သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္း ၂ ဖဲြ႔တိုက္ပဲြ ေဒသခံေတြ ထိခိုက္ေသဆံုး 


ရွမ္းျပည္ေတာင္ပိုင္း၊ ဖယ္ခံုၿမိဳ႕နယ္၊ လြယ္ဝွဲေက်းရြာေနအိမ္ မီး႐ိႈ႕ဖ်က္စီးခံရတဲ့ျမင္ကြင္း။ (ဓာတ္ပံု ဖယ္ခံု PDF/ ႏိုဝင္ဘာ ၃၊၂၀၂၁)

ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္အတြင္းမွာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္းၾကား ျဖစ္ပြါးခဲ့တဲ့ လက္နက္ကိုင္ ပဋိပကၡအတြင္း က်န္ရွိေနတဲ့ လက္နက္ႀကီးက်ည္နဲ႕ေျမျမႈပ္မိုင္းေတြ နင္းမိလို႔ ေဒသခံေတြ အသက္ဆံုး႐ႈံးတဲ့အထိ ျဖစ္ေနပါတယ္။ မတ္လ ၂၈ ရက္ေန႔ မနက္ပိုင္းကပဲ သီေပါၿမိဳ႕နယ္ ေကာင္းဟုန္း ေက်းရြာဖက္မွာ မိုင္းနင္းမိလို႕ ရြာသားတဦး ေသဆုံးခဲ့ရပါတယ္။ ေဖေဖာ္ဝါရီနဲ႔ မတ္လ ႏွစ္လအတြင္းမွာ ေျမျမႇဳပ္မိုင္းေၾကာင့္ ထိခိုက္ဒဏ္ရာရသူ ၂၀ ေက်ာ္ ရွိတယ္လို႔ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္က ေျပာျပထားပါတယ္။

႐ွမ္းေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းလက္နက္ကိုင္အဖဲြ႔ေတြၾကား တုိက္ပြဲေတြျဖစ္ခဲ့တဲ့ ရွမ္းျပည္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ထဲမွာ ေျမျမႈပ္မိုင္း နင္းမိသူေတြ မၾကာမၾကာျဖစ္ေနၿပီး အသက္ေသဆံုးသူေတြလည္း႐ွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီေန႕ မတ္လ ၂၈ ရက္ မနက္ပိုင္းမွာပဲ သီေပါၿမိဳ႕နယ္ေကာင္းဟုန္းေက်းရြာသားတဦး ေတာင္ယာ ဥယာဥ္ျခံထဲ မိုင္းနင္း မိလို႕ေသဆုံးသြားတယ္လို႕ ေကာင္းဟုန္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

“ သူကေတာင္ယာသြားမယ္ ဆင္းသြားမယ္ဆိုၿပီးမွ သူတို႕(၃) ေယာက္ဆင္းသြားတာ။ (၆)နာရီက်မွ တေယာက္က အဲဒီေတာင္ယာျခံထဲမွာေပါ့။ သူကအေပါ့ခဏသြားမယ္ဆိုၿပီးမွ ေတာင္ယာရဲ႕အျပင္ဘက္ နဲနဲထြက္သြားတဲ့အခ်ိန္က်ေတာ့ သူက အဲဒီမွာ မိုင္းသြားမိတာေပါ့။ ဗံုးကြဲတဲံအခ်ိန္က်ေတာ့ သူ႕မိန္းမကသူကိုသြားၾကည့္တယ္ အဲဒီမွာသူကဆုံးသြား တာေပါ့။ လက္ႏွစ္ဖက္လုံးျပတ္သြားတာေလ။ အကုန္လုံးဒဏ္ရာဒဏ္ခ်က္ေတြက တအား မေကာင္းဘူး။ ”

မိုင္းနင္းမိေသဆုံးသြားတဲ့ ေကာင္းဟုန္းေက်းရြာသား စိုင္းဘေရႊအသက္(၄၀)ႏွစ္ဟာ ကေလး(၄)ေယာက္ ဖခင္ တဦးျဖစ္ပါတယ္။

သီေပါၿမိဳ႕နယ္မွာ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA နဲ႕ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/SSA တပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြါးစဥ္အတြင္း ေထာင္ထားတဲ့ ေျမျမဳတ္မိုင္းနဲ႕ မေပါက္ကြဲေသးတဲ့လက္နက္ႀကီးက်ည္ေတြဟာ ေဒသခံေတြအတြက္ စိုးရိမ္စရာျဖစ္ေနတယ္လို႕ သူကေျပာပါတယ္။

