို႔အတူပဲ တူရကီဟာ ႐ုရွားဆီက စစ္လက္နက္ပစၥည္းေတြ ဝယ္ယူဖို႔လည္း ဆံုးျဖတ္ခဲ့ပါတယ္။”

ေနတိုးအဖြဲ႔ဝင္ေတြကေတာ့ တူရကီကို သူတို႔မဟာမိတ္အဖြဲ႔ ျပင္ပမွာ ထားတာထက္ အဖြဲ႔တြင္းမွာ ထားတာက ပိုသင့္တယ္လို႔ ယူဆၾကပါတယ္။

တခ်ိန္က အေမရိကန္တပ္ဖြဲ႔ေတြ ၿငိမ္းခ်မ္းေအာင္ ထိန္းသိမ္းထားခဲ့တဲ့ ဆီးရီးယားေျမာက္ပိုင္းမွာ အခုအခါ ႐ုရွားတပ္ဖြဲ႔ေတြက ကင္းလွည့္ေနၾကပါတယ္။ အေမရိကန္တပ္ဖြဲ႔ေတြ အဲဒီေဒသက ဆုတ္ခြာလာတာဟာ ေနတိုးအဖြဲ႔အတြက္ အေမရိကန္ရဲ႕ တာဝန္ယူမႈအေပၚ စိုးရိမ္စရာေတြ ပိုမိုႀကီးထြားလာခဲ့ပါတယ္။

ျပင္သစ္သမၼတ Emmanuel Macron ဟာဆိုရင္ ေနတိုးမဟာမိတ္အဖြဲ႔ဟာ ဦးေႏွာက္ေသေနၿပီလို႔ ေျပာလိုက္ၿပီးေတာ့ ဥေရာပအေနနဲ႔ သူတို႔ဘာသာသူတို႔ လံုၿခံဳေရးယႏၱရားတခု ကိုယ္ပုိင္ဖန္တီးၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။ ဒီတိုက္တြန္းမႈနဲ႔ ပတ္သက္ၿပီးေတာ့ တုံ႔ျပန္ ေျပာၾကားခ်က္ေတြလည္း ေပၚထြက္လာခဲ့ပါတယ္။

ေနတိုးအဖြဲ႔ အတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg က အခုလို ေျပာပါတယ္။

“အတၱလႏၱိတ္ သမုဒၵရာရဲ႕ တဖက္တခ်က္ လုံၿခံဳေရးကိစၥကို ဥေရာပညီညြတ္ေရးနဲ႔ အစားထုိးလို႔ မရႏိုင္ပါဘူး။ ႏွစ္ဖက္စလံုးပါဖို႔ လိုအပ္ပါတယ္။ အထူးသျဖင့္ ဥေရာပသမဂၢက ၿဗိတိန္ခြဲထြက္သြားၿပီးတဲ့ ေနာက္ပိုင္းမွာ ဥေရာပသမဂၢခ်ည္းသက္သက္ ဥေရာပလံုၿခံဳေရးကို မထိန္းသိမ္းႏုိင္ေတာ့ဘူး ဆိုတာကိုလည္း က်ေနာ္တို႔ နားလည္ဖို႔ လိုအပ္ပါတယ္။”

ဥေရာပကေတာ့ ႐ုရွားဟာ သူတို႔ရဲ႕ အႀကီးမားဆံုး ၿခိမ္းေျခာက္မႈ ျဖစ္တယ္လုိ႔ ယူဆထားပါတယ္။ ဥေရာပလံုၿခံဳေရးနဲ႔ ပတ္သက္ၿပီးေတာ့ အေမရိကန္ရဲ႕ တာဝန္ယူမႈအေပၚ စိုးရိမ္စရာရွိတယ္ဆုိတာဟာ ေျမျပင္အေနအထားကိုၾကည့္ၿပီး ေျပာလို႔မရဘူးလို႔ Jonathan Eyal က ဆိုပါတယ္။

“တကယ္ေတာ့ အေမရိကန္ျပည္ေထာင္စုဟာ သူ႔ရဲ႕တပ္ဖြဲ႔ဝင္ အမ်ားအျပားကို ဥေရာပမွာ ပိုမိုခ်ထားႏုိင္ဖို႔အတြက္ ပိုၿပီး အကုန္အက် ခံေနတာပါ။”

ဒါေပမယ့္ အေမရိကန္တပ္ေတြ ဥေရာပမွာ ခ်ထားတဲ့ကိစၥကို ႐ုရွားဘက္က ႐ႈျမင္ပံုကေတာ့ ဒီလိုမဟုတ္ပါဘူး။ Andrey Kortunov ဟာ ႐ုရွား ႏုိင္ငံတကာဆက္ဆံေရးေကာင္စီရဲ႕ ညႊန္ၾကားေရးမွဴးတေယာက္ ျဖစ္ပါတယ္။

“အေရွ႕ဥေရာပႏိုင္ငံတခ်ဳိ႕ဟာ ေနတိုးစာခ်ဳပ္ရဲ႕ ပုဒ္မ ၅ က သူတို႔ရဲ႕လံုၿခံဳေရးကို အကာအကြယ္ ေပးထားေပမယ့္ အေမရိကန္တပ္ဖြဲ႔ေတြ သူတို႔ႏိုင္ငံမွာ အေျခစိုက္ေရးကိုပဲ ပိုမိုလိုလားေနၾကတာပါ။ ဒါကိုၾကည့္ရင္ အေရွ႕ဥေရာပႏုိင္ငံတခ်ိဳ႕ဟာ ေနတိုးထက္ အေမရိကန္ျပည္ေထာင္စုကိုပဲ ပိုၿပီး အားကိုးအားထား ျပဳေနၾကတယ္ဆိုတာ ေတြ႔ရပါတယ္။”

အေမရိကန္သမၼတ Donald Trump ကေတာ့ ေနတိုးအဖြဲ႔ဝင္ႏိုင္ငံေတြ အေနနဲ႔ ကုန္က်စရိတ္ ထပ္မံထည့္ဝင္ၾကဖို႔ ထပ္ခါတလဲလဲ ေတာင္းဆိုေနပါတယ္။ ဂ်ာမနီကေတာ့ ၂၀၃၀ ျပည့္လြန္ႏွစ္ေတြ ေရာက္လာမွ သူတို႔ႏုိင္ငံရဲ႕ GDP ၂% သတ္မွတ္ခ်က္ကို ေနတိုးအဖြဲ႔ရဲ႕ ကုန္က်စရိတ္အျဖစ္ ထည့္ဝင္မယ္လို႔ ဗုဒၶဟူးေန႔က ကတိျပဳခဲ့ပါတယ္။

အခုျပဳလုပ္မယ့္ လန္ဒန္ထိပ္သီး စည္းေဝးပြဲမွာေတာ့ ပိုိၿပီးေတာ့ ပြင့္ပြင့္လင္းလင္း ညႇိႏိႈင္းၾကလိမ့္မယ္လို႔ ယူဆရပါတယ္။ အဖြဲ႔တြင္း တင္းမာမႈရွိတယ္ ဆုိတာလည္း အဆန္းမဟုတ္ပါဘူးလို႔ Jonathan Eyal က ေျပာပါတယ္။

ဘာပဲေျပာေျပာ ဒီ ေနတိုးအဖြဲ႔ ႏွစ္ ၇၀ ျပည့္ခ်ိန္မွာ ေခါင္းေဆာင္ေတြ စုေဝးၿပီး က်င္းပရမယ့္အခ်ိန္ ျဖစ္တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

-----------------------------

(Unicode)

တင်းမာမှုတွေကြားက NATO နှစ် ၇၀ ပြည့်

NATO ခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ တည်ထောင်တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားကို အင်္ဂါနေ့ကျရင် လန်ဒန်မြို့မှာ ၂ ရက်ကြာ ကျင်းပဖို့ နေတိုးခေါင်းဆောင်တွေ ပြင်ဆင်နေကြပါတယ်။ ဒီ ထိပ်သီးအစည်းအဝေးပွဲ ကျင်းပတဲ့အချိန်ဟာ ဆီးရီးယားမှာဖြစ်နေတဲ့ စစ်ပွဲနဲ့ ရုရှားရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အချိန်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစည်းအဝေးမှာ အဓိကလွှမ်းမိုးမယ့် ပြဿနာကတော့ အဖွဲ့ဝင်နိုင်ငံတွေကြား ကြီးထွားလာနေတဲ့ ပြဿနာသာဖြစ်တယ်လို့ Henry Ridgwell ကဆိုပါတယ်။ အပြည့်အစုံကို မခွာညိုက တင်ပြပေးထားပါတယ်။

နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံဖြစ်ကြတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တူရကီတို့ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့လက ထိပ်တိုက်ရင်ဆိုင် ဖြစ်ခဲ့ကြတဲ့ကိစ္စဟာ နေတိုးအဖွဲ့အတွင်းမှာ ရိုက်ခတ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Royal United Services Institute က Jonathan Eyal က အခုလို သုံးသပ်ပါတယ်။

“မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့ထဲမှာ တူရကီရဲ့ အနေအထားဟာ အတော်လေး ခက်ခဲပါတယ်။ တူရကီဟာ အမေရိကန်ပြည်ထောင်စု အပါအဝင် ကျန်မဟာမိတ်နိုင်ငံ အများစုရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီးတော့ အရှေ့အလယ်ပိုင်း စစ်ဆင်ရေးတွေမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ထို့အတူပဲ တူရကီဟာ ရုရှားဆီက စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။”

နေတိုးအဖွဲ့ဝင်တွေကတော့ တူရကီကို သူတို့မဟာမိတ်အဖွဲ့ ပြင်ပမှာ ထားတာထက် အဖွဲ့တွင်းမှာ ထားတာက ပိုသင့်တယ်လို့ ယူဆကြပါတယ်။

တချိန်က အမေရိကန်တပ်ဖွဲ့တွေ ငြိမ်းချမ်းအောင် ထိန်းသိမ်းထားခဲ့တဲ့ ဆီးရီးယားမြောက်ပိုင်းမှာ အခုအခါ ရုရှားတပ်ဖွဲ့တွေက ကင်းလှည့်နေကြပါတယ်။ အမေရိကန်တပ်ဖွဲ့တွေ အဲဒီဒေသက ဆုတ်ခွာလာတာဟာ နေတိုးအဖွဲ့အတွက် အမေရိကန်ရဲ့ တာဝန်ယူမှုအပေါ် စိုးရိမ်စရာတွေ ပိုမိုကြီးထွားလာခဲ့ပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron ဟာဆိုရင် နေတိုးမဟာမိတ်အဖွဲ့ဟာ ဦးနှောက်သေနေပြီလို့ ပြောလိုက်ပြီးတော့ ဥရောပအနေနဲ့ သူတို့ဘာသာသူတို့ လုံခြုံရေးယန္တရားတခု ကိုယ်ပိုင်ဖန်တီးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီတိုက်တွန်းမှုနဲ့ ပတ်သက်ပြီးတော့ တုံ့ပြန် ပြောကြားချက်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

နေတိုးအဖွဲ့ အတွင်းရေးမှူး Jens Stoltenberg က အခုလို ပြောပါတယ်။

“အတ္တလန္တိတ် သမုဒ္ဒရာရဲ့ တဖက်တချက် လုံခြုံရေးကိစ္စကို ဥရောပညီညွတ်ရေးနဲ့ အစားထိုးလို့ မရနိုင်ပါဘူး။ နှစ်ဖက်စလုံးပါဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဥရောပသမဂ္ဂက ဗြိတိန်ခွဲထွက်သွားပြီးတဲ့ နောက်ပိုင်းမှာ ဥရောပသမဂ္ဂချည်းသက်သက် ဥရောပလုံခြုံရေးကို မထိန်းသိမ်းနိုင်တော့ဘူး ဆိုတာကိုလည်း ကျနော်တို့ နားလည်ဖို့ လိုအပ်ပါတယ်။”

ဥရောပကတော့ ရုရှားဟာ သူတို့ရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ယူဆထားပါတယ်။ ဥရောပလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ရဲ့ တာဝန်ယူမှုအပေါ် စိုးရိမ်စရာရှိတယ်ဆိုတာဟာ မြေပြင်အနေအထားကိုကြည့်ပြီး ပြောလို့မရဘူးလို့ Jonathan Eyal က ဆိုပါတယ်။

“တကယ်တော့ အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့တပ်ဖွဲ့ဝင် အများအပြားကို ဥရောပမှာ ပိုမိုချထားနိုင်ဖို့အတွက် ပိုပြီး အကုန်အကျ ခံနေတာပါ။”

ဒါပေမယ့် အမေရိကန်တပ်တွေ ဥရောပမှာ ချထားတဲ့ကိစ္စကို ရုရှားဘက်က ရှုမြင်ပုံကတော့ ဒီလိုမဟုတ်ပါဘူး။ Andrey Kortunov ဟာ ရုရှား နိုင်ငံတကာဆက်ဆံရေးကောင်စီရဲ့ ညွှန်ကြားရေးမှူးတယောက် ဖြစ်ပါတယ်။

“အရှေ့ဥရောပနိုင်ငံတချို့ဟာ နေတိုးစာချုပ်ရဲ့ ပုဒ်မ ၅ က သူတို့ရဲ့လုံခြုံရေးကို အကာအကွယ် ပေးထားပေမယ့် အမေရိကန်တပ်ဖွဲ့တွေ သူတို့နိုင်ငံမှာ အခြေစိုက်ရေးကိုပဲ ပိုမိုလိုလားနေကြတာပါ။ ဒါကိုကြည့်ရင် အရှေ့ဥရောပနိုင်ငံတချို့ဟာ နေတိုးထက် အမေရိကန်ပြည်ထောင်စုကိုပဲ ပိုပြီး အားကိုးအားထား ပြုနေကြတယ်ဆိုတာ တွေ့ရပါတယ်။”

အမေရိကန်သမ္မတ Donald Trump ကတော့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ကုန်ကျစရိတ် ထပ်မံထည့်ဝင်ကြဖို့ ထပ်ခါတလဲလဲ တောင်းဆိုနေပါတယ်။ ဂျာမနီကတော့ ၂၀၃၀ ပြည့်လွန်နှစ်တွေ ရောက်လာမှ သူတို့နိုင်ငံရဲ့ GDP ၂% သတ်မှတ်ချက်ကို နေတိုးအဖွဲ့ရဲ့ ကုန်ကျစရိတ်အဖြစ် ထည့်ဝင်မယ်လို့ ဗုဒ္ဓဟူးနေ့က ကတိပြုခဲ့ပါတယ်။

အခုပြုလုပ်မယ့် လန်ဒန်ထိပ်သီး စည်းဝေးပွဲမှာတော့ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းကြလိမ့်မယ်လို့ ယူဆရပါတယ်။ အဖွဲ့တွင်း တင်းမာမှုရှိတယ် ဆိုတာလည်း အဆန်းမဟုတ်ပါဘူးလို့ Jonathan Eyal က ပြောပါတယ်။

ဘာပဲပြောပြော ဒီ နေတိုးအဖွဲ့ နှစ် ၇၀ ပြည့်ချိန်မှာ ခေါင်းဆောင်တွေ စုဝေးပြီး ကျင်းပရမယ့်အချိန် ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တင္းမာမႈေတြၾကားက NATO ႏွစ္ ၇၀ ျပည့္
please wait

No media source currently available

0:00 0:04:20 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG