သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO - ရုရှားဆွေးနွေးပွဲ တိုးတက်မှု မရရှိ


ရုရှားနဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ NATO တို့ အကြား တာလတ်ပစ် နျူးကလီးယားတပ်ဖွဲ့ စာချုပ် (Intermediate-range Nuclear Forces Treaty – INF) ကိစ္စ ဆွေးနွေးပွဲကို ဘရပ်ဆဲလ်မြို့ NATO ရုံးချုပ်မှာ ကျင်းပနေရာမှာ တိုးတက်မှု မရဘူးလို့ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောပါတယ်။

ဆွေးနွေးပွဲအပြီး နေတိုး အတွင်းရေးမှူးချုပ်က ရုရှားတို့ INF စာချုပ်ကို အရင်လို ပြန်လိုက်နာဖို့အတွက် စိတ်ဆန္ဒ မရှိဘူးလို့ ပြောခဲ့တာပါ။

စစ်အေးအတွင်းက သမိုင်း မှတ်တိုင် တခု ဖြစ်တဲ့ ဒီ လက်နက် လျှော့ချရေး စာချုပ်ကို ဆက်လက် လိုက်နာသွားဖို့ အခွင့်အရေး တနေ့တစ်ခြား နည်းပါးလာနေပေမဲ့ NATO အဖွဲ့ကတော့ ရုရှားဘက်က SSC-8 အမျိုးအစား ခရုစ် ဒုံးကျည်တွေ ဖျက်ဆီးပစ်ဖို့ ကို ဆက်လက် တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံကတော့ အမေရိကန် သမ္မတ Ronald Reagan နဲ့ ဆိုဗီယက် သမ္မတ Gorbachev တို့ လက်မှတ်ရေးထိုးထားတဲ့ ဒီ INF စာချုပ်ကို ရှရှားက အပြည့်အဝလိုက်နာနေကြောင်း ပြောပါတယ်။ ဒီ စာချုပ်အရ နှစ်နိုင်ငံမှာ ရှိတဲ့ ကီလီမီတာ ၅၀၀ ကနေ ၅၅၀၀ အထိ အကွာအဝေးအတွင်း ပစ်ခတ်နိုင်တဲ့ တာလတ်ပစ် ဒုံးကျည်တွေကို ဖျက်ဆီး ပစ်ဖို့ သဘောတူထားခဲ့တာပါ။

တာလတ်ပစ် ဒုံးကျည် အမျိုးအစား သစ်တစ်မျိုးကို ဖျက်ဆီး မပစ်ဖို့ ရုရှားနိုင်ငံက အချိန်ကပ် ဆုံးဖြတ်ခဲ့အပြီးမှာ ရုရှားနိုင်ငံကို တန်ပြန် တားဆီးဖို့ ဒီ ဒုံးကျည်တွေ ထုတ်လုပ်ဖို့ လိုအပ်တယ်လို့ ပြောပြီး အမေရိကန်နိုင်ငံက သြဂုတ်လ ၂ ရက်နေ့က စပြီး အဲဒီ စာချုပ်ကနေ နုတ်ထွက်မှာ ဖြစ်ပါတယ်။

NATO - ရုရှားဆွေးနွေးပွဲ တိုးတက်မှု မရရှိ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG