သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NATO ႏွစ္ ၇၀ ျပည့္ ကန္နဲ႔ ဥေရာပ ဘာေတြညႇိရမလဲ


အေမရိကန္သမၼတ Donadl Trump. (ႏုိဝင္ဘာ ၂၆၊ ၂၀၁၉)

(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump က ၿဗိတိန္ႏုိင္ငံ လန္ဒန္ကို ဒီသီတင္းပတ္ထဲမွာ သြားေရာက္ၿပီး ေျမာက္အတၱလႏၱိတ္ စစ္စာခ်ဳပ္အဖြဲ႔ (NATO) ေခါင္းေဆာင္မ်ား အစည္းအေ၀းကို တက္ေရာက္မွာပါ။ စစ္ေအးေခတ္က စၿပီး ဖြဲ႔စည္းခဲ့တဲ့ NATO အဖြဲ႔ႀကီးက ႏွစ္ ၇၀ ျပည့္ ႏွစ္ပတ္လည္ျဖစ္ၿပီး အခု ထိပ္သီးညီလာခံကလည္း မဟာမိတ္ အဖြဲ႔ႀကီးရဲ႕ အားေကာင္းခိုင္မာမႈကို ပိုၿပီး ေသခ်ာေစေရး ရည္ရြယ္တာ ျဖစ္ပါတယ္။ ဒါေပမယ့္ NATO အဖြဲ႔ႀကီးအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ တာ၀န္ယူမႈနဲ႔ ပတ္သက္ၿပီး ဥေရာပ ေခါင္းေဆာင္ေတြဘက္က မရွင္းမလင္းျဖစ္ေနၿပီး အခု အစည္းအေ၀းက်င္းပမယ့္ အခ်ိန္မွာ အေမရိကန္သမၼတ Trump နဲ႔ ရင္ဆိုင္ႏုိင္ဖို႔ ျပင္ဆင္ေနၾကပါတယ္။ အိမ္ျဖဴေတာ္ဆိုင္ရာ ဗီြအိုေအသတင္းေထာက္ Patsy Widakuswara က လန္ဒန္ကေန သတင္းေပးပို႔ထားတာကို မသိဂႌထုိက္က တင္ျပေပးထားပါတယ္။

ဆီးရီးယားႏုိင္ငံ ေျမာက္ပိုင္းက ကာ့ဒ္ေတြထိန္းခ်ဳပ္ရာ နယ္ေျမကို တူရကီဘက္က က်ဴးေက်ာ္ခဲ့ၿပီး ေနာက္ပိုင္းမွာ တုိက္ပြဲေတြ ဆက္ၿပီး ျဖစ္ေနပါတယ္။ NATO မဟာမိတ္ေတြနဲ႔ မတိုင္ပင္ဘဲ သမၼတ Donald Trump က အေမရိကန္ တပ္ဖြဲ႔ေတြကို ေအာက္တိုဘာလထဲမွာ ႐ုပ္သိမ္းဖို႔ ညႊန္ၾကားခဲ့ပါတယ္။ American Enterprise Institute က NATO ဆိုင္ရာ ကြ်မ္းက်င္သူ Gary Schmitt က အခုလို ေျပာပါတယ္။

“ဒီဆံုးျဖတ္ခ်က္ ထြက္လာၿပီး ေနာက္မွာေတာ့ သမၼတ Macron က ဘာေျပာလဲဆိုရင္ မဟာမိတ္အဖြဲ႔ဟာ ဦးေႏွာက္ေသေနၿပီလို႔ ေျပာခဲ႔ပါတယ္။ အသိုင္းအ၀ိုင္း တခုတြင္းမွာ အေမရိကန္ရဲ႕ ေခါင္းေဆာင္မႈမရွိဘဲ ကိုယ့္သေဘာနဲ႔ကိုယ္ ဘာမွမလုပ္ႏုိင္တာကို ရည္ညႊန္းၿပီး ေျပာခဲ့တာပါ။”

တခ်ိန္တည္းမွာပဲ ႐ုရွားနဲ႔ ယူကရိန္းၾကားက တအံုေႏြးေႏြးျဖစ္ေနတဲ့ စစ္ကလည္း သမၼတ Trump ကို တရားစြဲဆိုေရးရဲ႕ ေနာက္ခံအေၾကာင္းရင္း ျဖစ္လာခဲ့ပါတယ္။ အေမရိကန္နဲ႔ NATO အဖြဲ႔၀င္ေတြရဲ႕ ဆက္ဆံေရးကလည္း သိပ္ၿပီး မေျပလည္လွတာေၾကာင့္ ဥေရာပ အေရွ႕ပိုင္းနဲ႔ ေတာင္ပိုင္းေဒသက ပဋိပကၡေတြအတြက္လည္း ေနာက္ထပ္ အခက္ေတြ႔စရာ ျဖစ္ပါတယ္။

ဒီသီတင္းပတ္ထဲ လန္ဒန္မွာက်င္းပမယ့္ NATO ထိပ္သီးညီလာခံမွာ သမၼတ Donald Trump နဲ႔ ေဆြးေႏြးႏုိင္ေရး ဥေရာပေခါင္းေဆာင္ေတြ ျပင္ဆင္ေနၾကပါတယ္။ NATO အဖြဲ႔ဟာ ေခတ္မမီေတာ့ဘူးဆိုတာနဲ႔ အဖြဲ႔ကေန ႏုတ္ထြက္မယ္ဆိုၿပီးေနာက္ အေမရိကန္သမၼတဘက္က ထပ္ၿပီး ေျပာဆိုလာတာ မရွိေပမယ့္လည္း NATO ရဲ႕ ကာကြယ္ေရး အသံုးစရိတ္ကို ႏုိင္ငံ GDP ရဲ႕ ၂ ရာခိုင္ႏႈန္းျပည့္ေအာင္ မထည့္၀င္တဲ့ အဖြဲ႔၀င္ႏုိင္ငံေတြကိုေတာ့ ဆက္ၿပီး ေ၀ဖန္ေနတာပါ။

NATO အဖြဲ႔ဲရဲ႕ ဥေရာပအေရွ႕ပိုင္းေဒသမွာ စစ္ေရး ထပ္မံအားျဖည့္မႈနဲ႔ အေမရိကန္ဘက္က NATO အဖြဲ႔ႀကီးအေပၚ ပိုင္းျဖတ္ ရပ္တည္ေနတယ္ဆိုတာကို ဥေရာပေခါင္းေဆာင္ေတြကို အခိုင္အမာ အာမခံထားတာပါ။ ဒါေပမယ့္လည္း သမၼတ Trump လက္ထက္မွာ မဟာမိတ္ေတြအေပၚ အေမရိကန္က ပစ္ပယ္ထားတယ္ဆိုတဲ့ မေက်နပ္ခ်က္က ရွိေနပါတယ္။ Chatham Houst ရဲ႕ ဥေရာပဆိုင္ရာ အစီအစဥ္ အႀကီးတန္း သုေတသနမွဴး Hans Kundnani က အခုလို ေျပာပါတယ္။

“တႏွစ္အတြင္းမွာပဲ သမၼတ Trump ရာထူးသက္တမ္း အဆံုးသတ္သြားမယ္လို႔ တခ်ိဳ႕က ေမွ်ာ္လင့္ေနၾကတာပါ။ သမၼတ Trump ဒုတိယသက္တမ္း ထပ္အေရြးခံရမွာကို အမွန္အကန္ စိုးရိမ္ေနၾကပါတယ္။”

ဥေရာပတလႊားမွာေတာ့ တုံ႔ျပန္ခ်က္ေတြ ကြဲလြဲေနပါတယ္။ ျပင္သစ္ဘက္ကေတာ့ ဥေရာပလံုၿခံဳေရးအတြက္ ကိုယ္တိုင္ ေဆာင္ရြက္ရမယ္ဆိုတဲ့ဘက္ကို အသားေပးပါတယ္။ ပိုလန္ဘက္ကေတာ့ သူ႔ရဲ႕ လံုၿခံဳေရး အာမခံခ်က္အတြက္ သမၼတ Trump နဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးတရပ္ တည္ေဆာက္ေရးကို ပိုၿပီး အားေပးပါတယ္။ Chatham House က Hans Kundnani က အခုလို ေျပာပါတယ္။