မတ္လ ၁၈ ရက္ေန႔တုန္းကလဲ သီေပါၿမိဳ႕နယ္ႀကံခင္းရြာေန အသက္(၂၂) အရြယ္စိုင္းေအာင္ခန္႔ ဆိုသူတေယာက္လဲ ေျမျမႈပ္မိုင္းနင္းမိလို႔ ထိခိုက္ဒဏ္ရာ ရခဲ့ပါတယ္။ အခုႏွစ္ ေဖေဖာ္ဝါရီနဲ႔ မတ္လ ၂ လအတြင္းမွာကို သီေပါၿမိဳ႕နယ္ထဲမွာ ေျမျမႈပ္မုိင္းေၾကာင္း ထိခိုက္ဒဏ္ရာရသူ ၂၀ ေလာက္႐ွိတယ္လို႔ လူမွဳကူညီေရးအဖြဲ႕ဝင္တဦးကေျပာပါတယ္။

“ မ်ားေတာ့မ်ားတယ္ရွင့္ သီေပါၿမိဳ႕နယ္ထဲမွာလဲ (၂၀)ေလာက္ရွိမယ္။ ဟိုတရက္ နမ့္လန္က(၇)ဦး။ သီေပါမွာက (၂)ဦး။ (၂)လပိုင္းကေန (၃)လပိုင္း အတြင္းေပါ့ေနာ္။ လက္နက္ကိုင္ပဋိပကၡရဲ႕က်န္ေနေသးတာေကာ။ ကြ်ဲႏြားေတြ ထိမိတာလဲ ၾကားပါေသးတယ္။ ”

ဒီလိုေျမျမႈပ္မိုင္းေတြရွိေနလို႕ ေဒသခံေတြ ေတာင္ယာေတြထဲသြားဖုိ႔ ၿခံလုပ္ငန္းလုပ္ဖုိ႔ စိုးရိမ္ေနရတယ္လို႕ သူကေျပာပါတယ္။

“ သူတို႕ရြာေတြနဲ႕ေတာ့ ကြ်န္မတို႕ သြားၿပီးေတာ့ ေတြ႕ဆုံေဆြးေႏြးၾကည့္တဲ့အခါမွာ သူတို႕ ျခံေတြထဲသိပ္မသြားရဲ ဘူး။ ဘာလို႕လဲဆို မိုင္းအႏၱရာယ္ေတြလဲေၾကာက္လို႕။ အရင္တုန္းကလက္နက္ႀကီးေတြ က်ထားတာအရမ္းမ်ားလို႕ ျခံေတြေတာင္မွ သြားရမွာ စိုးရိမ္ေနၾကတာေပါ့။ သူတို႕ကေတာ့ အဲဒီလိုေျပာတယ္။ စိုးရိမ္ေပမဲ့ ဝမ္းေရးကလဲ အေရး ႀကီး တာေၾကာင့္မို႕လို႕ မသြားလဲမရဆိုတဲ့အခါမွာ တခ်ိဳ႕ကလဲသြားေတာ့ အဲဒီလိုမ်ိဳးေတြျဖစ္မွာေပါ့ေနာ္။ ”

သီေပါၿမိဳ႕နယ္လူမွဳကူညီေရးအဖြဲ႕ရဲ႕စာရင္းအရ ၂၀၂၂ခုႏွစ္အတြင္း မိုင္းေပါက္ကြဲမွဳေၾကာင့္ ေသဆုံးသူ(၆)ဦး နဲ႕(၅၀)ဦးခန္႕ဒဏ္ရာရရွိခဲ့ပါတယ္။

အလားတူ ေက်ာက္မဲၿမိဳ႕နယ္မွာလဲ ဒီလအတြင္း ေျမျမဳတ္မိုင္းေၾကာင့္ ထိခိုက္သူ(၃)ဦးရွိေနပါတယ္။

တိုင္းရင္းသားအဖဲြ႔ေတြၾကား တုိက္ပဲြေတြျဖစ္စဥ္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ ေထာင္ထားတဲ့မိုင္းေတြ အမ်ားအျပားက်န္ေနေသးတယ္လို႕ ဇီ၀ိတလူမႈ ကူညီေရးအသင္းတာဝန္ခံ ဦးတင္ေမာင္သိန္းကေျပာပါတယ္။

