သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပင္လယ္ျပင္ထဲ အသက္နဲ႔ရင္း ခရီးႏွင္ေနရတဲ့ ႐ိုဟင္ဂ်ာမ်ား


Indonesia Rohingya Refugees

ပြင့္လင္းရာသီခ်ိန္ ေရာက္လာတာေၾကာင့္ေရာ ဒုကၡသည္စခန္းေတြနဲ႔ ျမန္မာႏိုင္ငံထဲမွာ ႐ိုဟင္ဂ်ာေတြအတြက္ အသက္အႏၲရာယ္ လုံၿခဳံေရး စိုးရိမ္မႈေတြ ပိုတိုးလာတာေၾကာင့္ပါ ေမွ်ာ္လင့္ခ်က္ အနာဂတ္မဲ့ေနတဲ့ ကန႔္သတ္ခ်က္ေတြနဲ႔ ေနထိုင္ေနရတဲ့ ဘဝေတြကေန လြတ္ေျမာက္ေရး ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြ ႀကိဳးစားေနၾကပါတယ္။ ပင္လယ္ျပင္အပါအဝင္ ကုန္းလမ္းေရလမ္း နည္းလမ္းမ်ိဳးစုံနဲ႔ အသက္နဲ႔ရင္း သြားလာရင္း ဒုကၡေတြရဲ႕ ထြက္ေပါက္လမ္းရွာၾကတာမြာ ခရီးလမ္းမြာ အသက္ေသဆုံးရသူတဲ့အထိ ႀကဳံရတာေတြ ဆယ္စုႏွစ္နဲ႔ခ်ီ ရင္ဆိုင္ေနၾကရတဲ့ ႐ိုဟင္ဂ်ာေတြရဲ႕ အခက္အခဲ ဒုကၡစိန္ေခၚမႈေတြအေၾကာင္း မဆုမြန္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

သိန္းနဲ႔ခ်ီ ႐ိုဟင္ဂ်ာမူဆလင္ေတြဟာ လက္ရွိခိုလႈံေနထိုင္ေနၾကရတဲ့ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြထဲမွာလည္း ေမွ်ာ္လင့္ခ်က္မဲ့ေနသလို သူတို႔ေနထိုင္ခဲ့ရာ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ထဲမွာ ေနေနၾကဆဲ မူဆလင္ေတြအတြက္လည္း ႏိုင္ငံတြင္း ခရီးသြားလာခြင့္ ကန႔္သတ္ခ်က္ေတြလို တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြၾကား ထြက္ေပါက္ပိတ္ေနသလို ျဖစ္ေနလို႔ ပင္လယ္လမ္း၊ ကုန္းလမ္း ေရလမ္းေတြကေန သူတို႔အတြက္ အဆင္ေျပႏိုင္မယ့္ႏိုင္ငံေတြဆီ ခရီးဆက္ဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ႏွစ္ရွည္လမ်ား ႀကိဳးစားေနၾကတာ ျဖစ္ပါတယ္။

ဒီသီတင္းပတ္ေတြအတြင္းမွာ အင္ဒိုနီးရွားႏိုင္ငံ အာေခ်းကမ္းေျခကို ႐ိုဟင္ဂ်ာေလွစီးေျပးဒုကၡသည္ေတြ အလုံးအရင္းနဲ႔ ေရာက္လာသလို၊ ထိုင္းႏိုင္ငံ ဖူးခက္ဘက္လည္း စက္ေလွေတြနဲ႔ ႐ိုဟင္ဂ်ာဒုကၡသည္အမ်ားအျပား ေရာက္လာတာေတြလည္း ရွိေနပါတယ္။ ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕နယ္ထဲမွာလည္း ႐ိုဟင္ဂ်ာမူဆလင္ေတြလို႔ ယူဆရတဲ့သူေတြ အစုလိုက္အၿပဳံလိုက္ ေသဆုံးေနတာေတြ ေတြ႔ရွိခဲ့ပါတယ္။ အခုလို ႐ိုဟင္ဂ်ာေတြ ပင္လယ္ျပင္ေတြ ကုန္းလမ္းေရလမ္းေတြမွာ ဒုကၡအက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတဲ့အေျခအေနအေပၚ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအဖြဲ႔အစည္းေတြနဲ႔ ႐ိုဟင္ဂ်ာအေရး လႈပ္ရွားသူေတြဘက္ကလည္း အေတာ္ေလးကို စိုးရိမ္ေနၾကပါတယ္။

သူတို႔အတြက္ ထိန္းခ်ဳပ္ကန႔္သတ္ခ်က္ေတြမ်ားတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြနဲ႔ ျမန္မာႏိုင္ငံထဲက စိုးရိမ္ရတဲ့ လုံၿခဳံေရးအေျခအေနေတြေၾကာင့္ မြန္းက်ပ္တဲ့ ဒုကၡေတြထဲက လြတ္ေျမာက္႐ုန္းထြက္ႏိုင္ေျခ ရွိမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြေၾကာင့္ သူတို႔အတြက္ အသက္အႏၲရာယ္ရွိမွန္းသိရက္နဲ႔ အသက္ေသရင္လည္း ေသပါေစဆိုၿပီး ကမ္းမျမင္လမ္းမျမင္ ပင္လယ္လမ္းေတြကို မ်က္စိစုံမွိတ္ ေ႐ြးခ်ယ္ခဲ့ၾကတာလို႔ ဘာလုခါလီစခန္းအမွတ္ (၉) က ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေစာလြင္က ဗြီအိုေအျမန္မာပိုင္းကို ေျပာျပပါတယ္။

