သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုကမ်းခြေကို ရိုဟင်ဂျာ ၁၈၀ကျော် ထပ်မံရောက်ရှိ


MYANMAR-ROHINGYA/INDONESIA
MYANMAR-ROHINGYA/INDONESIA

(zawgyi/unicode)

အားအင်ချို့တဲ့ပြီး အစာရေစာပြတ်လပ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တရာကျော်ဟာ အင်ဒိုနီးရှားနိုင်ငံ အားချေးကမ်းခြေတခုကို တနင်းနွေနေ့က နောက်ထပ်ရောက်ရှိလာကြပါတယ်။ သစ်သားလှေတစင်းနဲ့ အန္တရာယ်ခရီးရှည်ထွက်လာတဲ့ အဲဒီ ရိုဟင်ဂျာ ၁၈၄ ဦးထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရော ကလေးငယ်တွေပါ ပါဝင်ကြပါတယ်။ လူတွေ ပြည့်သိပ်နေတဲ့ ဘင်္ဂလားဒေ့ရ်ှက ဒုက္ခသည်စခန်းထက်စာရင် အခွင့်အရေးပိုကောင်းမယ့်နေရာကို ရှာဖွေနေကြတာလို့ ကမ်းခြေရောက်လာတဲ့ ဒုက္ခသည်တဦးက ပြောပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရ်ှဖက်ကို တိမ်းရှောင်ခိုလှုံခဲ့ကြရတာပါ။ ဒုက္ခသည်တွေတင်ဆောင်ထားတယ်လို့ ယူဆရတဲ့ လှေသုံးစင်းကို ပင်လယ်ထဲ တွေ့ခဲ့ရတယ်လို့ ငါးဖမ်းသမားတွေက စနေနေ့က ပြောကြပါတယ်။ ဒါပေမယ့် တနင်းနွေနေ့ ဆိုက်ရောက်လာတာ ကတော့ လှေတစင်းပါပဲ။ သူတို့ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေထွက်ပြီး ပင်လယ်ထဲမှာ ၂၇ ရက်ကြာခဲ့တယ်လို့ ဒုက္ခသည်တဦးက အေပီသတင်းဌာနကို ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေဟာ လှေတွေနဲ့ မလေးရှားနိုင်ငံကို ဦးတည်သွားကြတာများပြီး၊ အဲဒီမှာ တချို့က အင်ဒိုနီးရှားကမ်းခြေကို ဆိုက်ရောက်တဲ့အခြေစိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အင်ဒိုနီးရှား အာချေးကမ်းခြေကို ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော်ဝင်ရောက်ခဲ့တာပါ။

(Unicode)


XS
SM
MD
LG