“အေမရိကန္နဲ႔ ဆက္ဆံေရး ေကာင္းရမယ္လို႔ ယူဆၾကတဲ့ အတၱလႏၱိတ္ ၀ါဒီေတြလို႔ ေခၚရမယ့္ သူေတြကေတာ့ NATO အေပၚ ယံုၾကည္ၿပီး ဆက္လက္ ေထာက္ခံထားၾကပါတယ္။ သူတို႔နဲ႔ နည္းနည္း သေဘာကြဲတဲ့ ဂ်ာမနီက အလယ္မွာ ရပ္တည္ၿပီး တဖက္မွာေတာ့ အေမရိကန္နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ မလိုဘူးလို႔ ယူဆတဲ့ post Atlanticist ေတြကေတာ့ ျပင္သစ္ရဲ႕ အယူအဆဘက္ကို ပိုၿပီးယိမ္းပါတယ္။ ဒီအေပၚမွာ ဥေရာပသားေတြ အႀကီးအက်ယ္ ျငင္းခံုေနၾကပါတယ္။”

ဒီသီတင္းပတ္ ဥေရာပေခါင္းေဆာင္ေတြရဲ႕ ရည္မွန္းခ်က္ကေတာ့ အရင္ ေဆြးေႏြးပြဲေတြမွာ ျဖစ္ခဲ့သလိုမ်ိဳး သမၼတ Trump ယမ္းပံုမီးက် ေဒါသမထြက္ေအာင္ ေရွာင္ၾကဥ္ၾကဖို႔ ျဖစ္ပါတယ္။ American Enterprise Institute က Gary Schmitt က အခုလို ေျပာပါတယ္။

“သူတို႔ စြမ္းေဆာင္ႏုိင္ခဲ့တာေတြကို ျပန္ေျပာႏုိင္ပါတယ္၊ ေနာက္ၿပီး ဒီလို ျဖစ္လာေအာင္ သမၼတ Trump ဘက္က တြန္းအားေပး ေဆာင္ရြက္ခဲ့တာပါ ဆိုတာမ်ိဳး ပါးပါးနပ္နပ္နဲ႔ ေျပာႏုိင္ပါတယ္။ ဒါမ်ိဳးနဲ႔ သမၼတ Trump ကို ခ်ီးက်ဴးႏုိင္ပါတယ္။ ဒါေပမယ့္လည္း ပင္ကိုယ္ စ႐ုိက္ေတြက မတူတာေၾကာင့္ ဒီလိုလုပ္ႏုိင္ဖို႔ကလည္း သူတို႔အတြက္ သိပ္ၿပီး ခက္ပါတယ္။”

ထိပ္သီးေဆြးေႏြးပြဲ မတိုင္ခင္ ရက္ပိုင္းအလိုမွာပဲ NATO အဖြဲ႔ဘက္က ကုန္က်စရိတ္ ထပ္ၿပီး မွ်ေ၀က်ခံၾကဖို႔နဲ႔ အေမရိကန္ဘက္က ထည့္၀င္က်ခံမႈကို ေလွ်ာ့ခ်ေရး သေဘာတူခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။ ဒီေဆာင္ရြက္ခ်က္ဟာဆိုရင္ သမၼတ Trump ကို ႏွစ္သိမ့္ႏုိင္ဖို႔ ရည္ရြယ္တာလည္း ျဖစ္ပါတယ္။

-----------------------------------

(Unicode)

NATO နှစ် ၇၀ ပြည့် ကန်နဲ့ ဥရောပ ဘာတွေညှိရမလဲ

အမေရိကန်သမ္မတ Donald Trump က ဗြိတိန်နိုင်ငံ လန်ဒန်ကို ဒီသီတင်းပတ်ထဲမှာ သွားရောက်ပြီး မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်မှာပါ။ စစ်အေးခေတ်က စပြီး ဖွဲ့စည်းခဲ့တဲ့ NATO အဖွဲ့ကြီးက နှစ် ၇၀ ပြည့် နှစ်ပတ်လည်ဖြစ်ပြီး အခု ထိပ်သီးညီလာခံကလည်း မဟာမိတ် အဖွဲ့ကြီးရဲ့ အားကောင်းခိုင်မာမှုကို ပိုပြီး သေချာစေရေး ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် NATO အဖွဲ့ကြီးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ တာဝန်ယူမှုနဲ့ ပတ်သက်ပြီး ဥရောပ ခေါင်းဆောင်တွေဘက်က မရှင်းမလင်းဖြစ်နေပြီး အခု အစည်းအဝေးကျင်းပမယ့် အချိန်မှာ အမေရိကန်သမ္မတ Trump နဲ့ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ အိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေသတင်းထောက် Patsy Widakuswara က လန်ဒန်ကနေ သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းက ကာ့ဒ်တွေထိန်းချုပ်ရာ နယ်မြေကို တူရကီဘက်က ကျူးကျော်ခဲ့ပြီး နောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေပါတယ်။ NATO မဟာမိတ်တွေနဲ့ မတိုင်ပင်ဘဲ သမ္မတ Donald Trump က အမေရိကန် တပ်ဖွဲ့တွေကို အောက်တိုဘာလထဲမှာ ရုပ်သိမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။ American Enterprise Institute က NATO ဆိုင်ရာ ကျွမ်းကျင်သူ Gary Schmitt က အခုလို ပြောပါတယ်။

“ဒီဆုံးဖြတ်ချက် ထွက်လာပြီး နောက်မှာတော့ သမ္မတ Macron က ဘာပြောလဲဆိုရင် မဟာမိတ်အဖွဲ့ဟာ ဦးနှောက်သေနေပြီလို့ ပြောခဲ့ပါတယ်။ အသိုင်းအဝိုင်း တခုတွင်းမှာ အမေရိကန်ရဲ့ ခေါင်းဆောင်မှုမရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်နိုင်တာကို ရည်ညွှန်းပြီး ပြောခဲ့တာပါ။”

တချိန်တည်းမှာပဲ ရုရှားနဲ့ ယူကရိန်းကြားက တအုံနွေးနွေးဖြစ်နေတဲ့ စစ်ကလည်း သမ္မတ Trump ကို တရားစွဲဆိုရေးရဲ့ နောက်ခံအကြောင်းရင်း ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နဲ့ NATO အဖွဲ့ဝင်တွေရဲ့ ဆက်ဆံရေးကလည်း သိပ်ပြီး မပြေလည်လှတာကြောင့် ဥရောပ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသက ပဋိပက္ခတွေအတွက်လည်း နောက်ထပ် အခက်တွေ့စရာ ဖြစ်ပါတယ်။

ဒီသီတင်းပတ်ထဲ လန်ဒန်မှာကျင်းပမယ့် NATO ထိပ်သီးညီလာခံမှာ သမ္မတ Donald Trump နဲ့ ဆွေးနွေးနိုင်ရေး ဥရောပခေါင်းဆောင်တွေ ပြင်ဆင်နေကြပါတယ်။ NATO အဖွဲ့ဟာ ခေတ်မမီတော့ဘူးဆိုတာနဲ့ အဖွဲ့ကနေ နုတ်ထွက်မယ်ဆိုပြီးနောက် အမေရိကန်သမ္မတဘက်က ထပ်ပြီး ပြောဆိုလာတာ မရှိပေမယ့်လည်း NATO ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို နိုင်ငံ GDP ရဲ့ ၂ ရာခိုင်နှုန်းပြည့်အောင် မထည့်ဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေကိုတော့ ဆက်ပြီး ဝေဖန်နေတာပါ။

NATO အဖွဲ့ဲရဲ့ ဥရောပအရှေ့ပိုင်းဒေသမှာ စစ်ရေး ထပ်မံအားဖြည့်မှုနဲ့ အမေရိကန်ဘက်က NATO အဖွဲ့ကြီးအပေါ် ပိုင်းဖြတ် ရပ်တည်နေတယ်ဆိုတာကို ဥရောပခေါင်းဆောင်တွေကို အခိုင်အမာ အာမခံထားတာပါ။ ဒါပေမယ့်လည်း သမ္မတ Trump လက်ထက်မှာ မဟာမိတ်တွေအပေါ် အမေရိကန်က ပစ်ပယ်ထားတယ်ဆိုတဲ့ မကျေနပ်ချက်က ရှိနေပါတယ်။ Chatham Houst ရဲ့ ဥရောပဆိုင်ရာ အစီအစဉ် အကြီးတန်း သုတေသနမှူး Hans Kundnani က အခုလို ပြောပါတယ်။

“တနှစ်အတွင်းမှာပဲ သမ္မတ Trump ရာထူးသက်တမ်း အဆုံးသတ်သွားမယ်လို့ တချို့က မျှော်လင့်နေကြတာပါ။ သမ္မတ Trump ဒုတိယသက်တမ်း ထပ်အရွေးခံရမှာကို အမှန်အကန် စိုးရိမ်နေကြပါတယ်။”

ဥရောပတလွှားမှာတော့ တုံ့ပြန်ချက်တွေ ကွဲလွဲနေပါတယ်။ ပြင်သစ်ဘက်ကတော့ ဥရောပလုံခြုံရေးအတွက် ကိုယ်တိုင် ဆောင်ရွက်ရမယ်ဆိုတဲ့ဘက်ကို အသားပေးပါတယ်။ ပိုလန်ဘက်ကတော့ သူ့ရဲ့ လုံခြုံရေး အာမခံချက်အတွက် သမ္မတ Trump နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတရပ် တည်ဆောက်ရေးကို ပိုပြီး အားပေးပါတယ်။ Chatham House က Hans Kundnani က အခုလို ပြောပါတယ်။

“အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းရမယ်လို့ ယူဆကြတဲ့ အတ္တလန္တိတ် ဝါဒီတွေလို့ ခေါ်ရမယ့် သူတွေကတော့ NATO အပေါ် ယုံကြည်ပြီး ဆက်လက် ထောက်ခံထားကြပါတယ်။ သူတို့နဲ့ နည်းနည်း သဘောကွဲတဲ့ ဂျာမနီက အလယ်မှာ ရပ်တည်ပြီး တဖက်မှာတော့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မလိုဘူးလို့ ယူဆတဲ့ post Atlanticist တွေကတော့ ပြင်သစ်ရဲ့ အယူအဆဘက်ကို ပိုပြီးယိမ်းပါတယ်။ ဒီအပေါ်မှာ ဥရောပသားတွေ အကြီးအကျယ် ငြင်းခုံနေကြပါတယ်။”

ဒီသီတင်းပတ် ဥရောပခေါင်းဆောင်တွေရဲ့ ရည်မှန်းချက်ကတော့ အရင် ဆွေးနွေးပွဲတွေမှာ ဖြစ်ခဲ့သလိုမျိုး သမ္မတ Trump ယမ်းပုံမီးကျ ဒေါသမထွက်အောင် ရှောင်ကြဉ်ကြဖို့ ဖြစ်ပါတယ်။ American Enterprise Institute က Gary Schmitt က အခုလို ပြောပါတယ်။

“သူတို့ စွမ်းဆောင်နိုင်ခဲ့တာတွေကို ပြန်ပြောနိုင်ပါတယ်၊ နောက်ပြီး ဒီလို ဖြစ်လာအောင် သမ္မတ Trump ဘက်က တွန်းအားပေး ဆောင်ရွက်ခဲ့တာပါ ဆိုတာမျိုး ပါးပါးနပ်နပ်နဲ့ ပြောနိုင်ပါတယ်။ ဒါမျိုးနဲ့ သမ္မတ Trump ကို ချီးကျူးနိုင်ပါတယ်။ ဒါပေမယ့်လည်း ပင်ကိုယ် စရိုက်တွေက မတူတာကြောင့် ဒီလိုလုပ်နိုင်ဖို့ကလည်း သူတို့အတွက် သိပ်ပြီး ခက်ပါတယ်။”

ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ NATO အဖွဲ့ဘက်က ကုန်ကျစရိတ် ထပ်ပြီး မျှဝေကျခံကြဖို့နဲ့ အမေရိကန်ဘက်က ထည့်ဝင်ကျခံမှုကို လျှော့ချရေး သဘောတူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်ဟာဆိုရင် သမ္မတ Trump ကို နှစ်သိမ့်နိုင်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

NATO ႏွစ္ ၇၀ ျပည့္ ကန္နဲ႔ ဥေရာပ ဘာေတြညႇိရမလဲ
please wait

No media source currently available

0:00 0:04:23 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG