ဥရောပ အာကာသယာဉ်မှူးတွေအဖြစ် လတ်တလော ဘွဲ့ရခဲ့ကြသူ နှစ်ဦးကို ပထမဆုံး အာကာသ ခရီးစဉ် တာဝန်တွေ ပေးအပ်ထားပြီး လာမယ့် ၂၀၂၆ ခုနှစ် အတွင်းမှာ နိုင်ငံတကာ အာကာသ စခန်း ISS ကို ခရီးနှင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ အေပီ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြပေးမှာပါ။
ပြိုလဲသွားတဲ့ ဘဏ်တွေရဲ့ စီမံအုပ်ချုပ်မှုအဖွဲ့ကို အလုပ်က ထုတ်ပစ်မယ်။ တာဝန်ရှိသူတွေကို အရေးယူမယ်။ ဘဏ်မှာ ငွေအပ်ထားတဲ့သူတွေကိုတော့ အကုန်ပြန်အမ်းမယ် ဒါပေမဲ့ ရင်းနှီးမြုပ်နှံထားတဲ့ သူတွေကို တော့ အကာအကွယ်ပေးမှာ မဟုတ်ဘူး။ အမေရိကန် အခွန်ထမ်းပြည်သူတွေ ဆုံးရှုံးနစ်နာမှာ မဟုတ်ဘူး။
အာဖဂန်နစ္စတန်နိုင်ငံမှာ The Helmet လို့ အမည်ပေးထားတဲ့ ပြိုင်ကား လှလှတစီးကို ENTOP ကားဒီဇိုင်းကုမ္ပဏီနဲ့ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှု သိပ္ပံက အင်ဂျင်နီယာတွေ ပေါင်းပြီးတည်ဆောက်ခဲ့ကြပါတယ်။ ၂၀၂၁ မှာ နေတိုးတပ်ဖွဲ့တွေ နိုင်ငံတွင်းကနေ ကသုတ်ကယက်ထွက်ခွာသွားပြီး ကျန်ခဲ့တဲ့ ပစ္စည်းတွေနဲ့ ဒီကားကို တည်ဆောက်ထားတာပါ။
နီပေါနိုင်ငံမှာ ဇန်နဝါရီ ၁၆ ရက်နေ့က ပျက်ကျသွားတဲ့ လေယာဉ်မှာ လိုက်ပါသေဆုံးသွားတဲ့ အိန္ဒိယနိုင်ငံသား ဆိုနု ဂျစ်ဝယ် လေယာဉ်အဆင်းမြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့်နေခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပျက်မကျခင်လေးကနေ ရုတ်တရက် လေယာဉ် ပျက်ကျသွားတဲ့အချိန် လေယာဉ်အတွင်းပိုင်း မြင်ကွင်းကို ဗွီဒီယိုမှာ တွေ့နိုင်ပါတယ်။
နီပေါနိုင်ငံမှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၇၂ ဦးလိုက်ပါပြီး ပျံသန်းချိန် မိနစ် ၃၀ တောင်မကြာတဲ့ လေယာဉ်ဟာ လေယာဉ်ကွင်းနဲ့ တစ်မိုင်တောင်မဝေးတော့တဲ့ နေရာမှာ ပျက်ကျပြီး လေယာဉ်ပေါ်ပါလာသူ အားလုံး သေဆုံးပြီလို့ ယူဆရပါတယ်။
အားအင်ချို့တဲ့ပြီး အစာရေစာပြတ်လပ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တရာကျော်ဟာ အင်ဒိုနီးရှားနိုင်ငံ အားချေးကမ်းခြေတခုကို တနင်းနွေနေ့က နောက်ထပ်ရောက်ရှိလာကြပါတယ်။
အီရန်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) က စေ့စပ်ညှိနှိုင်းသူတွေရဲ့ အီရန်နျူကလီးယားအရေး လနဲ့ချီတဲ့ တဆင့်ခံဆွေးနွေးမှုတွေကို သြစတြီးယား နိုင်ငံမှာ ပြန်လည်စတင်နေပါပြီ။
မြေမြှုပ်မိုင်း အသုံးပြုမှုတွေကို ပိတ်ပင်တားမြစ်ထားတဲ့ နိုင်ငံတကာ သဘောတူညီချက်ေ တွနဲ့ အမေရိကန်ရဲ့ မူဝါဒတွေ ပိုမိုနီးစပ်လာအောင် ထိန်းညှိပြုပြင်ပြီး အမေရိကန်စစ်တပ်ရဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုကို ထိန်းချုပ်ကန့်သတ်သွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရက အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
အမေရိကန်ပြည်ထောင်စုက အထင်ကရ Yellowstone အမျိုးသားဥယျာဉ်ကြီးမှာ မကြာသေးခင်က ရေကြီးမှုတွေနဲ့ ကြုံခဲ့ရတာတွေကို ပြန်လည်တည်ထောင်ဖို့ ဒေါ်လာသန်းထောင်ချီပြီး နှစ်နဲ့ချီ အချိန်ယူရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ရာသီဥတု လွန်ကဲမှုရဲ့ ရိုက်ခတ်မှုတွေကြောင့် အသက်ဆုံးရှုံးရမှုနဲ့ ကူးစက်ရောဂါတွေ၊ ရွှေ့ပြောင်း အခြေချမှု၊ ဒေါ်လာ သန်းထောင်ပေါင်း ရာချီ စီးပွားရေး အရ ဆုံးရှုံးရမှုတွေကို ဦးတည်စေပြီး ဒီနှစ် အထိ ဆိုးကျိုး သက်ရောက်စေပါတယ်။ AP သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ဟေတီမှာ စနေနေ့က ပြင်းအား ၇ ဒသမ ၂ ရှိတဲ့ ငလျင်လှုပ်ခဲ့တဲ့အတွက် အနည်းဆုံး ၂၂၇ ယောက် သေဆုံးပြီး ရာနဲ့ချီ ပျောက်ဆုံး ဒဏ်ရာရခဲ့ကြပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး မလုံလောက်မှုကိုရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာနဲ့ ချင်း ဒုက္ခသည်အများစုအတွက် ကာကွယ်ဆေး အပြည့်အ၀ ထိုးမပေးနိုင်တာကြောင့် ကူးစက်မှုအန္တရာယ်ဆက်ပြီး ရင်ဆိုင်နေရကြောင်း အေပီသတင်းမှာ ဖေါ်ပြထားပါတယ်။
ပြင်သစ် နိုင်ငံမှာ ကျန်းမာရေး ဝန်ထမ်းအားလုံး Covid-19 ကာကွယ်ဆေး မဖြစ်မနေထိုးရေး၊ နောက် စားသောက်ဆိုင်တွေနဲ့ တခြားနေရာတွေကို ဝင်ထွက်ခွင့် အတွက် လူတိုင်း ဗိုင်းရပ်စ် ဆိုင်ရာ အထူးခွင့်ပြုချက် ရှိရမယ် ဆိုတဲ့ ဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ စနေနေ့မှာ လူပေါင်း ထောင်ချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံမှာ ၁၀ နှစ်ကြာ စီးပွားရေး လုပ်ငန်းတွေမအောင်မမြင်နဲ့ ရှာဖွေခဲ့သလို ရုံးခန်း တစ်ခန်းလည်း ဖွင့်လှစ်ခဲ့ပြီး တရုတ်အစိုးရ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီကြီးတစ်ခုနဲ့ စီးပွားဘက်ဖြစ်အောင် ဆောင်ရွက်ခဲ့တယ်လို့ New York Times သတင်းစာက ပြောပါတယ်။
ဟောင်ကောင် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ထောက်ခံဖို့ ရည်ရွယ်တဲ့ ဥပဒေမူကြမ်းနှစ်ခုကို သမ္မတ Donald Trump က ကြာသပတေးနေ့က လက်မှတ်ရေးထိုးပြီး ဥပဒေတွေအဖြစ် အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့အပေါ် တရုတ်နိုင်ငံက ဒေါသတကြီး တုံ့ပြန်ပါတယ်။
ဒီနေ့ ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုသူတွေထဲမှာ တိုင်းရင်းသားဒေသတွေက ကက်လသစ် ခရစ်ယန်ဘာသာဝင်တွေလည်း အများအပြားပါဝင်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ရန်ကုန်မြို့ကိုလာပြီး စောင့်စိုင်းနေခဲ့ကြတာပါ။ AP, Reuter နဲ့ AFP သတင်းတွေမှာဖေါ်ပြတဲ့ တိုင်းရင်းသားတချို့ရဲ့ ပြောပြချက်တွေကို စုစည်းတင်ပြထားပါတယ်။
Myanmar's main opposition party led by Nobel laureate Aung San Suu Kyi has announced it will contest the general election on 8 November.
The trial of two migrant workers from Myanmar, accused of killing two British tourists on a resort island in Thailand continued on Thursday.