ဦးေစာလြင္ ။ ။ ေျပာရမယ္ဆိုရင္ သူတို႔က စီးပြားေရးအေျခအေနကလည္း အဆင္မေျပဘူး။ ဒီမွာက အစားအေသာက္ကလည္း အဆင္မေျပဘူး။ လူေနမႈဘဝေတြကလည္း ဘယ္လိုမွ အဆင္မေျပဘူးဆိုေတာ့ သူတို႔က ရတဲ့ေနရာေတြကိုထြက္ဖို႔ လုပ္တာ။ ဒီမွာဆိုလည္း ေသမွာပဲ။ အဲ့မွာသြားလည္း ေသမွာပဲဆိုၿပီး သူတို႔က ထြက္သြားလိုက္ၾကတာ။ ဘဂၤလားေဒ့ရွ္မွာ က်ေနာ္တို႔ ေနၾကရတယ္ဆိုတာကလည္း ဒုကၡသည္စခန္းေတြထဲမွာ ေနၾကရတာဆိုေတာ့ ေနရတာ သိပ္ၿပီးအဆင္မေျပဘူး။ က်ေနာ္တို႔မွာ က်ေနာ္တို႔ သြားခ်င္တဲ့ေနရာကို ဘယ္လိုမွ သြားလို႔မရဘူး။ ဘဂၤလားေဒ့ရွ္အစိုးရကလည္း က်ေနာ္တို႔ကို ကန႔္သတ္ထားတာ ရွိတယ္။ စခန္းေတြထဲကေန လုံးဝ မထြက္ရဘူး။ လုံးဝ မထြက္ရဘူး ဘယ္လိုမွ ထြက္လို႔မရဘူး။ ေဆးလက္မွတ္ေတြနဲ႔ ထြက္လို႔ရတယ္ဆိုေပမဲ့ ေဆးလက္မွတ္နဲ႔ပဲ အကန႔္အသတ္နဲ႔ သြားရတယ္။ အေရာင္းအဝယ္တခုခု လိုအပ္လာတယ္ဆိုရင္လည္း က်ေနာ္တို႔ လုံးဝသြားလို႔မရဘူး။ ဒီအေျခအေနမွာ က်ေနာ္တို႔မွာ အင္မတန္မွ စိုးရိမ္စရာေကာင္းတယ္ ေၾကာက္စရာေကာင္းတဲ့အေျခအေနေတြလည္း ျဖစ္ေနတယ္။ ဒီမွာက လူကုန္ကူးမႈနဲ႔ပတ္သက္ၿပီး သူတို႔က က်ေနာ္တို႔ကို သတိေပးတာရွိတယ္ မသြားနဲ႔။ ခင္ဗ်ားတို႔သြားမယ္ဆို ေသသြားႏိုင္တဲ့အထိျဖစ္မယ္ မေလးရွားကိုမသြားနဲ႔။ အင္ဒိုနီးရွားကို မသြားနဲ႔၊ ပြဲစားေတြကို မယုံနဲ႔၊ အဲ့ဒါေတြ ေျပာထားတာရွိေပမဲ့ က်ေနာ္တို႔ဘက္က အေရးတႀကီး ေျပာခ်င္တာကေတာ့ က်ေနာ္တို႔ေတြ ဒီမွာ တခုခုျဖစ္သြားတယ္ဆိုရင္ေတာင္ သက္ဆိုင္တဲ့သူေတြက ခ်က္ျခင္းသြားၾကည့္တာ မဟုတ္ဘူး။ ၁ နာရီ ၂ နာရီေက်ာ္မွ သြားစစ္ေဆးတာ။ ဝမ္းနည္းဖို႔ေကာင္းတယ္။ က်ေနာ္တို႔အတြက္ ဘာကိုမွ အေလးအနက္ထား လုပ္ေပးတာလည္း မရွိဘူးေလ။

တကယ္ေတာ့ ဒီလိုထိန္းခ်ဳပ္ကန႔္သတ္မႈ စိုးရိမ္စရာေကာင္းတဲ့အေျခအေန အေနအထား ဒုကၡေတာကေန လြတ္ေျမာက္ေရး နည္းလမ္းေပါင္းစုံသုံး ေလွစီးေျပး ထြက္ေျပးၾကရတဲ့ ႐ိုဟင္ဂ်ာေတြဟာ အစုလိုက္အၿပဳံလိုက္ အသက္ေသဆုံးတဲ့အထိ ဒုကၡေတြ အဆင့္ဆင့္ ထပ္ႀကဳံေနၾကရတာပါ။ သူတို႔ကို လူကုန္ကူးခံရတာေတြအပါဝင္ ပြဲစားေတြ ဆက္သြယ္ေပးသူေတြအတြက္ ဝန္ေဆာင္မႈေပးရတဲ့အခါ ဒုကၡသည္စခန္းေတြထဲမွာ ရွိသမွ်စုေဆာင္းေငြေတြ လိမ္လည္ခံရတာမ်ိဳး ရွိသလို၊ ထြက္သြားတဲ့ လမ္းေၾကာင္းေတြမွာလည္း သဘာဝေဘးအႏၲရာယ္မ်ိဳးစုံေၾကာင့္ အသက္ဆုံးရသလို၊ သက္ဆိုင္ရာအာဏာပိုင္ေတြရဲ႕ ဖမ္းဆီးမႈေတြအျပင္၊ ပြဲစားေတြရဲ႕ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈလို ညႇင္းပမ္းႏွိပ္စက္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ၾကရတာပါ။

အခုလို အသက္ဆုံးရတဲ့အထိ ႀကဳံေနရတဲ့ အျဖစ္မ်ိဳးေတြႀကဳံေနရေပမဲ့ ဒုကၡအခက္အခဲအၾကပ္အတည္းေတြကေန လြတ္ေျမာက္ႏိုင္ေရး ႐ိုဟင္ဂ်ာဒုကၡသည္ေတြဘက္က နည္းလမ္းေပါင္းစုံနဲ႔ ထြက္ခြာေနၾကတဲ့ အေျခအေနကို ေကာ့ဇ္ဘဇားခ႐ိုင္ ကုတုပေလာင္ဒုကၡသည္စခန္း အမွတ္ (၇) မွာ ခိုလႈံေနထိုင္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ကိုေအာင္ၿမိဳင္က အခုလို ရွင္းျပပါတယ္။

ကိုေအာင္ၿမိဳင္ ။ ။ အဓိကက ႐ိုဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံခဲ့ရတာကေန ဒီလိုအေျခအေနမ်ိဳးေတြ ျဖစ္လာရတာပါ။ ဒီလူေတြမွာ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာပါ ဘာမွ ေမွ်ာ္လင့္ခ်က္ မရွိၾကပါဘူး။ ဒီေတာ့ ျပည္တြင္းဒုကၡသည္စခန္းေတြကေရာ၊ ျပည္တြင္းမွာေနတဲ့တျခားၿမိဳ႕နယ္ ေက်း႐ြာေတြကေရာ ေနာက္ၿပီးေတာ့ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြထဲကေရာ ေနရာသုံးခုစလုံးကေန ထြက္သြားၾကတာမ်ားတယ္။ ထြက္သြားၾကတဲ့လမ္းေၾကာင္းေတြက ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္။ အဲ့ရေသ့ေတာင္ကေန စုေဆာင္းေနတဲ့သူေတြ ရွိတယ္ အဲ့ဒီကေနတဆင့္ ရန္ကုန္တိုင္း ေဒသႀကီးပါ။ ရန္ကုန္တိုင္းေဒသႀကီးဘက္၊ ေနာက္ ထိုင္းနယ္စပ္ေတြပါ။ ထိုင္းနယ္စပ္ေတြကေနလည္း မေလးရွားနယ္စပ္ဘက္ပါ အဲ့သလို အဆင့္ဆင့္ထြက္ခြာေနၾကတာပါ ေနာက္တခုက ဒီမွာဆိုရင္ အင္ဒိုနီးရွားေပါ့ေနာ္။ အင္ဒိုနီးရွားဘက္ကို ထြက္တာေတြလည္း ရွိတယ္။ ဘဂၤလားေဒ့ရွ္ဘက္ဆိုရင္ စစ္တေကာင္းကေန ထြက္သြားတာလည္း ရွိတယ္။ တလတႀကိမ္ပါ စစ္တေကာင္းကေနဆိုရင္ အင္ဒိုနီးရွားလမ္းေၾကာင္း ရွိပါတယ္။

