သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ၁၈၅ ေယာက္တင္လာတဲ့ေလွ အင္ဒိုနီး႐ွား အာေခ်းကမ္းေျခကို ထပ္ေရာက္


အင္ဒိုနီးရွားႏိုင္ငံ၊ အာေခ်းကမ္းေျခကို ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာ ၂၅ ရက္ေန႔က ေရာက္လာသည့္ ႐ိုဟင္ဂ်ာ ဒုကၡသည္မ်ား။

႐ိုဟင္ဂ်ာဒုကၡသည္ ၁၈၅ ေယာက္ဟာ အင္ဒိုနီး႐ွားႏိုင္ငံ အာေခ်းျပည္နယ္က ကမ္းေျခကို ေလွနဲ႔ တနဂၤေႏြေန႔က ေရာက္႐ွိလာၾကတယ္လို႔ ေဘးအႏၲရာယ္ဆိုင္ရာဌာန ေဒသခံတာဝန္႐ွိသူတစ္ဦးက ေျပာပါတယ္။

တနဂၤေႏြေန႔ ေဒသအခ်ိန္ ေန႔လည္ ၂ နာရီခြဲေလာက္က ေရာက္လာၾကတဲ့ ဒီအသုတ္မွာ တစ္ဝက္ေလာက္က အမ်ိဳးသမီးေတြနဲ႔ ကေလးေတြ ျဖစ္ၾကတယ္လို႔ အာေခ်းဘီဆာ ေဘးအႏၲရာယ္ဌာန အႀကီးအကဲ Ridwan Jamil က ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

Rondo ကြၽန္းနားက ပင္လယ္ျပင္မွာ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို တင္ေဆာင္လာတယ္လို႔ သံသယ႐ွိၾကတဲ့ ေလွသုံးစီးကို အာေခ်းက တံငါေလွေတြက ေတြ႔႐ွိခဲ့ေၾကာင္း အင္ဒိုနီး႐ွား ႏိုင္ငံေတာ္ပိုင္ Antara သတင္းဌာနက ထုတ္ျပန္ခဲ့ပါတယ္။ အခု ေရာက္႐ွိလာတဲ့ေလွဟာ အဲဒီ သုံးစီးထဲက တစ္စီး ဟုတ္မဟုတ္ကေတာ့ မေျပာႏိုင္ေသးပါဘူး။

၂၀၂၂ ႏွစ္ အကုန္ပိုင္းတုန္းကလည္း လူ ၁၇၄ ေယာက္ပါတဲ့ သေဘၤာဟာ အာေခ်းကမ္းေျခကို ေရာက္႐ွိခဲ့ပါေသးတယ္။ ႐ိုဟင္ဂ်ာဒုကၡသည္ စခန္းကေန ထြက္ေျပးၾကသူ အေရအတြက္က အေရးပါပါ တိုးမ်ားလာေနတာကို လူ႔အခြင့္အေရးအဖြဲ႔ေတြရဲ႕ အစီရင္ခံစာေတြမွာ တင္ျပထားၾကပါတယ္။ ဒါေပမဲ့ ဘာေၾကာင့္ အခုလို အသုတ္လိုက္ ထြက္ေနၾကသလဲ ဆိုတာကေတာ့ ကြဲကြဲျပားျပား မသိၾကေသးပါဘူး။ အေ႐ွ႕ေတာင္အာ႐ွ ႏိုင္ငံေတြမွာ ကိုဗစ္ ကန္႔သတ္ခ်က္ေတြကို ျပန္ဖြင့္လိုက္တာက အေၾကာင္းတစ္ေၾကာင္း ျဖစ္လိမ့္မယ္လို႔ တက္ႂကြလႈပ္႐ွားသူေတြကေတာ့ ထင္ျမင္ၾကပါတယ္။

====== Unicode ======

ရိုဟင်ဂျာဒုက္ခသည် ၁၈၅ ယောက်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က ကမ်းခြေကို လှေနဲ့ တနင်္ဂနွေနေ့က ရောက်ရှိလာကြတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာဌာန ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တနင်္ဂနွေနေ့ ဒေသအချိန် နေ့လည် ၂ နာရီခွဲလောက်က ရောက်လာကြတဲ့ ဒီအသုတ်မှာ တစ်ဝက်လောက်က အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ကြတယ်လို့ အာချေးဘီဆာ ဘေးအန္တရာယ်ဌာန အကြီးအကဲ Ridwan Jamil က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Rondo ကျွန်းနားက ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တင်ဆောင်လာတယ်လို့ သံသယရှိကြတဲ့ လှေသုံးစီးကို အာချေးက တံငါလှေတွေက တွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံတော်ပိုင် Antara သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အခု ရောက်ရှိလာတဲ့လှေဟာ အဲဒီ သုံးစီးထဲက တစ်စီး ဟုတ်မဟုတ်ကတော့ မပြောနိုင်သေးပါဘူး။

၂၀၂၂ နှစ် အကုန်ပိုင်းတုန်းကလည်း လူ ၁၇၄ ယောက်ပါတဲ့ သင်္ဘောဟာ အာချေးကမ်းခြေကို ရောက်ရှိခဲ့ပါသေးတယ်။ ရိုဟင်ဂျာဒုက္ခသည် စခန်းကနေ ထွက်ပြေးကြသူ အရေအတွက်က အရေးပါပါ တိုးများလာနေတာကို လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေမှာ တင်ပြထားကြပါတယ်။ ဒါပေမဲ့ ဘာကြောင့် အခုလို အသုတ်လိုက် ထွက်နေကြသလဲ ဆိုတာကတော့ ကွဲကွဲပြားပြား မသိကြသေးပါဘူး။ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကိုဗစ် ကန့်သတ်ချက်တွေကို ပြန်ဖွင့်လိုက်တာက အကြောင်းတစ်ကြောင်း ဖြစ်လိမ့်မယ်လို့ တက်ကြွလှုပ်ရှားသူတွေကတော့ ထင်မြင်ကြပါတယ်။

XS
SM
MD
LG