သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြှုပ်မိုင်း အသုံးပြုမှု အားလုံးနီးပါး အမေရိကန်တားမြစ်


(Zawgyi/ Unicode)

မြေမြှုပ်မိုင်း အသုံးပြုမှုတွေကို ပိတ်ပင်တားမြစ်ထားတဲ့ နိုင်ငံတကာ သဘောတူညီချက်ေ တွနဲ့ အမေရိကန်ရဲ့ မူဝါဒတွေ ပိုမိုနီးစပ်လာအောင် ထိန်းညှိပြုပြင်ပြီး အမေရိကန်စစ်တပ်ရဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုကို ထိန်းချုပ်ကန့်သတ်သွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရက အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ဒါဟာ သမ္မတ Trump လက်ထက်က လျော့ရိလျော့ရဲ ရှိနေခဲ့တဲ့ ရပ်တည်ချက်ကို တနှစ်ကျော်လောက် လေ့လာသုံးသပ်ပြီးနောက် ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။
မြေအောက်မှာ မြှုပ်ထားလေ့ရှိသလို မြေပေါ်မှာလဲ ဖြန့်ချထားလေ့ရှိတဲ့ လူသတ်မိုင်းတွေဟာ တိုက်ပွဲတွေ အဆုံးသတ်ပြီးနောက်ပိုင်း အချိန်အတော်ကြာအထိ အရပ်သားတွေ ထိခိုက်သေကြေစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

အမေရိကန် အစိုးရရဲ့ မူဝါဒ အသစ်အရ မြောက်ကိုရီးယားရဲ့ ကျုးကျော်မှုရန်ကို ကာကွယ်ဖို့ တောင်ကိုရီးယားကို ကူညီနေတာကလွဲရင် ကျန်တဲ့နေရာတွေမှာ ကန့်သတ်လိုက်တာပါ။
ဒါဟာဆိုရင် လူသတ်မိုင်း အသုံးပြုမှု ပပျောက်ရေး ၁၉၉၇ ခုနှစ် ကနေဒါနိုင်ငံ Ottawa မြို့က နိုင်ငံတကာ သဘောတူညီချက်ကို အပြည့်အဝနီးပါး လိုက်နာကျင့်သုံးမယ့် သဘောဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားက မြေမြှုပ်မိုင်း အသုံးပြုတာတွေ ရှိနေချိန်မှာပဲ အမေရိကန်အစိုးရက အခုလိုကြေညာလိုက်တာပါ။ ရုရှားတပ်တွေဟာ ယူကရိန်းစစ်ပွဲမှာ လူသတ်မိုင်းတွေ အသုံးပြုခဲ့တဲ့အတွက် အရပ်သားတွေကို အများအပြား ထိခိုက်စေခဲ့ တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ အမျိုးသမီး Adrienne Watson ကကြေညာ ချက်မှာပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)





XS
SM
MD
LG