သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္ဒိုနီး႐ွား အာေခ်းေဒသကမ္းေျခမွာ ႐ိုဟင္ဂ်ာ ၅၈ ေယာက္ပါတဲ့ ေလွေတြ႔႐ွိ


အင္ဒိုနီးရွားႏိုင္ငံ၊ အာေခ်းကမ္းေျခကို ေရာက္လာသည့္ ႐ိုဟင္ဂ်ာ ဒုကၡသည္မ်ားအား ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာ ၂၅ ရက္ေန႔က ေတြ႕ရစဥ္။

႐ိုဟင္ဂ်ာ ၅၈ ေယာက္ဟာ တနဂၤေႏြေန႔ အေစာပိုင္းက အင္ဒိုနီး႐ွားႏိုင္ငံ ေျမာက္ဘက္အစြန္ဆုံးမွာ႐ွိတဲ့ Aceh ကမ္းေျခကို ေရာက္႐ွိလာၾကပါတယ္။ အာေခ်း ဘီဆာခ႐ိုင္၊ Indrapatra ကမ္းေျခက တံငါ႐ြာ Ladong ကို လႈပ္လီလႈပ္လဲ့ေလွနဲ႔ ေရာက္႐ွိလာၾကတာပါ။ ႐ြာသားေတြက ကမ္းကပ္ႏိုင္ေအာင္ ကူညီခဲ့ၾကၿပီး၊ အာဏာပိုင္ေတြကို အေၾကာင္းၾကားခဲ့တာျဖစ္တယ္လို႔ နယ္ေျမရဲတပ္ဖြဲ႔ အႀကီးအကဲ Rolly Yuiza Away က ေျပာပါတယ္။

“အစာေရစာ ငတ္ျပတ္ဆာေလာင္ေနၾကတာေၾကာင့္ အလြန္႔ကို အားနည္းေနၾကဟန္ ႐ွိပါတယ္။ ပင္လယ္ျပင္မွာ အၾကာႀကီး ျဖတ္သန္းလာခဲ့ရတာေၾကာင့္ တခ်ဳိ ႔က ေနထိုင္မေကာင္းၾကပါဘူး” လို႔ ရဲအရာ႐ွိက ေျပာပါတယ္။ သုံးေယာက္ကို ခ်က္ခ်င္းေဆးခန္းကို ပို႔လိုက္ၾကရၿပီး၊ အမ်ားအျပားကိုလည္း ေဆးစစ္ေပးေနပါတယ္။

ပင္လယ္ထဲမွာ ေမ်ာပါေနၾကတဲ့ ႐ိုဟင္ဂ်ာ ၁၉ဝ ေလာက္ကို ေဒသတြင္း တိုင္းျပည္ေတြက ႐ွာေဖြကယ္ဆယ္ေပးၾကဖို႔ ကုလသမဂၢနဲ႔ အျခားအဖြဲ႔အစည္းေတြက ေသာၾကာေန႔က တိုက္တြန္းခဲ့ၾကပါေသးတယ္။ ဒီအဖြဲ႔ဟာ အဲဒီ ၁၉၀ ထဲက အဖြဲ႔တစ္ဖြဲ႔လား ဆိုတာကေတာ့ မကြဲျပားေသးပါဘူး။ ဒါေပမဲ့ ေလွေပၚပါလာသူတစ္ဦးကေတာ့ သူတို႔ဟာ ပင္လယ္ျပင္မွာ တစ္လေက်ာ္ၾကာ ေမ်ာပါေနခဲ့ၿပီး၊ မေလး႐ွားမွာ အလုပ္ပိုေကာင္းတဲ့ဘဝ တည္ေဆာက္ဖို႔ ထြက္ခဲ့ၾကတာ ျဖစ္တယ္လို႔ ေအပီသတင္းကို ေျပာပါတယ္။

“ကမၻာေပၚက လူအမ်ားဟာ ႐ုံးပိတ္ရက္ အနားယူ ေပ်ာ္႐ႊင္ၾကဖို႔ ျပင္ဆင္ေနၾကခ်ိန္မွာ ၾကဳံေတြ႕ေနရတဲ့ ဒုကၡေတြကို မခံႏိုင္တဲ့အဆုံး ႐ိုဟင္ဂ်ာ ေယာက်္ား၊ မိန္းမနဲ႔ ကေလးေတြဟာ ပင္လယ္ျပင္မွာသြားဖို႔ မသင့္တဲ့ ေလွေတြနဲ႔ အႏၲရာယ္ခရီးႀကီးကို ႏွင္ေနၾကရပါတယ္” လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရးကိုယ္စားလွယ္ Tom Andrews က ၾကာသပေတးေန႔က ထုတ္ျပန္ခဲ့တဲ့ သူ႔ရဲ႕ ေၾကညာခ်က္ထဲမွာ ေျပာခဲ့ပါတယ္။

===== Unicode ====

ရိုဟင်ဂျာ ၅၈ ယောက်ဟာ တနင်္ဂနွေနေ့ အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ Aceh ကမ်းခြေကို ရောက်ရှိလာကြပါတယ်။ အာချေး ဘီဆာခရိုင်၊ Indrapatra ကမ်းခြေက တံငါရွာ Ladong ကို လှုပ်လီလှုပ်လဲ့လှေနဲ့ ရောက်ရှိလာကြတာပါ။ ရွာသားတွေက ကမ်းကပ်နိုင်အောင် ကူညီခဲ့ကြပြီး၊ အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ နယ်မြေရဲတပ်ဖွဲ့ အကြီးအကဲ Rolly Yuiza Away က ပြောပါတယ်။

“အစာရေစာ ငတ်ပြတ်ဆာလောင်နေကြတာကြောင့် အလွန့်ကို အားနည်းနေကြဟန် ရှိပါတယ်။ ပင်လယ်ပြင်မှာ အကြာကြီး ဖြတ်သန်းလာခဲ့ရတာကြောင့် တချို့က နေထိုင်မကောင်းကြပါဘူး” လို့ ရဲအရာရှိက ပြောပါတယ်။ သုံးယောက်ကို ချက်ချင်းဆေးခန်းကို ပို့လိုက်ကြရပြီး၊ အများအပြားကိုလည်း ဆေးစစ်ပေးနေပါတယ်။

ပင်လယ်ထဲမှာ မျောပါနေကြတဲ့ ရိုဟင်ဂျာ ၁၉ဝ လောက်ကို ဒေသတွင်း တိုင်းပြည်တွေက ရှာဖွေကယ်ဆယ်ပေးကြဖို့ ကုလသမဂ္ဂနဲ့ အခြားအဖွဲ့အစည်းတွေက သောကြာနေ့က တိုက်တွန်းခဲ့ကြပါသေးတယ်။ ဒီအဖွဲ့ဟာ အဲဒီ ၁၉၀ ထဲက အဖွဲ့တစ်ဖွဲ့လား ဆိုတာကတော့ မကွဲပြားသေးပါဘူး။ ဒါပေမဲ့ လှေပေါ်ပါလာသူတစ်ဦးကတော့ သူတို့ဟာ ပင်လယ်ပြင်မှာ တစ်လကျော်ကြာ မျောပါနေခဲ့ပြီး၊ မလေးရှားမှာ အလုပ်ပိုကောင်းတဲ့ဘဝ တည်ဆောက်ဖို့ ထွက်ခဲ့ကြတာ ဖြစ်တယ်လို့ အေပီသတင်းကို ပြောပါတယ်။

“ကမ္ဘာပေါ်က လူအများဟာ ရုံးပိတ်ရက် အနားယူ ပျော်ရွှင်ကြဖို့ ပြင်ဆင်နေကြချိန်မှာ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို မခံနိုင်တဲ့အဆုံး ရိုဟင်ဂျာ ယောက်ျား၊ မိန်းမနဲ့ ကလေးတွေဟာ ပင်လယ်ပြင်မှာသွားဖို့ မသင့်တဲ့ လှေတွေနဲ့ အန္တရာယ်ခရီးကြီးကို နှင်နေကြရပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ သူ့ရဲ့ ကြေညာချက်ထဲမှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG