သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မသန္စြမ္း ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ရင္ဆိုင္ေနရတဲ့ အခက္အခဲ


ကုတုပေလာင္ ဒုကၡသည္စခန္း ျမင္ကြင္းတခု။ ၆ ေအာက္တိုဘာ၊ ၂၀၂၀

ဘဂၤလားေဒရွ္႕ ႏိုင္ငံ၊ ေကာဇ္႔ဘဇားက စခန္းေတြမွာ ေနထိုင္ေနၾကတဲ႔ တသန္းနီးပါးရွိတဲ႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြရဲ႕ ၁၂ ရာခိုင္ႏႈန္းဟာ မသန္စြမ္းေတြ ျဖစ္ေၾကာင္း ၿပီးခဲ႔တဲ႔ ႏွစ္ အတြင္း ေလ႔လာခ်က္မွာ ေဖာ္ျပပါတယ္။ မသန္စြမ္းေတြ အတြက္ စခန္းတြင္း သြားေရး လာေရး အခက္ေတြ႕ေနၾကသလို ဒုကၡသည္ေတြ အတြက္ ေပးတဲ႔ ၀န္ေဆာင္မႈေတြကိုလည္း လက္လွမ္းမမီ ျဖစ္ၾကရပါတယ္။ UNiFeed သတင္းေဆာင္းပါးကို အေျခခံၿပီး မသိဂၤ ီထိုက္ ေျပာျပေပးမွာပါ။

ဆြစ္ဇာလန္ အေျခစိုက္ REACH အဖြဲ႔ရဲ႕ ၂၀၂၁ ခုႏွစ္အတြင္းမွာ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းမွာ ပထမဆံုးေကာက္ယူခဲ႔တဲ႔ ဆန္းစစ္ခ်က္မွာ အခုလို ေဖာ္ျပတာ ျဖစ္ပါတယ္။ ဒီ အေရအတြက္က ျဖစ္ႏိုင္ဖြယ္ ရွိတယ္လို႔ မသန္စြမ္းေတြကို ကူညီေပးေနသူေတြကလည္း ယူဆၾကပါတယ္။ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္တြင္း ၂၀၁၇ ခုႏွစ္က အၾကမ္းဖက္မႈေတြကေန ထြက္ေျပးလာၾကရသူေတြထဲမွာ အသက္အရြယ္စံု မသန္စြမ္းေတြလည္း ပါ၀င္ခဲ႔ပါတယ္။ ႐ိုဟင္ဂ်ာ ဒုကၡသည္ Farida က အခုလို ေျပာပါတယ္။

"သူတို႔ကို ခက္ခက္ခဲခဲ ေခၚလာခဲ႔ရတာပါ။ လမ္းတေလွ်ာက္ သူ႔ကို သယ္ပိုးၿပီး ေခၚလာဖို႔ အတြက္ က်မ ခင္ပြန္းသည္မွာ သူမ်ားေတြကိုလည္း အကူအညီ ေတာင္းခဲ႔ရပါတယ္။ က်မလည္း အခုထိ အေႂကြးေတြ ဆပ္ေနရတံုးပါ။"

၂၀၁၇ ခုႏွစ္မွာ စတင္ ေရာက္လာၾကတဲ႔ မသန္စြမ္းေတြကို စခန္းတြင္းမွာ ကူညီေဆာင္ရြက္ေပးသူေတြ ရွိေၾကာင္း ႐ိုဟင္ဂ်ာ ဒုကၡသည္ ဦးေမာင္ေမာင္က ဗြီအိုေအကို ေျပာပါတယ္။

“ အိပ္ယာက မထႏိုင္တဲ႔သူေတြ ရွိတယ္။ လမ္းေလွ်ာက္လု႔ိ မရတဲ႔သူေတြလည္း ရွိေသးတယ္။ မ်က္စိ မျမင္တဲ႔သူေတြလည္း ရွိေသးတယ္။ NGO ေတြက သူတို႔ကို ကူေနတာေတြ ရွိတယ္။ ဒါေပမယ့္ လံုေလာက္တဲ႔ ေဆးကုသမႈေတြ မရႏိုင္ဘူး။ ”
႐ိုဟင္ဂ်ာ ဒုကၡသည္ တဦး ျဖစ္တဲ႔ Farida ကလည္း
"ဘီးတပ္ ကုလားထိုင္ မသံုးဖို႔ သူ႔ အေဖက က်မကို ေျပာပါတယ္။ ေျခနင္းက မေကာင္းေတာ့ပါဘူး။ မေန႔က ဆို သူ ျပဳတ္က်ပါတယ္။ "
မသန္စြမ္းေတြနဲ႔ ဆက္သြယ္ေဆာင္ရြက္ႏိုင္မယ့္ နည္းလမ္းေတြနဲ႔ ရွက္ရြံ႔သိမ္ငယ္မႈ မျဖစ္ေစေရး အသိပညာ ေပးမႈေတြ အပါအ၀င္ အကူအညီေပးသူေတြကိုလည္း ေလ႔က်င့္ သင္ၾကားေပးေနၾကပါတယ္။ ႐ိုဟင္ဂ်ာ ဒုကၡသည္ Frida ကေတာ့
"ပိုၿပီး ေကာင္းလာပါတယ္။ ေန႔တိုင္း ေလ႔က်င့္ခန္း လုပ္တာက အက်ိဳးရွိပါတယ္။"


ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာရံုး UNHCR နဲ႔ မိတ္ဖက္ အဖြဲ႔အစည္းေတြ၊ အထူးသျဖင့္ Handicap International – Humanity & Inclusion – HI အဖြဲ႔က မသန္စြမ္းသူေတြ သူတို႔ကိုယ္တိုင္ သြားလာလႈပ္ရွားႏိုင္ေရး အတြက္ ျပန္လည္ထူေထာင္ေရး၊ အေထာက္အကူ ပစၥည္း ကိရိယာေတြနဲ႔ တျခားေသာ ၀န္ေဆာင္မႈေတြကို ေဆာင္ရြက္ေပးေနၾကပါတယ္။ María Carolina Rubio ဟာ ဆိုရင္ ေကာဇ္႔ဘဇားက Humanity & Inclusion အကူအညီေပးေရး အဖြဲ႔ရဲ႕ အႀကီးတန္း စီမံကိန္း မန္ေနဂ်ာ ျဖစ္ပါတယ္။


"မသန္းစြမ္းေတြကို အေလးေပးမႈ နည္းၿပီး အကူအညီ အလိုအပ္ဆံုး ျဖစ္ေနဆဲပါ။ မသန္စြမ္းေတြ အတြက္ ေဆာင္ရြက္ေပးတဲ႔ အဖြဲ႔အစည္းေတြက သိပ္ၿပီး နည္းပါေသးတယ္။ UNHCR ကို ေက်းဇူးတင္ပါတယ္။ အလိုအပ္ဆံုးသူေတြကို တကယ္ကို ဦးစားေပး ေဆာင္ရြက္ေနပါတယ္။ ရန္ပံုေငြ ျပတ္သြားရင္ေတာ့ မသန္စြမ္းေတြ အတြက္ ထိခိုက္ရပါလိမ္႔မယ္။ "

ေတာင္ကုန္း ေတာင္ေစာင္းေတြ မ်ားၿပီး ရႊံ႔ႏြံ ထူတဲ႔ လမ္းေတြေၾကာင့္ မသန္စြမ္းေတြနဲ႔ သက္ႀကီးပိုင္း လူေတြ အတြက္ သြားေရး လာေရး အခက္ေတြ႕ေစၿပီး ၀န္ေဆာင္မႈေတြ ရရွိေရး အတြက္လည္း အခက္အခဲ ျဖစ္ေစပါတယ္။ မသန္စြမ္း တဦး ျဖစ္တဲ႔ မိုဟာမက္ ဆိုရင္ တေနရာကေန တေနရာကို သြားဖို႔ အခ်ိန္ အေတာ္ယူရတယ္လို႔ ေျပာျပပါတယ္။

"ဒီကို ေရာက္ဖို႔ တနာရီ ၾကာပါတယ္။ က်ေနာ္က စာသင္ခန္းေတြ၊ ေဆးရံုေတြ ဘယ္ေနရာမွာ ရွိလဲ ဆိုတာကို တျခားသူေတြကို ေျပာျပ ကူညီေနတာပါ။ သူတို႔ လိပ္စာ မသိဘူးဆိုရင္ေပါ့ေလ။ က်ေနာ္ ျမန္မာျပည္ ျပန္ေရာက္ရင္လည္း တျခားသူေတြကို ကူညီေပးမွာပါ။ "

ဆြစ္ဇာလန္ အေျခစိုက္ REACH အဖြဲ႔ရဲ႕ ၂၀၂၁ ခုႏွစ္ အတြင္းမွာ ႐ိုဟင္ဂ်ာ ဒုကၡသည္ စခန္းမွာ ပထမဆံုး ေကာက္ယူခဲ႔တဲ႔ ဆန္းစစ္ခ်က္မွာေတာ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ စခန္းတြင္းက မသန္စြမ္းေတြ အေနနဲ႔ ခိုလံႈေရး စခန္းတြင္း အေရႊ႕အေျပာင္း၊ စခန္းတြင္း သြားေရးလာေရး၊ ေနာက္ အိမ္သာ အသံုးျပဳမႈနဲ႔ ေရခ်ိဳးတာေတြမွာပါ အခက္အခဲေတြ ျဖစ္ေနၾကေၾကာင္း၊ ဒါ႔အျပင္ ဒုကၡသည္ စခန္းတြင္းက ၀န္ေဆာင္မႈေတြကို ရယူ အသံုးျပဳႏိုင္ေရး အတြက္လည္း အခက္အခဲ ျဖစ္ၾကရေၾကာင္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ဘင်္ဂလားဒေရှ့် နိုင်ငံ၊ ကောဇ့်ဘဇားက စခန်းတွေမှာ နေထိုင်နေကြတဲ့ တသန်းနီးပါးရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ၁၂ ရာခိုင်နှုန်းဟာ မသန်စွမ်းတွေ ဖြစ်ကြောင်း ပြီးခဲ့တဲ့ နှစ် အတွင်း လေ့လာချက်မှာ ဖော်ပြပါတယ်။ မသန်စွမ်းတွေ အတွက် စခန်းတွင်း သွားရေး လာရေး အခက်တွေ့နေကြသလို ဒုက္ခသည်တွေ အတွက် ပေးတဲ့ ဝန်ဆောင်မှုတွေကိုလည်း လက်လှမ်းမမီ ဖြစ်ကြရပါတယ်။ UNiFeed သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ဆွစ်ဇာလန် အခြေစိုက် REACH အဖွဲ့ရဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ပထမဆုံးကောက်ယူခဲ့တဲ့ ဆန်းစစ်ချက်မှာ အခုလို ဖော်ပြတာ ဖြစ်ပါတယ်။ ဒီ အရေအတွက်က ဖြစ်နိုင်ဖွယ် ရှိတယ်လို့ မသန်စွမ်းတွေကို ကူညီပေးနေသူတွေကလည်း ယူဆကြပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ၂၀၁၇ ခုနှစ်က အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာကြရသူတွေထဲမှာ အသက်အရွယ်စုံ မသန်စွမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် Farida က အခုလို ပြောပါတယ်။

"သူတို့ကို ခက်ခက်ခဲခဲ ခေါ်လာခဲ့ရတာပါ။ လမ်းတလျှောက် သူ့ကို သယ်ပိုးပြီး ခေါ်လာဖို့ အတွက် ကျမ ခင်ပွန်းသည်မှာ သူများတွေကိုလည်း အကူအညီ တောင်းခဲ့ရပါတယ်။ ကျမလည်း အခုထိ အကြွေးတွေ ဆပ်နေရတုံးပါ။"

၂၀၁၇ ခုနှစ်မှာ စတင် ရောက်လာကြတဲ့ မသန်စွမ်းတွေကို စခန်းတွင်းမှာ ကူညီဆောင်ရွက်ပေးသူတွေ ရှိကြောင်း ရိုဟင်ဂျာ ဒုက္ခသည် ဦးမောင်မောင်က ဗွီအိုအေကို ပြောပါတယ်။

“ အိပ်ယာက မထနိုင်တဲ့သူတွေ ရှိတယ်။ လမ်းလျှောက်လု့ိ မရတဲ့သူတွေလည်း ရှိသေးတယ်။ မျက်စိ မမြင်တဲ့သူတွေလည်း ရှိသေးတယ်။ NGO တွေက သူတို့ကို ကူနေတာတွေ ရှိတယ်။ ဒါပေမယ့် လုံလောက်တဲ့ ဆေးကုသမှုတွေ မရနိုင်ဘူး။ ”
ရိုဟင်ဂျာ ဒုက္ခသည် တဦး ဖြစ်တဲ့ Farida ကလည်း
"ဘီးတပ် ကုလားထိုင် မသုံးဖို့ သူ့ အဖေက ကျမကို ပြောပါတယ်။ ခြေနင်းက မကောင်းတော့ပါဘူး။ မနေ့က ဆို သူ ပြုတ်ကျပါတယ်။ "
မသန်စွမ်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေနဲ့ ရှက်ရွံ့သိမ်ငယ်မှု မဖြစ်စေရေး အသိပညာ ပေးမှုတွေ အပါအဝင် အကူအညီပေးသူတွေကိုလည်း လေ့ကျင့် သင်ကြားပေးနေကြပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် Frida ကတော့
"ပိုပြီး ကောင်းလာပါတယ်။ နေ့တိုင်း လေ့ကျင့်ခန်း လုပ်တာက အကျိုးရှိပါတယ်။"


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး UNHCR နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေ၊ အထူးသဖြင့် Handicap International – Humanity & Inclusion – HI အဖွဲ့က မသန်စွမ်းသူတွေ သူတို့ကိုယ်တိုင် သွားလာလှုပ်ရှားနိုင်ရေး အတွက် ပြန်လည်ထူထောင်ရေး၊ အထောက်အကူ ပစ္စည်း ကိရိယာတွေနဲ့ တခြားသော ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေကြပါတယ်။ María Carolina Rubio ဟာ ဆိုရင် ကောဇ့်ဘဇားက Humanity & Inclusion အကူအညီပေးရေး အဖွဲ့ရဲ့ အကြီးတန်း စီမံကိန်း မန်နေဂျာ ဖြစ်ပါတယ်။
"မသန်းစွမ်းတွေကို အလေးပေးမှု နည်းပြီး အကူအညီ အလိုအပ်ဆုံး ဖြစ်နေဆဲပါ။ မသန်စွမ်းတွေ အတွက် ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေက သိပ်ပြီး နည်းပါသေးတယ်။ UNHCR ကို ကျေးဇူးတင်ပါတယ်။ အလိုအပ်ဆုံးသူတွေကို တကယ်ကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ ရန်ပုံငွေ ပြတ်သွားရင်တော့ မသန်စွမ်းတွေ အတွက် ထိခိုက်ရပါလိမ့်မယ်။ "

တောင်ကုန်း တောင်စောင်းတွေ များပြီး ရွှံ့နွံ ထူတဲ့ လမ်းတွေကြောင့် မသန်စွမ်းတွေနဲ့ သက်ကြီးပိုင်း လူတွေ အတွက် သွားရေး လာရေး အခက်တွေ့စေပြီး ဝန်ဆောင်မှုတွေ ရရှိရေး အတွက်လည်း အခက်အခဲ ဖြစ်စေပါတယ်။ မသန်စွမ်း တဦး ဖြစ်တဲ့ မိုဟာမက် ဆိုရင် တနေရာကနေ တနေရာကို သွားဖို့ အချိန် အတော်ယူရတယ်လို့ ပြောပြပါတယ်။

"ဒီကို ရောက်ဖို့ တနာရီ ကြာပါတယ်။ ကျနော်က စာသင်ခန်းတွေ၊ ဆေးရုံတွေ ဘယ်နေရာမှာ ရှိလဲ ဆိုတာကို တခြားသူတွေကို ပြောပြ ကူညီနေတာပါ။ သူတို့ လိပ်စာ မသိဘူးဆိုရင်ပေါ့လေ။ ကျနော် မြန်မာပြည် ပြန်ရောက်ရင်လည်း တခြားသူတွေကို ကူညီပေးမှာပါ။ "

ဆွစ်ဇာလန် အခြေစိုက် REACH အဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် အတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ပထမဆုံး ကောက်ယူခဲ့တဲ့ ဆန်းစစ်ချက်မှာတော့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွင်းက မသန်စွမ်းတွေ အနေနဲ့ ခိုလှုံရေး စခန်းတွင်း အရွှေ့အပြောင်း၊ စခန်းတွင်း သွားရေးလာရေး၊ နောက် အိမ်သာ အသုံးပြုမှုနဲ့ ရေချိုးတာတွေမှာပါ အခက်အခဲတွေ ဖြစ်နေကြကြောင်း၊ ဒါ့အပြင် ဒုက္ခသည် စခန်းတွင်းက ဝန်ဆောင်မှုတွေကို ရယူ အသုံးပြုနိုင်ရေး အတွက်လည်း အခက်အခဲ ဖြစ်ကြရကြောင်း ဖော်ပြထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG