သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား အတင့်ရဲမည့် အန္တရာယ် NATO အကြီးအကဲ ကန်လွှတ်တော်ကို သတိပေး


မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ NATO မဟာမိတ် အဖွဲ့ဟာ ရုရှားရဲ့ စစ်အေးတိုက်ပွဲ အသစ်တခု စတင်ရမယ့် အရေးထက် စစ်ရေးကျူးကျော်မှုကို ဟန့်တားရမယ့် အရေး အလေးထားကြရလိမ့်မယ်လို့ NATO အတွင်းရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။

မစ္စတာ Jens Stoltenberg က ပိုမို အင်အားပြသလာတဲ့ ရုရှားရဲ့အန္တရာယ်ကို သတိပေးရင်း ဗုဒ္ဓဟူးနေ့က အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ အဲလို ပြောကြားသွားတာ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးချိန်က စပြီး ထူထောင်ခဲ့တဲ့ NATO ခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန် လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေး မိန့်ခွန်း ပြောကြားရာမှာ အဖွဲ့ဝင် ၂၉နိုင်ငံ ပါဝင်တဲ့ NATO အဖွဲ့ အနေနဲ့ မြေပြင် အခြေစိုက် နျူးကလီးယား ဒုံးကျည်တွေ ဥရောပမှာ ဖြန့်ကျက် ထားရှိဖို့ ရည်ရွယ်ချက် မရှိဘူးလို့လည်း ပြောကြားသွားပြီး တာလတ်ပစ် နျူးကလီးယား စာချုပ်ကို ရုရှားက ချိုးဖောက်တယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။

အဲဒီ စာချုပ်ကို ရုရှားက ချိုးဖောက်တယ်ဆိုပြီး အမေရိကန်ကလည်း အဲဒီ တာလတ်ပစ် နျူးကလီးယား သဘောတူညီချက်ထဲက နုတ်ထွက်မယ်လို့ ပြောထားတာပါ။ ဒါပေမယ့် ရုရှားကတော့ သူတို့ ဒီစာချုပ်ကို မချိုးဖောက်ဘူးလို့ ငြင်းဆန်ထားပါတယ်။ NATO အဖွဲ့ဟာခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီလို့ တချိန်က ပြောခဲ့တဲ့ အမေရိကန် သမ္မတ Donald Trump က NATO အဖွဲ့ဝင်တွေ အခုအခါမှာ ကာကွယ်ရေး စာရိတ် တိုးမြှင့်ဖို့ တွန်းအားပေးလာတဲ့ အတွက်လည်း မစ္စတာ Stoltenberg က ချီးကျူးသွားပါတယ်။

ရုရှား အတင့်ရဲမည့် အန္တရာယ် NATO အကြီးအကဲ ကန်လွှတ်တော်ကို သတိပေး
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG