သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒု-သမ္မတ ဥရောပမဟာမိတ်တွေကိုဝေဖန်


ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့က လုံခြုံရေးဆိုင်ရာညီလာခံမှာ အမေရိကန် ဒု-သမ္မတ Mike Pence မိန့်ခွန်းချွေစဉ်။ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၉)
ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့က လုံခြုံရေးဆိုင်ရာညီလာခံမှာ အမေရိကန် ဒု-သမ္မတ Mike Pence မိန့်ခွန်းချွေစဉ်။ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၉)

ဂျာမနီနိုင်ငံ၊ မြူးနစ်မြိ့မှာကျင်းပနေတဲ့ လုံခြုံရေးဆိုင်ရာညီလာခံကို တက်ရောက် မိန့်ခွန်း ပြောကြားခဲ့တဲ့ အမေရိကန် ဒုသမ္မတ Mike Pence က အီရန်နဲ့ ဗင်နီဇွဲလားနိုင်ငံဘက်က ရပ်တည်နေကြတဲ့ ဥရောပ မဟာမိတ် နိုင်ငံတွေကို စနေနေ့က ပြင်းထန်စွာဝေဖန် သွားပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ အဲဒီအာဏာရှင်အစိုးရတွေအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ဥရောပ မဟာမိတ် နိုင်ငံတွေဘက်က လျော့ တွက်နေတာတွေရပ်ပစ်ဖို့လိုပြီလို့ ဒုသမ္မတ Pence ကပြောဆိုသွားပါတယ်။ အီရန်တို့နဲ့ နြူကလီးယားသဘောတူညီမှုကနေ နုတ်ထွက်ဖို့ အချိန်တန်ပြီလို့လည်း တက်ရောက် လာတဲ့ ကိုယ်စားလှယ်တွေကို ဒုသမ္မတ Pence ကပြောဆိုသွားပါတယ်။

တခါ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Juan Guaido ကိုလည်း အသိအမှတ်ပြုကြဖို့ တိုက်တွန်းသွား ပါတယ်။ ဥရောပနိုင်ငံ ၂၀ ကျော်က Juan Guaido ကို သမ္မတအဖြစ် အသိအမှတ်ပြုလက်ခံထားကြပေမယ့် လည်း ဥရောပသမဂ္ဂ EU ကတော့ Guaido ကို အပြည့်အဝ လက်မခံထားပါဘူး။

ဗင်နီဇွဲလားနိုင်ငံမှာ စီးပွါးရေးကျဆင်းပြီး ငွေကြေးဖောင်းပွမှုတွေ အကြီးအကျယ်ဖြစ်နေချိန် မှာပဲ မနှစ်က သမ္မတရွေးကောက်ပွဲကျင်းပခဲ့တာပါ။ အဲဒီရွေးကောက်ပွဲမှာ သမ္မတ Nicholas Maduro မဲ မသမာမှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာဖြစ်ပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ မြောက်အတ္တလန်တိတ် စာချုပ် NATO အဖွဲ့ဝင်နိုင်ငံတွေဘက်က ကာကွယ်ရေးနဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှု တွေ အတွက် ငွေတွေ ပိုပြီးထည့်ဝင်ဖို့လည်း ဒုသမ္မတ Pence က ထပ်ပြီးတောင်းဆို သွားပါတယ်။

ဂျာမနီနဲ့ ရုရှားတို့ကြား ချိတ်ဆက်ထားတဲ့ Nord Storm 2 ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်နေတဲ့ ကိစ္စကိုလည်း သတိပေးခဲ့သလို အရှေ့တိုင်းပြည်တွေကို မဟာမိတ် နိုင်ငံတွေအနေနဲ့ ပိုပြီးအားကိုးနေမယ်ဆိုရင် အနောက် နိုင်ငံတွေကို အမေရိကန်ဘက်က ကာကွယ်ပေးမယ်လို့ အတပ်မပြောနိုင်ဘူးလို့ ဒုသမ္မတ Pence က ပြောဆိုသွားပါတယ်။

ကန် ဒု-သမ္မတ ဥရောပမဟာမိတ်တွေကိုဝေဖန်
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG