သုံးရလွယ်ကူစေသည့် Link များ

ရုရှားနဲ့မြန်မာစစ်တပ် မြေမြှုပ်မိုင်းသုံးမှု နိုင်ငံတကာသဘောတူညီချက်ကို အဟန့်အတားဖြစ်စေ (ICBL ညွန်ကြားရေးမှူး) 


မြေမြှုပ်မိုင်း
မြေမြှုပ်မိုင်း


[[Zawgyi/Unicode]]

ရုရှားနဲ့မြန်မာနိုင်ငံကစစ်တပ်တွေရဲ့ မြေမြှုပ်မိုင်းအသုံးပြုမှုတွေဟာ မြေမြှုပ်မိုင်းတားဆီးရေး နိုင်ငံတကာ သဘောတူညီချက် အောင်မြင်ရေးကို အဟန့်အတားဖြစ်စေတဲ့အကြောင်း မနေ့ ဧပြီလ ၄ ရက်နေ့က ကုလသမဂ္ဂရဲ့ မြေမြှုပ်မိုင်းအကြောင်း အသိပညာပေးရေးနဲ့ ထောက်ပံ့ရေးဆိုင်ရာ နိုင်ငံတကာနေ့မှာ နိုင်ငံတကာ မြေမြုပ်မှိုင်း တားဆီးရေးအဖွဲ့ (ICBL) ညွန်ကြားရေးမှူး Hector Guerra က ပြောကြားလိုက်ပါတယ်။

“ယူကရိန်းမှာ ရုရှားတပ်တွေ မိုင်းတွေထပ်ပြီး သုံးလာတာ၊ မြန်မာနိုင်ငံမှာအစိုးရတပ်တွေက ဆက်သုံးနေတာတွေကိုကြည့်ရင် မြေမြှုပ်မိုင်း တားဆီးရေး သဘောတူညီချက် အောင်မြင်ဖို့ဆိုတာ အနှောင့်အယှက် အဟန့် အတားမရှိ မုချအောင်မြင်မယ်လို့ ပြောလို့မရနိုင်သေးတာကို ပြနေပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ချမှတ်ခဲ့တဲ့ သဘောတူညီနဲ့အညီ အရပ်သားပြည်သူတွေကို အကာကွယ်ပေးနိုင်ရေးအတွက် ဘယ်နေရာမှာဖြစ်ဖြစ် မြေမြုပ်မိုင်း သုံးစွဲမှုတွေကို နိုင်ငံတကာက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသင့်ပါတယ်..”- လို့ ICBL ရဲ့ ညွန်ကြားရေးမှူး Héctor Guerra က ကုလသမဂ္ဂဌာနချုပ်မှာ ပြောသွားတာပါ။

ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ကမ္ဘာမှာ မြေမြှုပ်မိုင်း ၅၃ သန်းကျော်ကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး ပေါက်ကွဲစေတဲ့လက်နက်တွေ ဖယ်ရှားရေး ခရီးရှည်ကြီးမှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မနေ့က အခမ်းအနားမှာ ကုလသမဂ္ဂ အရာရှိတွေ ချီးကျုးပြောဆိုကြပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ ငါးဆယ်ကျော်မှာ ဒီနေ့အထိ အရပ်သားတွေကို ထိခိုက်ဒဏ် ရာရစေတဲ့ မြေမြှုပ်မိုင်းတွေ ဆက်သုံးနေဆဲဖြစ်တဲ့အကြောင်း ထောက်ပြ ပြောဆိုတာပါ။ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်ရာနေရာတွေမှာ စစ်တပ်ဘက်ကရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကပါ မြေမြှုပ်မိုင်းသုံးတာတွေ ရှိနေတယ်ဆိုပြီး ဒီနှစ်ပိုင်း နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ ဖေါ်ပြထားကြတယ်။

မြေမြှုပ်မိုင်းတွေနဲ့ စစ်ကျန် မပေါက်ကွဲသေးတဲ့ လက်နက်တွေကြောင့် အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ သတင်းတွေလည်း ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာပဲ ဗွီအိုအေက ရရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============


[[Unicode]]







=============

XS
SM
MD
LG