“ ေက်ာက္မဲၿမိဳ႕နယ္မွာ ႏွစ္ဦး သုံးဦးေလာက္ရွိတယ္။ ကြ်န္ေတာ္တို႕ ဒီဘက္မွာ RCSS နဲ႕ မဟာမိတ္တပ္ေပါင္းစုေတြ တိုက္ပြဲေတြရွိ။ ႏွစ္ဖက္ေစာင္ေနၾကတာၾကာၿပီး။ ေနာက္တခါတိုက္ပြဲေတြျဖစ္ၾကတာေပါ့။ ျဖစ္ၿပီးေတာ့မွ အခုေတာ့ RCSS က ေနာက္ဆုတ္သြားတာေပါ့။ ႏွစ္ဖက္ေစာင္ေနတုန္းကေတာ့ မိုင္းေတြေထာင္ခဲ့တာေပါ့။ အဲဒီမိုင္းလက္က်န္ ေတြက အခု ထကြဲျပန္ၿပီး။ က်န္ခဲ့တဲ့မိုင္းေတြအမ်ားႀကီးရွိတာေပါ့။ ”

ျမန္မာနိုင္ငံမွာ စစ္တပ္ေရာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြပါ ေျမျမႈပ္မိုင္းကို အသံုးျပဳေနၾကတယ္လို႔ ေျမျမႈပ္မိုင္း ကာကြယ္တားဆီးေရး ေဆာင္႐ြက္ေနၾကတဲ့ အဖဲြ႔ေတြက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လက္နက္ကိုင္ စစ္ေရး ပဋိပကၡျဖစ္ေနတဲ့ ေနရာေတြ မ်ားလာတာနဲ႔အတူ ေျမျမႈပ္မိုင္းနဲ႔ မေပါက္ကြဲေသးတဲ့ စစ္လက္နက္ပစၥည္းေတြေၾကာင့္ အရပ္သားျပည္သူေတြ ထိခိုက္ႏိုင္မယ့္ အႏၱရာယ္ပိုႀကီးမားေနတယ္လို႔ ကုလသမဂၢကလည္း လတ္တေလာမွာပဲ သတိေပးထားပါတယ္။

=================

ရှမ်း ၂ ဖွဲ့တိုက်ပွဲ ဒေသခံတွေ ထိခိုက်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ဖြစ်ပွါးခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း ကျန်ရှိနေတဲ့ လက်နက်ကြီးကျည်နဲ့မြေမြှုပ်မိုင်းတွေ နင်းမိလို့ ဒေသခံတွေ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နေပါတယ်။ မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းကပဲ သီပေါမြို့နယ် ကောင်းဟုန်း ကျေးရွာဖက်မှာ မိုင်းနင်းမိလို့ ရွာသားတဦး သေဆုံးခဲ့ရပါတယ်။ ဖေဖော်ဝါရီနဲ့ မတ်လ နှစ်လအတွင်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော် ရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။

ရှမ်းတောင်ပိုင်းနဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ မြေမြှုပ်မိုင်း နင်းမိသူတွေ မကြာမကြာဖြစ်နေပြီး အသက်သေဆုံးသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မတ်လ ၂၈ ရက် မနက်ပိုင်းမှာပဲ သီပေါမြို့နယ်ကောင်းဟုန်းကျေးရွာသားတဦး တောင်ယာ ဥယာဉ်ခြံထဲ မိုင်းနင်း မိလို့သေဆုံးသွားတယ်လို့ ကောင်းဟုန်းကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

“ သူကတောင်ယာသွားမယ် ဆင်းသွားမယ်ဆိုပြီးမှ သူတို့(၃) ယောက်ဆင်းသွားတာ။ (၆)နာရီကျမှ တယောက်က အဲဒီတောင်ယာခြံထဲမှာပေါ့။ သူကအပေါ့ခဏသွားမယ်ဆိုပြီးမှ တောင်ယာရဲ့အပြင်ဘက် နဲနဲထွက်သွားတဲ့အချိန်ကျတော့ သူက အဲဒီမှာ မိုင်းသွားမိတာပေါ့။ ဗုံးကွဲတဲံအချိန်ကျတော့ သူ့မိန်းမကသူကိုသွားကြည့်တယ် အဲဒီမှာသူကဆုံးသွား တာပေါ့။ လက်နှစ်ဖက်လုံးပြတ်သွားတာလေ။ အကုန်လုံးဒဏ်ရာဒဏ်ချက်တွေက တအား မကောင်းဘူး။ ”

မိုင်းနင်းမိသေဆုံးသွားတဲ့ ကောင်းဟုန်းကျေးရွာသား စိုင်းဘရွှေအသက်(၄၀)နှစ်ဟာ ကလေး(၄)ယောက် ဖခင် တဦးဖြစ်ပါတယ်။

သီပေါမြို့နယ်မှာ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးစဉ်အတွင်း ထောင်ထားတဲ့ မြေမြုတ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်တွေဟာ ဒေသခံတွေအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ သူကပြောပါတယ်။

မတ်လ ၁၈ ရက်နေ့တုန်းကလဲ သီပေါမြို့နယ်ကြံခင်းရွာနေ အသက်(၂၂) အရွယ်စိုင်းအောင်ခန့် ဆိုသူတယောက်လဲ မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လ ၂ လအတွင်းမှာကို သီပေါမြို့နယ်ထဲမှာ မြေမြှုပ်မိုင်းကြောင်း ထိခိုက်ဒဏ်ရာရသူ ၂၀ လောက်ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“ များတော့များတယ်ရှင့် သီပေါမြို့နယ်ထဲမှာလဲ (၂၀)လောက်ရှိမယ်။ ဟိုတရက် နမ့်လန်က(၇)ဦး။ သီပေါမှာက (၂)ဦး။ (၂)လပိုင်းကနေ (၃)လပိုင်း အတွင်းပေါ့နော်။ လက်နက်ကိုင်ပဋိပက္ခရဲ့ကျန်နေသေးတာကော။ ကျွဲနွားတွေ ထိမိတာလဲ ကြားပါသေးတယ်။ ”

ဒီလိုမြေမြှုပ်မိုင်းတွေရှိနေလို့ ဒေသခံတွေ တောင်ယာတွေထဲသွားဖို့ ခြံလုပ်ငန်းလုပ်ဖို့ စိုးရိမ်နေရတယ်လို့ သူကပြောပါတယ်။

“ သူတို့ရွာတွေနဲ့တော့ ကျွန်မတို့ သွားပြီးတော့ တွေ့ဆုံဆွေးနွေးကြည့်တဲ့အခါမှာ သူတို့ ခြံတွေထဲသိပ်မသွားရဲ ဘူး။ ဘာလို့လဲဆို မိုင်းအန္တရာယ်တွေလဲကြောက်လို့။ အရင်တုန်းကလက်နက်ကြီးတွေ ကျထားတာအရမ်းများလို့ ခြံတွေတောင်မှ သွားရမှာ စိုးရိမ်နေကြတာပေါ့။ သူတို့ကတော့ အဲဒီလိုပြောတယ်။ စိုးရိမ်ပေမဲ့ ဝမ်းရေးကလဲ အရေး ကြီး တာကြောင့်မို့လို့ မသွားလဲမရဆိုတဲ့အခါမှာ တချို့ကလဲသွားတော့ အဲဒီလိုမျိုးတွေဖြစ်မှာပေါ့နော်။ ”

သီပေါမြို့နယ်လူမှုကူညီရေးအဖွဲ့ရဲ့စာရင်းအရ ၂၀၂၂ခုနှစ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ(၆)ဦး နဲ့(၅၀)ဦးခန့်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ကျောက်မဲမြို့နယ်မှာလဲ ဒီလအတွင်း မြေမြုတ်မိုင်းကြောင့် ထိခိုက်သူ(၃)ဦးရှိနေပါတယ်။

တိုင်းရင်းသားအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်စဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထောင်ထားတဲ့မိုင်းတွေ အများအပြားကျန်နေသေးတယ်လို့ ဇီဝိတလူမှု ကူညီရေးအသင်းတာဝန်ခံ ဦးတင်မောင်သိန်းကပြောပါတယ်။

“ ကျောက်မဲမြို့နယ်မှာ နှစ်ဦး သုံးဦးလောက်ရှိတယ်။ ကျွန်တော်တို့ ဒီဘက်မှာ RCSS နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ တိုက်ပွဲတွေရှိ။ နှစ်ဖက်စောင်နေကြတာကြာပြီး။ နောက်တခါတိုက်ပွဲတွေဖြစ်ကြတာပေါ့။ ဖြစ်ပြီးတော့မှ အခုတော့ RCSS က နောက်ဆုတ်သွားတာပေါ့။ နှစ်ဖက်စောင်နေတုန်းကတော့ မိုင်းတွေထောင်ခဲ့တာပေါ့။ အဲဒီမိုင်းလက်ကျန် တွေက အခု ထကွဲပြန်ပြီး။ ကျန်ခဲ့တဲ့မိုင်းတွေအများကြီးရှိတာပေါ့။ ”

မြန်မာနိုင်ငံမှာ စစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ မြေမြှုပ်မိုင်းကို အသုံးပြုနေကြတယ်လို့ မြေမြှုပ်မိုင်း ကာကွယ်တားဆီးရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် စစ်ရေး ပဋိပက္ခဖြစ်နေတဲ့ နေရာတွေ များလာတာနဲ့အတူ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်နိုင်မယ့် အန္တရာယ်ပိုကြီးမားနေတယ်လို့ ကုလသမဂ္ဂကလည်း လတ်တလောမှာပဲ သတိပေးထားပါတယ်။

XS
SM
MD
LG