႐ိုဟင္ဂ်ာ ၁၈၀ ထက္မနည္း ပင္လယ္ျပင္မွာ ေသဆုံးႏိုင္ေၾကာင္း ကုလသတင္းထုတ္ျပန္
{{Zawgyi/Unicode}}
ဘဂၤလားေဒ့ရွ္ႏုိင္ငံကေန ႏို၀င္ဘာလမွာ ထြက္ခြာလာၿပီး၊ ပင္လယ္ျပင္မွာ သီတင္းပတ္ေတြနဲ႔ခ်ီ ေမ်ာေနခဲ့တဲ့ ရိုဟင္ဂ်ာဒုကၡသည္ ၁၈၀ ထက္မနည္းဟာ အခုအခါ ေသဆုံးသြားေလာက္ၿပီလို႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး UNHCR ကေျပာပါတယ္။ ပင္လယ္ထဲသြားႏုိင္ေလာက္ေအာင္ ခုိင္ခန္႔မႈမရွိတဲ့ စက္ေလွေပ်ာက္ဆုံးသြားၿပီး၊ ပင္လယ္ျပင္မွာ နစ္ျမဳပ္သြားပုံရတယ္လို႔ အတည္မျပဳႏုိင္ေသးတဲ့သတင္းေတြကို ကိုးကားၿပီး ေျပာဆိုခဲ့တာပါ။ ေလွေပၚမွာပါသြားသူေတြနဲ႔ အဆက္အသြယ္ ျပတ္သြားတာေၾကာင့္ ေဆြမ်ဳိးေတြက ေသဆုံးၿပီလို႔ ယူဆေနၾကေၾကာင္းလည္း UNHCR က တြစ္တာလူမႈစာမ်က္ႏွာမွာေရးပါတယ္။
ရခိုင္ျပည္နယ္မွာ ၂၀၁၇ ခုနွစ္က ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြ ေနာက္ဆက္တဲြအျဖစ္ သိန္းနဲ႔ခ်ီတဲ့ ရိုဟင္ဂ်ာေတြ အိမ္နီးခ်င္းဘဂၤလားေဒ႔ရွ္ႏုိင္ငံကို ထြက္ေျပးခဲ့ၾကရတာပါ။
ဘဂၤလားေဒ့ရွ္ ႏိုင္ငံက ျပည့္ၾကပ္ေနတဲ့ ဒုကၡသည္စခန္းေတြမွာ ေနထိုင္ၾကရတဲ့ ႐ိုဟင္ဂ်ာေတြဟာ မၾကာခဏဆိုသလို လူေမွာင္ခိုေတြရဲ႕ ေသြးေဆာင္မႈေတြေၾကာင့္ မေလးရွားလိုႏုိင္ငံေတြဆီ အႏၱရာယ္မ်ားလွတဲ့ ပင္လယ္ျပင္ကိုျဖတ္ၿပီး ထြက္ခြာေနၾကတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ကပဲ အိႏၵိယသမုဒၵရာကမ္းလြန္ျပင္မွာ သီတင္းပတ္နဲ႔ခ်ီ ေမ်ာေနတဲ့ စက္ေလွေတစင္းေပၚက ရိုဟင္ဂ်ာ ၂၀ ေလာက္ အစာေရစာျပတ္ၿပီး ေသဆုံးခဲ့ေၾကာင္း ရိုဟင္ဂ်ာအေရးလႈပ္ရွားေနတဲ့ အဖြဲ႔က ေျပာပါတယ္။ ရိုဟင္ဂ်ာ ၁၀၀ ထက္မနည္းတင္ေဆာင္လာတဲ့ အဲဒီစက္ေလွ မေလးရွားေရျပင္နယ္နိ္မိတ္ထဲမွာ ေမ်ာေနခဲ့တာလို႔လည္း ေျပာပါတယ္။
တနဂၤေႏြေန႔မွာပဲ ႐ိုဟင္ဂ်ာ ၅၈ ေယာက္ လိုက္ပါလာတဲ့ စက္ေလွတစင္း အင္ဒိုနီး႐ွားႏိုင္ငံ ေျမာက္ဘက္အစြန္ဆုံးမွာ႐ွိတဲ့ Aceh ကမ္းေျခကို ေရာက္႐ွိလာေၾကာင္း ေဒသခံအာဏာပိုင္ေတြက အတည္ျပဳခဲ့ၾကပါတယ္။ ပင္လယ္ျပင္မွာ တလေလာက္ၾကာၿပီးမွ ေရာက္လာၾကတဲ့ ႐ိုဟင္ဂ်ာေတြဟာ အစားအစာျပတ္လပ္ၿပီး၊ က်န္းမာေရး ခ်ဳိ႕တဲ့ေနၾကတယ္လို႔လည္း ေျပာပါတယ္။
ရိုဟင်ဂျာ ၁၈၀ ထက်မနည်း ပင်လယ်ပြင်မှာ သေဆုံးနိုင်ကြောင်း ကုလသတင်းထုတ်ပြန်
{{Zawgyi/Unicode}}
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နိုဝင်ဘာလမှာ ထွက်ခွာလာပြီး၊ ပင်လယ်ပြင်မှာ သီတင်းပတ်တွေနဲ့ချီ မျောနေခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ထက်မနည်းဟာ အခုအခါ သေဆုံးသွားလောက်ပြီလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ကပြောပါတယ်။ ပင်လယ်ထဲသွားနိုင်လောက်အောင် ခိုင်ခန့်မှုမရှိတဲ့ စက်လှေပျောက်ဆုံးသွားပြီး၊ ပင်လယ်ပြင်မှာ နစ်မြုပ်သွားပုံရတယ်လို့ အတည်မပြုနိုင်သေးတဲ့သတင်းတွေကို ကိုးကားပြီး ပြောဆိုခဲ့တာပါ။ လှေပေါ်မှာပါသွားသူတွေနဲ့ အဆက်အသွယ် ပြတ်သွားတာကြောင့် ဆွေမျိုးတွေက သေဆုံးပြီလို့ ယူဆနေကြကြောင်းလည်း UNHCR က တွစ်တာလူမှုစာမျက်နှာမှာရေးပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတာပါ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြည့်ကြပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရတဲ့ ရိုဟင်ဂျာတွေဟာ မကြာခဏဆိုသလို လူမှောင်ခိုတွေရဲ့ သွေးဆောင်မှုတွေကြောင့် မလေးရှားလိုနိုင်ငံတွေဆီ အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ကိုဖြတ်ပြီး ထွက်ခွာနေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကပဲ အိန္ဒိယသမုဒ္ဒရာကမ်းလွန်ပြင်မှာ သီတင်းပတ်နဲ့ချီ မျောနေတဲ့ စက်လှေတေစင်းပေါ်က ရိုဟင်ဂျာ ၂၀ လောက် အစာရေစာပြတ်ပြီး သေဆုံးခဲ့ကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ အဖွဲ့က ပြောပါတယ်။ ရိုဟင်ဂျာ ၁၀၀ ထက်မနည်းတင်ဆောင်လာတဲ့ အဲဒီစက်လှေ မလေးရှားရေပြင်နယ်နိမိတ်ထဲမှာ မျောနေခဲ့တာလို့လည်း ပြောပါတယ်။
တနင်္ဂနွေနေ့မှာပဲ ရိုဟင်ဂျာ ၅၈ ယောက် လိုက်ပါလာတဲ့ စက်လှေတစင်း အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ Aceh ကမ်းခြေကို ရောက်ရှိလာကြောင်း ဒေသခံအာဏာပိုင်တွေက အတည်ပြုခဲ့ကြပါတယ်။ ပင်လယ်ပြင်မှာ တလလောက်ကြာပြီးမှ ရောက်လာကြတဲ့ ရိုဟင်ဂျာတွေဟာ အစားအစာပြတ်လပ်ပြီး၊ ကျန်းမာရေး ချို့တဲ့နေကြတယ်လို့လည်း ပြောပါတယ်။