မဆုမြန္ ။ ။ အဲ့ဒီ့ေတာ့ အဲ့သလို လမ္းေၾကာင္းေပါင္းစုံကေန ထြက္ၾကရတယ္ဆိုေတာ့ ဘယ္လိုလမ္းေၾကာင္းေတြက အထြက္မ်ားလဲ။ ဝန္ေဆာင္ခ ေပးရတဲ့အေနအထားကေရာ ဘယ္လိုရွိပါလဲရွင့္။

ကိုေအာင္ၿမိဳင္ ။ ။ အဲ့ဒါကေတာ့ အခ်င္းခ်င္းလုပ္ေပးတာပါ ဝန္ေဆာင္ခက အစားစားပါ။ မေလးရွားမွာ ရွိတယ္။ ထိုင္းမွာလည္း ရွိတယ္။ ရခိုင္ဘက္မွာလည္း ရွိတယ္။ ၿပီးေတာ့ ဒုကၡသည္စခန္းအသီးသီးမွာလည္း ရွိတယ္။ ရခိုင္ဘက္မွာဆိုရင္ ပြဲစားေတြက စစ္တပ္ဘက္ကေရာ တျခားအဖြဲ႔အစည္းေတြကေရာ သူတို႔ထိန္းခ်ဳပ္ထားတဲ့နယ္ေျမေတြ ရွိတယ္။ ဒီလိုထိန္းခ်ဳပ္ထားတဲ့နယ္ေျမေတြကေန ဒီလူေတြ ဘာေၾကာင့္ထြက္သြားႏိုင္လဲ ေန႔စဥ္နဲ႔အမွ် ဒါကေတာ့ ေမးခြန္းထုတ္စရာေတြျဖစ္တယ္။ ကုန္းလမ္းကေရာ ေရလမ္းကေရာ အကုန္လုံး ပါဝင္ပတ္သတ္မႈေတြရွိတယ္။ ပိုက္ဆံေပးတယ္ဆိုရင္ ထြက္လို႔ရတာေပါ့ ။ က်ေနာ္တို႔ ဒုကၡသည္စခန္းကဆိုရင္ ရခိုင္ဘက္ ရေသ့ေတာင္ဘက္ကို အေရာက္သြားမယ္ဆို ၁၀ သိန္းပါ။ အဲ့ဒီကေနတဆင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ထိုင္းနယ္စပ္ဘက္ကို ေရာက္သြားရင္ သိန္း ၄၀ ပါ။ ျမန္မာေငြပါ။ ထိုင္းကေန မေလးရွားဘက္ကိုသြားမယ္ဆိုရင္ သိန္း ၃၅ သိန္းပါ။ စုစုေပါင္း ၈၅ သိန္း အကုန္အက်ခံရပါတယ္။

မဆုမြန္ ။ ။ ဟုတ္ၿပီ။ အဲ့သလို လမ္းေၾကာင္းေတြကေန ထြက္သြားၾကတယ္ေပါ့ အခုဆိုရင္ ဒီရက္ပိုင္းေတြမွာ အဖမ္းဆီးခံရတဲ့သတင္းေတြက ခပ္စိပ္စိပ္ၾကားရတယ္။ ျမန္မာျပည္ထဲမွာလည္း အစုလိုက္အၿပဳံလိုက္ အဖမ္းဆီးခံရတာ ရွိတယ္ ဒီလိုထြက္သြားဖို႔ လုပ္တဲ့သူေတြ အုပ္စုလိုက္ႀကီးေတြ အဖမ္းဆီးခံၾကရေတာ့ သူတို႔ထြက္ခြာသြားၾကရတဲ့ လမ္းေၾကာင္းေတြမွာ ဘယ့္ေလာက္အထိ အႏၲရာယ္ရွိသလဲ။ လမ္းေတြမွာ အဖမ္းဆီးခံၾကရတဲ့အခါ သူတို႔ သြားလိုတဲ့ခရီးစဥ္ေတြ အဆုံးအထိ မေရာက္ၾကရတဲ့အခါမွာ ဒီလူေတြမွာ ဘယ္ေလာက္အထိ ဒုကၡေတြ ေတြ႔ၾကရသလဲ။ သိသေလာက္ေလး ေျပာျပေပးပါ။

ကိုေအာင္ၿမိဳင္ ။ ။ သူတို႔ေတြဟာ သူတို႔သြားတဲ့လမ္းေၾကာင္းတိုင္းမွာ အခက္အခဲေပါင္းမ်ားစြာနဲ႔ ထြက္ခြာေနၾကရတာပါ။ သူတို႔သြားတဲ့လမ္းေၾကာင္းက ကုန္းလမ္းလည္း ရွိတယ္။ ေရလမ္းလည္း ရွိတယ္။ အဲ့ဒီ့လမ္းေၾကာင္းမွာ ပြဲစားေတြက ႏွစ္ခါ ဆက္လိမ္တာမ်ိဳးေတာင္ ရိွတယ္။ ထိုင္းေရာက္ၿပီးတာေတာင္ သူတို႔ဆီက ပိုက္ဆံရၿပီးတာေတာင္ ထပ္ေတာင္းတာ ရွိတယ္။ ႐ိုက္ႏွက္တာ ရွိတယ္။ သတ္ျဖတ္တာ ရွိတယ္။ ၿပီးေတာ့ လမ္းေၾကာင္းမွာ အမ်ိဳးသမီးေတြဆိုရင္ မုဒိမ္းက်င့္ခံရတာေတာင္ ရိွတယ္။ တခ်ိဳ႕ဆိုရင္ ေရလမ္းမွာ အသက္ဆုံးသြားတာ ရွိတယ္။ ၿပီးေတာ့ သူတို႔ကို ျမန္မာျပည္ထဲမွာ မိတယ္ဆိုရင္ သူတို႔ကို “ခိုးဝင္” တံဆိပ္တပ္ၿပီး၊ နယ္ေက်ာ္ဆိုၿပီး ပုဒ္မေတြ အမ်ိဳးမ်ိဳးတပ္ၿပီးေတာ့ အာဏာပိုင္ေတြက သူတို႔ကို ေထာင္ခ်တာလည္း ရွိတယ္။ ၿပီးေတာ့ မေလးရွားမွာေရာ အင္ဒိုနီးရွားမွာပါ ေထာင္ခ်ပစ္လိုက္တာေတြလည္း အမ်ားႀကီး ရွိတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ သြားေနၾကတဲ့ကာယကံရွင္တိုင္းဟာ သူတို႔ကိုယ္တိုင္ ႀကဳံရမယ္ဆိုတာကို သိၿပီးသားကိစၥေတြပါ။ သိၿပီးသားကိစၥေတြဆိုေပမဲ့ ဒီလူေတြမွာ ဘာမွ ေမွ်ာ္လင့္ခ်က္ မရွိဘူး။ ဥပမာ ဒီဘဂၤလားေဒ့ရွ္မွာဆိုရင္လည္းပဲ ဒုကၡသည္ဘဝနဲ႔ ငါးႏွစ္ေတာင္ ရိွသြားၿပီ။ ျမန္မာျပည္ထဲမွာဆိုလည္းပဲ IDP ကမ့္ေတြမွာ ေနရတာ ဆယ္ႏွစ္ျပည့္သြားၿပီ။ ၿပီးေတာ့ ေမာင္ေတာ၊ ဘူးသီးေတာင္က လူေတြဆိုလည္း ဆယ္စုႏွစ္ေပါင္းမ်ားစြာ ရွိလာၿပီ။ သူတို႔အတြက္ အသြားအလာေတြေရာ ပညာေရးေရာ က်န္းမာေရးေရာ။ အလုပ္အကိုင္အခြင့္အလမ္းေရာ ဘာဆို ဘာမွ ေမွ်ာ္လင့္ခ်က္ မရွိဘူး။ ဒါေၾကာင့္ ဒီလူေတြမွာ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာေရာ လူမႈေရးဆိုင္ရာေရာ ဘာသာေရးဆိုင္ရာေရာ သူတို႔အတြက္ ဘာဆိုဘာမွ မရွိဘူး။ သူတို႔မွာ စိတ္ေရာဂါရတာပဲ ရွိတယ္။ ဒါေၾကာင့္ ေနာက္ဆုံးမွာ သူတို႔ ဒီလမ္းေၾကာင္းကိုပဲ ေ႐ြးလိုက္ၾကတာပါ။ က်ေနာ္တို႔ေတြ ေသရင္လည္း ေသေပ့ေစ၊ ေသသြားမယ္ဆိုတာလည္း သူတို႔ သိတယ္။ တကယ္လို႔ရွင္ရင္ေတာ့ ဘဝက တခုခုထူးလာမယ္၊ တိုးတက္လာမယ္ဆိုၿပီး ေသရင္လည္း ေသပါေစ ရွင္ရင္လည္း ကံၾကမၼာက ထူးလာမယ္ဆိုၿပီးေတာ့ အဲ့လိုေမွ်ာ္လင့္ခ်က္ေတြနဲ႔ပဲ ထြက္သြားေနၾကတာပါ။

မဆုမြန္ ။ ။ ၿပီးခဲ့တဲ့ တနလၤာေန႔ကဆို မဂၤလာဒုံဘက္မွာ လူအစုလိုက္ သတ္ၿပီးေတာ့ လမ္းေဘးမွာ ပစ္ခဲ့တာေတြလည္း ရွိတယ္။ တခ်ိဳ႕ဆိုလည္း လမ္းမွာ ေအာက္ဆီဂ်င္ျပတ္လပ္တာမ်ိဳး၊ အစာေရစာျပတ္လပ္ၿပီး လမ္းခရီးမွာ ဒုကၡေရာက္ၾကရတာေတြရွိေတာ့၊ ဒီလိုလမ္းေတြမွာ ဒုကၡေတြ႔ေနတဲ့သူတို႔အတြက္ ဘာမ်ားလုပ္ေပးႏိုင္တာမ်ိဳး ရွိမလဲ။ ေနာက္ၿပီးေတာ့ သူတို႔လမ္းမွာ ဒီေလာက္အထိ အခက္အခဲေတြ ဒုကၡေတြေရာက္ ဘဝေတြပ်က္တဲ့အထိႀကဳံေနရတာေတာင္ ဒီလမ္းေတြကေနပဲ လြတ္ေျမာက္ေအာင္ ေန႔တိုင္းသြားေနၾကတယ္ဆိုေတာ့ ဒီလိုအေနအထားအေပၚ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအေနနဲ႔ ဘာမ်ားေျပာခ်င္တာရွိပါလဲရွင့္။

ကိုေအာင္ၿမိဳင္ ။ ။ အဓိက ဇစ္ျမစ္က ဘာလဲဆိုရင္ ဒီလူေတြမွာ လူ႔အခြင့္အေရးဆိုတာ ဘာမွ မရွိဘူး။ ေနာက္ အလုပ္အကိုင္ အခြင့္အလမ္းေတြကေန စတင္ၿပီးမွာ ဒီလူေတြမွာ လူ႔အခြင့္အေရးေတြ အစစအရာရာ ခ်ိဳးေဖာက္ခံေနရတယ္။ လူတေယာက္မွာ ဘာဆိုဘာမွ ေမွ်ာ္လင့္ခ်က္ မရွိေတာ့ဘူးဆိုရင္ သူ႔ကိုယ္သူ သတ္ေသဖို႔အထိ ေတြးမိတဲ့အေတြးေတြဝင္လာတာ ရွိတယ္။ ဆိုေတာ့ ဥပမာ ရခိုင္ျပည္နယ္ဆိုရင္၊ ရခိုင္ျပည္နယ္မွာ ေဘးကင္းလုံၿခဳံတယ္ ဂုဏ္သိကၡာရွိရွိ ေနထိုင္ႏိုင္ေအာင္ ကမာၻ႔အသိုင္းအဝိုင္းကေန အစီအစဥ္ေတြ စနစ္တက် အစီအမံေတြ လုပ္ေပးရမွာပါ။ သူတို႔မွာ လူ႔ဂုဏ္သိကၡာနဲ႔အညီ ေနထိုင္ႏိုင္ေအာင္ လုပ္ေပးႏိုင္မယ္ဆိုလို႔ဆိုရင္၊ ၿပီးေတာ့ NGO/ INGO ေတြကေန သူတို႔ကို ပညာေပးအစီအစဥ္ေတြ စနစ္တက်လုပ္ေပးမယ္ဆိုရင္ သူတို႔အတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ ေပးတာတို႔ဆိုရင္၊ သူတို႔အတြက္ အလုပ္အကိုင္အခြင့္အလမ္း ဖန္တီးေပးတာမ်ိဳးေတြ ေဆာင္႐ြက္ေပးရမွာပါ။ အဲ့ဒီလို ေမွ်ာ္လင့္ခ်က္ေတြ အာမခံခ်က္ေပးတာမ်ိဳးေတြ မရွိဘူးဆိုရင္ ဒီကိစၥဟာ ဆက္ၿပီးေတာ့ ရွိေနဦးမွာပဲ ဆက္ၿပီးေတာ့ ျဖစ္ေနဦးမွာပါပဲ။”

အခုလို ပြင့္လင္းရာသီေရာက္လာခ်ိန္တိုင္း ႐ိုဟင္ဂ်ာမူဆလင္ေတြဟာ ပင္လယ္ခရီးၾကမ္းေတြ ကုန္လမ္းေတြကေန သူတို႔သြားလိုတဲ ႏိုင္ငံေတြဆီ ခရီးႏွင္ေနၾကတာပါ တခ်ိဳ႕ဆိုရင္လည္း ဘယ္ေရာက္ေရာက္ ေရာက္ခ်င္တာေရာက္ ဒီဒုကၡေတြကေန ကင္းေဝးရင္ၿပီးေရာဆိုတဲ့ စိတ္ေဇာေတြနဲ႔ ထြက္ခြာလာၾကတာ မ်ားတယ္လို႔လည္း ဆိုပါတယ္ လတ္တေလာအေျခအေနမွာေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို တရားဝင္ အသိအမွတ္ျပဳ လက္ခံမထားတဲ့ ျမန္မာႏိုင္ငံဘက္မွာ မူဆလင္ေတြကို နယ္ေက်ာ္ျဖတ္တယ္ဆိုတဲ့ စြဲခ်က္ေတြနဲ႔ ဖမ္းဆီးေနသလို၊ ဘဂၤလားေဒ့ရွ္ဘက္ကို တိမ္းေရွာင္သြားတဲ့ ရခိုင္ျပည္နယ္က ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြကိုေတာင္ အဆင့္ဆင့္စိစစ္ၿပီးမွ လက္ခံမယ္ဆိုတဲ့အေၾကာင္း ေျပာဆိုထားတာပါ။ ဒါေပမဲ့လဲ လက္ေတြ႔မွာေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္ေတြ အထမေျမာက္ေသးသလို၊ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္တာေၾကာင့္ ႐ိုဟင္ဂ်ာအေရး ႏွစ္ႏိုင္ငံၾကား ဘယ္လို ဆက္လက္ကိုင္တြယ္မလဲ ဆိုတာကလည္း ရွင္းရွင္းလင္းလင္းေတာ့ မရွိေသးပါဘူး။

ဒီလိုအေျခအေနမွာ ကေလးသူငယ္ေတြ၊ အမ်ိဳးသမီးငယ္ေတြ၊ လူငယ္လူလတ္ပိုင္းအမ်ားစုပါတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ ျမန္မာႏိုင္ငံ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံေတြကေန ေရလမ္း၊ ကုန္းလမ္း နည္းလမ္းမ်ိဳးစုံနဲ႔ ဘဝတဆစ္ခ်ိဳး ေျပာင္းလဲလာႏိုင္မလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ အသက္ေတြ ဘဝေတြနဲ႔ရင္းၿပီး အနာဂတ္အတြက္ မေသခ်ာမေရရာလွတဲ့ ပင္လယ္ျပင္ခရီးၾကမ္းေတြကို ဆက္ႏွင္ေနၾကဆဲ ျဖစ္ပါတယ္။

==== Unicode ====

ပွင့်လင်းရာသီချိန် ရောက်လာတာကြောင့်ရော ဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေအတွက် အသက်အန္တရာယ် လုံခြုံရေး စိုးရိမ်မှုတွေ ပိုတိုးလာတာကြောင့်ပါ မျှော်လင့်ချက် အနာဂတ်မဲ့နေတဲ့ ကန့်သတ်ချက်တွေနဲ့ နေထိုင်နေရတဲ့ ဘဝတွေကနေ လွတ်မြောက်ရေး ရိုဟင်ဂျာမွတ်ဆလင်တွေ ကြိုးစားနေကြပါတယ်။ ပင်လယ်ပြင်အပါအဝင် ကုန်းလမ်းရေလမ်း နည်းလမ်းမျိုးစုံနဲ့ အသက်နဲ့ရင်း သွားလာရင်း ဒုက္ခတွေရဲ့ ထွက်ပေါက်လမ်းရှာကြတာမွာ ခရီးလမ်းမွာ အသက်သေဆုံးရသူတဲ့အထိ ကြုံရတာတွေ ဆယ်စုနှစ်နဲ့ချီ ရင်ဆိုင်နေကြရတဲ့ ရိုဟင်ဂျာတွေရဲ့ အခက်အခဲ ဒုက္ခစိန်ခေါ်မှုတွေအကြောင်း မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

သိန်းနဲ့ချီ ရိုဟင်ဂျာမူဆလင်တွေဟာ လက်ရှိခိုလှုံနေထိုင်နေကြရတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာလည်း မျှော်လင့်ချက်မဲ့နေသလို သူတို့နေထိုင်ခဲ့ရာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ နေနေကြဆဲ မူဆလင်တွေအတွက်လည်း နိုင်ငံတွင်း ခရီးသွားလာခွင့် ကန့်သတ်ချက်တွေလို တင်းကျပ်တဲ့ စည်းမျဉ်းတွေကြား ထွက်ပေါက်ပိတ်နေသလို ဖြစ်နေလို့ ပင်လယ်လမ်း၊ ကုန်းလမ်း ရေလမ်းတွေကနေ သူတို့အတွက် အဆင်ပြေနိုင်မယ့်နိုင်ငံတွေဆီ ခရီးဆက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ နှစ်ရှည်လများ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

ဒီသီတင်းပတ်တွေအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်တွေ အလုံးအရင်းနဲ့ ရောက်လာသလို၊ ထိုင်းနိုင်ငံ ဖူးခက်ဘက်လည်း စက်လှေတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်အများအပြား ရောက်လာတာတွေလည်း ရှိနေပါတယ်။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲမှာလည်း ရိုဟင်ဂျာမူဆလင်တွေလို့ ယူဆရတဲ့သူတွေ အစုလိုက်အပြုံလိုက် သေဆုံးနေတာတွေ တွေ့ရှိခဲ့ပါတယ်။ အခုလို ရိုဟင်ဂျာတွေ ပင်လယ်ပြင်တွေ ကုန်းလမ်းရေလမ်းတွေမှာ ဒုက္ခအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေဘက်ကလည်း အတော်လေးကို စိုးရိမ်နေကြပါတယ်။

သူတို့အတွက် ထိန်းချုပ်ကန့်သတ်ချက်တွေများတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံထဲက စိုးရိမ်ရတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မွန်းကျပ်တဲ့ ဒုက္ခတွေထဲက လွတ်မြောက်ရုန်းထွက်နိုင်ခြေ ရှိမလားဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် သူတို့အတွက် အသက်အန္တရာယ်ရှိမှန်းသိရက်နဲ့ အသက်သေရင်လည်း သေပါစေဆိုပြီး ကမ်းမမြင်လမ်းမမြင် ပင်လယ်လမ်းတွေကို မျက်စိစုံမှိတ် ရွေးချယ်ခဲ့ကြတာလို့ ဘာလုခါလီစခန်းအမှတ် (၉) က ရိုဟင်ဂျာဒုက္ခသည် ဦးစောလွင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

ဦးစောလွင် ။ ။ ပြောရမယ်ဆိုရင် သူတို့က စီးပွားရေးအခြေအနေကလည်း အဆင်မပြေဘူး။ ဒီမှာက အစားအသောက်ကလည်း အဆင်မပြေဘူး။ လူနေမှုဘဝတွေကလည်း ဘယ်လိုမှ အဆင်မပြေဘူးဆိုတော့ သူတို့က ရတဲ့နေရာတွေကိုထွက်ဖို့ လုပ်တာ။ ဒီမှာဆိုလည်း သေမှာပဲ။ အဲ့မှာသွားလည်း သေမှာပဲဆိုပြီး သူတို့က ထွက်သွားလိုက်ကြတာ။ ဘင်္ဂလားဒေ့ရှ်မှာ ကျနော်တို့ နေကြရတယ်ဆိုတာကလည်း ဒုက္ခသည်စခန်းတွေထဲမှာ နေကြရတာဆိုတော့ နေရတာ သိပ်ပြီးအဆင်မပြေဘူး။ ကျနော်တို့မှာ ကျနော်တို့ သွားချင်တဲ့နေရာကို ဘယ်လိုမှ သွားလို့မရဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ကျနော်တို့ကို ကန့်သတ်ထားတာ ရှိတယ်။ စခန်းတွေထဲကနေ လုံးဝ မထွက်ရဘူး။ လုံးဝ မထွက်ရဘူး ဘယ်လိုမှ ထွက်လို့မရဘူး။ ဆေးလက်မှတ်တွေနဲ့ ထွက်လို့ရတယ်ဆိုပေမဲ့ ဆေးလက်မှတ်နဲ့ပဲ အကန့်အသတ်နဲ့ သွားရတယ်။ အရောင်းအဝယ်တခုခု လိုအပ်လာတယ်ဆိုရင်လည်း ကျနော်တို့ လုံးဝသွားလို့မရဘူး။ ဒီအခြေအနေမှာ ကျနော်တို့မှာ အင်မတန်မှ စိုးရိမ်စရာကောင်းတယ် ကြောက်စရာကောင်းတဲ့အခြေအနေတွေလည်း ဖြစ်နေတယ်။ ဒီမှာက လူကုန်ကူးမှုနဲ့ပတ်သက်ပြီး သူတို့က ကျနော်တို့ကို သတိပေးတာရှိတယ် မသွားနဲ့။ ခင်ဗျားတို့သွားမယ်ဆို သေသွားနိုင်တဲ့အထိဖြစ်မယ် မလေးရှားကိုမသွားနဲ့။ အင်ဒိုနီးရှားကို မသွားနဲ့၊ ပွဲစားတွေကို မယုံနဲ့၊ အဲ့ဒါတွေ ပြောထားတာရှိပေမဲ့ ကျနော်တို့ဘက်က အရေးတကြီး ပြောချင်တာကတော့ ကျနော်တို့တွေ ဒီမှာ တခုခုဖြစ်သွားတယ်ဆိုရင်တောင် သက်ဆိုင်တဲ့သူတွေက ချက်ခြင်းသွားကြည့်တာ မဟုတ်ဘူး။ ၁ နာရီ ၂ နာရီကျော်မှ သွားစစ်ဆေးတာ။ ဝမ်းနည်းဖို့ကောင်းတယ်။ ကျနော်တို့အတွက် ဘာကိုမှ အလေးအနက်ထား လုပ်ပေးတာလည်း မရှိဘူးလေ။

တကယ်တော့ ဒီလိုထိန်းချုပ်ကန့်သတ်မှု စိုးရိမ်စရာကောင်းတဲ့အခြေအနေ အနေအထား ဒုက္ခတောကနေ လွတ်မြောက်ရေး နည်းလမ်းပေါင်းစုံသုံး လှေစီးပြေး ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာတွေဟာ အစုလိုက်အပြုံလိုက် အသက်သေဆုံးတဲ့အထိ ဒုက္ခတွေ အဆင့်ဆင့် ထပ်ကြုံနေကြရတာပါ။ သူတို့ကို လူကုန်ကူးခံရတာတွေအပါဝင် ပွဲစားတွေ ဆက်သွယ်ပေးသူတွေအတွက် ဝန်ဆောင်မှုပေးရတဲ့အခါ ဒုက္ခသည်စခန်းတွေထဲမှာ ရှိသမျှစုဆောင်းငွေတွေ လိမ်လည်ခံရတာမျိုး ရှိသလို၊ ထွက်သွားတဲ့ လမ်းကြောင်းတွေမှာလည်း သဘာဝဘေးအန္တရာယ်မျိုးစုံကြောင့် အသက်ဆုံးရသလို၊ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုတွေအပြင်၊ ပွဲစားတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုလို ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာပါ။

အခုလို အသက်ဆုံးရတဲ့အထိ ကြုံနေရတဲ့ အဖြစ်မျိုးတွေကြုံနေရပေမဲ့ ဒုက္ခအခက်အခဲအကြပ်အတည်းတွေကနေ လွတ်မြောက်နိုင်ရေး ရိုဟင်ဂျာဒုက္ခသည်တွေဘက်က နည်းလမ်းပေါင်းစုံနဲ့ ထွက်ခွာနေကြတဲ့ အခြေအနေကို ကော့ဇ်ဘဇားခရိုင် ကုတုပလောင်ဒုက္ခသည်စခန်း အမှတ် (၇) မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က အခုလို ရှင်းပြပါတယ်။

ကိုအောင်မြိုင် ။ ။ အဓိကက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာကနေ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရတာပါ။ ဒီလူတွေမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဘာမှ မျှော်လင့်ချက် မရှိကြပါဘူး။ ဒီတော့ ပြည်တွင်းဒုက္ခသည်စခန်းတွေကရော၊ ပြည်တွင်းမှာနေတဲ့တခြားမြို့နယ် ကျေးရွာတွေကရော နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲကရော နေရာသုံးခုစလုံးကနေ ထွက်သွားကြတာများတယ်။ ထွက်သွားကြတဲ့လမ်းကြောင်းတွေက ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်။ အဲ့ရသေ့တောင်ကနေ စုဆောင်းနေတဲ့သူတွေ ရှိတယ် အဲ့ဒီကနေတဆင့် ရန်ကုန်တိုင်း ဒေသကြီးပါ။ ရန်ကုန်တိုင်းဒေသကြီးဘက်၊ နောက် ထိုင်းနယ်စပ်တွေပါ။ ထိုင်းနယ်စပ်တွေကနေလည်း မလေးရှားနယ်စပ်ဘက်ပါ အဲ့သလို အဆင့်ဆင့်ထွက်ခွာနေကြတာပါ နောက်တခုက ဒီမှာဆိုရင် အင်ဒိုနီးရှားပေါ့နော်။ အင်ဒိုနီးရှားဘက်ကို ထွက်တာတွေလည်း ရှိတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ဆိုရင် စစ်တကောင်းကနေ ထွက်သွားတာလည်း ရှိတယ်။ တလတကြိမ်ပါ စစ်တကောင်းကနေဆိုရင် အင်ဒိုနီးရှားလမ်းကြောင်း ရှိပါတယ်။

မဆုမွန် ။ ။ အဲ့ဒီ့တော့ အဲ့သလို လမ်းကြောင်းပေါင်းစုံကနေ ထွက်ကြရတယ်ဆိုတော့ ဘယ်လိုလမ်းကြောင်းတွေက အထွက်များလဲ။ ဝန်ဆောင်ခ ပေးရတဲ့အနေအထားကရော ဘယ်လိုရှိပါလဲရှင့်။

ကိုအောင်မြိုင် ။ ။ အဲ့ဒါကတော့ အချင်းချင်းလုပ်ပေးတာပါ ဝန်ဆောင်ခက အစားစားပါ။ မလေးရှားမှာ ရှိတယ်။ ထိုင်းမှာလည်း ရှိတယ်။ ရခိုင်ဘက်မှာလည်း ရှိတယ်။ ပြီးတော့ ဒုက္ခသည်စခန်းအသီးသီးမှာလည်း ရှိတယ်။ ရခိုင်ဘက်မှာဆိုရင် ပွဲစားတွေက စစ်တပ်ဘက်ကရော တခြားအဖွဲ့အစည်းတွေကရော သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေ ရှိတယ်။ ဒီလိုထိန်းချုပ်ထားတဲ့နယ်မြေတွေကနေ ဒီလူတွေ ဘာကြောင့်ထွက်သွားနိုင်လဲ နေ့စဉ်နဲ့အမျှ ဒါကတော့ မေးခွန်းထုတ်စရာတွေဖြစ်တယ်။ ကုန်းလမ်းကရော ရေလမ်းကရော အကုန်လုံး ပါဝင်ပတ်သတ်မှုတွေရှိတယ်။ ပိုက်ဆံပေးတယ်ဆိုရင် ထွက်လို့ရတာပေါ့ ။ ကျနော်တို့ ဒုက္ခသည်စခန်းကဆိုရင် ရခိုင်ဘက် ရသေ့တောင်ဘက်ကို အရောက်သွားမယ်ဆို ၁၀ သိန်းပါ။ အဲ့ဒီကနေတဆင့် ရန်ကုန်တိုင်းဒေသကြီး၊ ထိုင်းနယ်စပ်ဘက်ကို ရောက်သွားရင် သိန်း ၄၀ ပါ။ မြန်မာငွေပါ။ ထိုင်းကနေ မလေးရှားဘက်ကိုသွားမယ်ဆိုရင် သိန်း ၃၅ သိန်းပါ။ စုစုပေါင်း ၈၅ သိန်း အကုန်အကျခံရပါတယ်။

မဆုမွန် ။ ။ ဟုတ်ပြီ။ အဲ့သလို လမ်းကြောင်းတွေကနေ ထွက်သွားကြတယ်ပေါ့ အခုဆိုရင် ဒီရက်ပိုင်းတွေမှာ အဖမ်းဆီးခံရတဲ့သတင်းတွေက ခပ်စိပ်စိပ်ကြားရတယ်။ မြန်မာပြည်ထဲမှာလည်း အစုလိုက်အပြုံလိုက် အဖမ်းဆီးခံရတာ ရှိတယ် ဒီလိုထွက်သွားဖို့ လုပ်တဲ့သူတွေ အုပ်စုလိုက်ကြီးတွေ အဖမ်းဆီးခံကြရတော့ သူတို့ထွက်ခွာသွားကြရတဲ့ လမ်းကြောင်းတွေမှာ ဘယ့်လောက်အထိ အန္တရာယ်ရှိသလဲ။ လမ်းတွေမှာ အဖမ်းဆီးခံကြရတဲ့အခါ သူတို့ သွားလိုတဲ့ခရီးစဉ်တွေ အဆုံးအထိ မရောက်ကြရတဲ့အခါမှာ ဒီလူတွေမှာ ဘယ်လောက်အထိ ဒုက္ခတွေ တွေ့ကြရသလဲ။ သိသလောက်လေး ပြောပြပေးပါ။

ကိုအောင်မြိုင် ။ ။ သူတို့တွေဟာ သူတို့သွားတဲ့လမ်းကြောင်းတိုင်းမှာ အခက်အခဲပေါင်းများစွာနဲ့ ထွက်ခွာနေကြရတာပါ။ သူတို့သွားတဲ့လမ်းကြောင်းက ကုန်းလမ်းလည်း ရှိတယ်။ ရေလမ်းလည်း ရှိတယ်။ အဲ့ဒီ့လမ်းကြောင်းမှာ ပွဲစားတွေက နှစ်ခါ ဆက်လိမ်တာမျိုးတောင် ရှိတယ်။ ထိုင်းရောက်ပြီးတာတောင် သူတို့ဆီက ပိုက်ဆံရပြီးတာတောင် ထပ်တောင်းတာ ရှိတယ်။ ရိုက်နှက်တာ ရှိတယ်။ သတ်ဖြတ်တာ ရှိတယ်။ ပြီးတော့ လမ်းကြောင်းမှာ အမျိုးသမီးတွေဆိုရင် မုဒိမ်းကျင့်ခံရတာတောင် ရှိတယ်။ တချို့ဆိုရင် ရေလမ်းမှာ အသက်ဆုံးသွားတာ ရှိတယ်။ ပြီးတော့ သူတို့ကို မြန်မာပြည်ထဲမှာ မိတယ်ဆိုရင် သူတို့ကို “ခိုးဝင်” တံဆိပ်တပ်ပြီး၊ နယ်ကျော်ဆိုပြီး ပုဒ်မတွေ အမျိုးမျိုးတပ်ပြီးတော့ အာဏာပိုင်တွေက သူတို့ကို ထောင်ချတာလည်း ရှိတယ်။ ပြီးတော့ မလေးရှားမှာရော အင်ဒိုနီးရှားမှာပါ ထောင်ချပစ်လိုက်တာတွေလည်း အများကြီး ရှိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သွားနေကြတဲ့ကာယကံရှင်တိုင်းဟာ သူတို့ကိုယ်တိုင် ကြုံရမယ်ဆိုတာကို သိပြီးသားကိစ္စတွေပါ။ သိပြီးသားကိစ္စတွေဆိုပေမဲ့ ဒီလူတွေမှာ ဘာမှ မျှော်လင့်ချက် မရှိဘူး။ ဥပမာ ဒီဘင်္ဂလားဒေ့ရှ်မှာဆိုရင်လည်းပဲ ဒုက္ခသည်ဘဝနဲ့ ငါးနှစ်တောင် ရှိသွားပြီ။ မြန်မာပြည်ထဲမှာဆိုလည်းပဲ IDP ကမ့်တွေမှာ နေရတာ ဆယ်နှစ်ပြည့်သွားပြီ။ ပြီးတော့ မောင်တော၊ ဘူးသီးတောင်က လူတွေဆိုလည်း ဆယ်စုနှစ်ပေါင်းများစွာ ရှိလာပြီ။ သူတို့အတွက် အသွားအလာတွေရော ပညာရေးရော ကျန်းမာရေးရော။ အလုပ်အကိုင်အခွင့်အလမ်းရော ဘာဆို ဘာမှ မျှော်လင့်ချက် မရှိဘူး။ ဒါကြောင့် ဒီလူတွေမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော လူမှုရေးဆိုင်ရာရော ဘာသာရေးဆိုင်ရာရော သူတို့အတွက် ဘာဆိုဘာမှ မရှိဘူး။ သူတို့မှာ စိတ်ရောဂါရတာပဲ ရှိတယ်။ ဒါကြောင့် နောက်ဆုံးမှာ သူတို့ ဒီလမ်းကြောင်းကိုပဲ ရွေးလိုက်ကြတာပါ။ ကျနော်တို့တွေ သေရင်လည်း သေပေ့စေ၊ သေသွားမယ်ဆိုတာလည်း သူတို့ သိတယ်။ တကယ်လို့ရှင်ရင်တော့ ဘဝက တခုခုထူးလာမယ်၊ တိုးတက်လာမယ်ဆိုပြီး သေရင်လည်း သေပါစေ ရှင်ရင်လည်း ကံကြမ္မာက ထူးလာမယ်ဆိုပြီးတော့ အဲ့လိုမျှော်လင့်ချက်တွေနဲ့ပဲ ထွက်သွားနေကြတာပါ။

မဆုမွန် ။ ။ ပြီးခဲ့တဲ့ တနင်္လာနေ့ကဆို မင်္ဂလာဒုံဘက်မှာ လူအစုလိုက် သတ်ပြီးတော့ လမ်းဘေးမှာ ပစ်ခဲ့တာတွေလည်း ရှိတယ်။ တချို့ဆိုလည်း လမ်းမှာ အောက်ဆီဂျင်ပြတ်လပ်တာမျိုး၊ အစာရေစာပြတ်လပ်ပြီး လမ်းခရီးမှာ ဒုက္ခရောက်ကြရတာတွေရှိတော့၊ ဒီလိုလမ်းတွေမှာ ဒုက္ခတွေ့နေတဲ့သူတို့အတွက် ဘာများလုပ်ပေးနိုင်တာမျိုး ရှိမလဲ။ နောက်ပြီးတော့ သူတို့လမ်းမှာ ဒီလောက်အထိ အခက်အခဲတွေ ဒုက္ခတွေရောက် ဘဝတွေပျက်တဲ့အထိကြုံနေရတာတောင် ဒီလမ်းတွေကနေပဲ လွတ်မြောက်အောင် နေ့တိုင်းသွားနေကြတယ်ဆိုတော့ ဒီလိုအနေအထားအပေါ် ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ဘာများပြောချင်တာရှိပါလဲရှင့်။

ကိုအောင်မြိုင် ။ ။ အဓိက ဇစ်မြစ်က ဘာလဲဆိုရင် ဒီလူတွေမှာ လူ့အခွင့်အရေးဆိုတာ ဘာမှ မရှိဘူး။ နောက် အလုပ်အကိုင် အခွင့်အလမ်းတွေကနေ စတင်ပြီးမှာ ဒီလူတွေမှာ လူ့အခွင့်အရေးတွေ အစစအရာရာ ချိုးဖောက်ခံနေရတယ်။ လူတယောက်မှာ ဘာဆိုဘာမှ မျှော်လင့်ချက် မရှိတော့ဘူးဆိုရင် သူ့ကိုယ်သူ သတ်သေဖို့အထိ တွေးမိတဲ့အတွေးတွေဝင်လာတာ ရှိတယ်။ ဆိုတော့ ဥပမာ ရခိုင်ပြည်နယ်ဆိုရင်၊ ရခိုင်ပြည်နယ်မှာ ဘေးကင်းလုံခြုံတယ် ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်အောင် ကမ္ဘာ့အသိုင်းအဝိုင်းကနေ အစီအစဉ်တွေ စနစ်တကျ အစီအမံတွေ လုပ်ပေးရမှာပါ။ သူတို့မှာ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်အောင် လုပ်ပေးနိုင်မယ်ဆိုလို့ဆိုရင်၊ ပြီးတော့ NGO/ INGO တွေကနေ သူတို့ကို ပညာပေးအစီအစဉ်တွေ စနစ်တကျလုပ်ပေးမယ်ဆိုရင် သူတို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးတာတို့ဆိုရင်၊ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးတာမျိုးတွေ ဆောင်ရွက်ပေးရမှာပါ။ အဲ့ဒီလို မျှော်လင့်ချက်တွေ အာမခံချက်ပေးတာမျိုးတွေ မရှိဘူးဆိုရင် ဒီကိစ္စဟာ ဆက်ပြီးတော့ ရှိနေဦးမှာပဲ ဆက်ပြီးတော့ ဖြစ်နေဦးမှာပါပဲ။”

အခုလို ပွင့်လင်းရာသီရောက်လာချိန်တိုင်း ရိုဟင်ဂျာမူဆလင်တွေဟာ ပင်လယ်ခရီးကြမ်းတွေ ကုန်လမ်းတွေကနေ သူတို့သွားလိုတဲ နိုင်ငံတွေဆီ ခရီးနှင်နေကြတာပါ တချို့ဆိုရင်လည်း ဘယ်ရောက်ရောက် ရောက်ချင်တာရောက် ဒီဒုက္ခတွေကနေ ကင်းဝေးရင်ပြီးရောဆိုတဲ့ စိတ်ဇောတွေနဲ့ ထွက်ခွာလာကြတာ များတယ်လို့လည်း ဆိုပါတယ် လတ်တလောအခြေအနေမှာတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်မှာ မူဆလင်တွေကို နယ်ကျော်ဖြတ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးနေသလို၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်သွားတဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကိုတောင် အဆင့်ဆင့်စိစစ်ပြီးမှ လက်ခံမယ်ဆိုတဲ့အကြောင်း ပြောဆိုထားတာပါ။ ဒါပေမဲ့လဲ လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာအရေး နှစ်နိုင်ငံကြား ဘယ်လို ဆက်လက်ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။

ဒီလိုအခြေအနေမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးငယ်တွေ၊ လူငယ်လူလတ်ပိုင်းအများစုပါတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ရေလမ်း၊ ကုန်းလမ်း နည်းလမ်းမျိုးစုံနဲ့ ဘဝတဆစ်ချိုး ပြောင်းလဲလာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အသက်တွေ ဘဝတွေနဲ့ရင်းပြီး အနာဂတ်အတွက် မသေချာမရေရာလှတဲ့ ပင်လယ်ပြင်ခရီးကြမ်းတွေကို ဆက်နှင်နေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG