သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် လူ့အခွင့်အရေးဆိုင်ရာ ကန်ဥပဒေ တရုတ်ကန့်ကွက်


တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang. (နိုဝင်ဘာ ၂၈၊ ၂၀၁၉)
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang. (နိုဝင်ဘာ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

ဟောင်ကောင် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ထောက်ခံဖို့ ရည်ရွယ်တဲ့ ဥပဒေမူကြမ်းနှစ်ခုကို သမ္မတ Donald Trump က ကြာသပတေးနေ့က လက်မှတ်ရေးထိုးပြီး ဥပဒေတွေအဖြစ် အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့အပေါ် တရုတ်နိုင်ငံက ဒေါသတကြီး တုံ့ပြန်ပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်ကြောင်း ပြောဆိုသလို ဒီလုပ်ရပ်ဟာ တရုတ်နဲ့ အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေမယ်လို့ သတိပေးပါတယ်။

ဒါပေမယ့် ခြောက်လကြာ ဆန္ဒပြပွဲတွေ လုပ်လာကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ဟောင်ကောင်မြို့လယ်ခေါင်က အများပြည်သူ ရင်ပြင်တခုမှာ ကြာသပတေးနေ့ညက “ကျေးဇူးတော်နေ့” “Thanksgiving Day” အထိမ်းအမှတ် စုဝေးကြပြီး ဒီဥပဒေတွေကို ပြဋ္ဌာန်းတဲ့အတွက် အမေရိကန်ကို ကျေးဇူးတင်ကြောင်းနဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမယ့်အကြောင်း အခိုင်အမာ ပြောကြပါတယ်။

ဥပဒေမူကြမ်းတွေကို သမ္မတ Trump က လက်မှတ်ထိုးမယ်ဆိုတာရော၊ တရုတ်ဘက်က အခုလို တုံ့ပြန်တာရောဟာ မျှော်လင့်မထားတဲ့ကိစ္စတွေ မဟုတ်ပေမယ့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲတွေ လုပ်နေချိန်မှာ ဖြစ်လာတာမို့ ဒါကို ထိခိုက်နိုင်ခြေ ရှိပါတယ်။

သမ္မတ Trump က ဒီဥပဒေတွေကို ပြဋ္ဌာန်းလိုက်တာကြောင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေပေါ် ဘယ်လိုသက်ရောက်နိုင်သလဲဆိုတဲ့ မေးခွန်းကို တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang က “အရေးကြီးတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး” ပေါ် ထိခိုက်လာဖွယ်ရှိတယ်လို့ ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

-----------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG