သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆို ေဒသခံတခ်ိဳ႕ ေျမျမွဳပ္မိုင္းေၾကာင့္ ထိခိုက္


ကုန္းသာရြာက မိုင္းေပါက္ကြဲထားတဲ့ျမင္ကြင္း။ (ဓာတ္ပံု/ ကုန္းသာလူမႈအဖြဲ႔အစည္း)

{Zawgyi/Unicode}

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ ေဒသခံ႐ြာသားတခ်ိဳ႕ ေျမျမႇဳပ္မိုင္းနင္းမိလို႔ ေျခလက္ဆုံးရႈံးခဲ့ၾကပါတယ္။ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔တြၾကား တိုက္ပြဲေတြေၾကာင့္ ေတာေတာင္ေတြထဲ တိမ္းေရွာင္ေနၾကတဲ့ေဒသခံေတြ လိုတဲ့ပစၥည္းေတြ အိမ္ျပန္သြားယူစဥ္ ေနအိမ္ေတြနားမွာ ေျမျမႇဳပ္မိုင္းေတြ နင္းမိေနတာျဖစ္ပါတယ္။ လုံၿခဳံေရးစိတ္မခ်ရေသးခ်ိန္ ခုလို ေျမျမႇဳပ္မိုင္းအႏၲရာယ္ ထပ္ရွိလာတဲ့အတြက္ အိုးအိမ္စြန္ထြက္ေျပးေနသူေတြ ေနရပ္ျပန္ဖို႔ ပိုစိုးရိမ္စရာျဖစ္လာတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးတပ္ေတြၾကား တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီး ေဒသခံေတာ္ေတာ္မ်ားမ်ား အိုးအိမ္စြန႔္ပစ္ၿပီး ေတာ္ေတာင္ေတြထဲမွာ သြားေရာက္ခိုလႈံေနၾကပါတယ္။ အဲဒီလို ေတာထဲ ေဘးကင္းရာ သြားေနၾကသူတခ်ိဳ႕ ေနအိမ္မွာက်န္ခဲ့တဲ့ ေဆးဝါး အသုံးအေဆာင္ပစၥည္းေတြ ျပန္ယူစဥ္ ေျမျမႇဳပ္မိုင္းနင္းမိလို႔ ထိခိုက္ဒဏ္ရာရသူေတြ ရွိေနပါတယ္။ ေအာက္တိုဘာ ၂ ရက္ေန႔က ဒီးေမာ့ဆိုၿမိဳ႕နယ္ ကုန္းသာေက်း႐ြာကို ျပန္လာတဲ့ အသက္ ၄၂ ႏွစ္အ႐ြယ္ ေဒၚနန္းငဲဟာ သူ႔ရဲ႕ ဦးေလး ၿခံဝင္းထဲမွာ မိုင္းနင္းမိလို႔ ညာေျခေထာက္ ျပတ္ရွဒဏ္ရာရွိရၿပီး က်န္တဖက္မွာလည္း ျပင္းျပင္းထန္ထန္ထိခိုက္ ထားတယ္လို႔ မိုင္းနင္းမိသူရဲ႕ သူငယ္ခ်င္းျဖစ္သူ ေဒၚကြယ္ျမာက အခုလို ေျပာျပပါတယ္။

“သူ႔အေဒၚအိမ္ဝင္သြားတဲ့အခ်ိန္ ဘာမွမျဖစ္ဘူး။ ထြက္လာတဲ့အခ်ိန္က်မွ သူ႔ဦးေလးဆိုင္ကယ္ေဘးနား ငွက္ေပ်ာသီးရွိလို႔ ငွက္ေပ်ာသီး တလုံးယူစားမယ္ဆိုၿပီးမွ ဆိုင္ကယ္နားသြားလိုက္တာနဲ႔ နင္းမိသြားတာ။ နင္းမိတဲ့အခ်ိန္တုန္းက ေျခကေတာ့ တခါတည္းကို အဲ့ဒီတဖက္ကေတာ့ ျပတ္သြားတာ။ တခါထဲကို လဲက်သြားတာေပါ့ေနာ္။ ထမိန္ေတာင္မွ မပါေတာ့ဘူးေပါ့ေနာ္။ ေဘာင္းဘီတိုနဲ႔ပဲ အဲ့လိုမ်ိဳးလဲက်သြားတာေပါ့၊ က်န္တဲ့တဖက္ကေတာ့ ဒဏ္ရာကေတာ့ ႀကီးႀကီး ႏွစ္ေပါက္၊ အေပါက္ႀကီးႀကီး ႏွစ္ေပါက္ေတာ့ ရွိတာေပါ့။ အ႐ိုးေတာင္မွ ျမင္ရေသးတာေပါ့။ အဲ့ဒီက်န္တဲ့ တဖက္ကေလ၊ အဲ့ဒါေတြ သဲေတြေရာ ေက်ာက္ေတြက အကုန္လုံးအထဲမွာ အကုန္လုံး ဝင္ကုန္တယ္၊ အဲ့ဒါကို မနည္း ျခစ္ထုတ္ေပးရရတာေပါ့ေနာ္။ အနာထဲေပးတဲ့အခ်ိန္ဆို၊ တအားေတာ့ ခံစားရတာေပါ့၊ အိမ္ေတြကလည္း ဆုံးရႈံးသြားတယ္၊ အိမ္ဆုံးရႈံးတာမကေတာ့ အခုက အဲ့လိုမ်ိဳး ဘဝပါ ပ်က္ၿပီးမွ စိတ္ဒဏ္ရာေတြ အမ်ားႀကီးရခဲ့တာေပါ့။”

မိုင္းနင္းမိသူ ေဒၚနန္းငဲမွာ ၁၃ ႏွစ္အ႐ြယ္ သမီးတဦးနဲ႔ ၉ ႏွစ္ဦးအ႐ြယ္ သားတဦးရွိၿပီး မိုင္းနင္းမိတဲ့ဒဏ္ရာ အေျခအေနစိုးရိမ္ေနရပါတယ္။

တိုက္ပြဲေတြျပင္းထန္ခဲ့တဲ့ ကုန္းသာေက်း႐ြာမွာ စစ္ေကာင္စီတပ္ဖြဲ႔ေတြက ေက်း႐ြာေနအိမ္အတြင္း တပ္စြဲေနရာယူၿပီး ျပန္လည္ထြက္ခြာခ်ိန္ ကုန္းသာ႐ြာက ေနအိမ္ ၅၀ ေက်ာ္ မီးရႈိ႕ဖ်က္စီးခံရတယ္လို႔ ကုန္းသာပရဟိတက VOA ကို ေျပာပါတယ္။ အဲ့ဒီ မီးေလာင္ သြားတဲ့အထဲမွာ ေဒၚကြယ္ျမာနဲ႔ မိုင္းနင္းမိသူ ေဒၚနန္းငဲတို႔ရဲ႕အိမ္ေတြလည္း ပါသြားပါတယ္။ မီးေလာင္သြားတဲ့အိမ္ေတြအတြက္ ပရဟိတအဖြဲ႕အစည္းေတြက တအိမ္ တသိန္းႏႈန္းနဲ႔ ေထာက္ပံ့ေပးတဲ့ ေငြကိုျပန္လာယူရင္း အခုလို ေျမျမႇဳပ္မိုင္းနင္းမိတာလို႔ ေဒၚကြယ္ျမက ရွင္းျပပါတယ္။

စက္တင္ဘာ ၂၈ ရက္ေန႔ကလည္း ေသးဆူလဲေက်း႐ြာမွာ စစ္ေျပးဒုကၡသည္ အမ်ိဳးသားတေယာက္ ရိကၡာလာျပန္ယူရင္း သူ႔ရဲ႕ ေနအိမ္ၿခံဝင္းထဲကဝက္ၿခံေဘးမွာ ေျမျမႇဳပ္မိုင္းနင္းမိၿပီး ညာေျခေထာက္ ဆုံးရႈံးခဲ့ပါတယ္။ အဲဒီမိုင္းေတြဟာ စစ္တပ္ေတြ စခန္းခ်ခဲ့တဲ့ ေနရာေတြမွာ ေပါက္ကြဲတာျဖစ္တယ္လို႔ ေျမျမႇဳပ္မိုင္းနင္းခံရသူေတြကို ကူညီေပးခဲ့တဲ့ ကုန္းသာ႐ြာပရဟိတက အခုလို ေျပာပါတယ္။

“ေနရာေတာ္ေတာ္မ်ားကို သြားၿပီးေတာ့ မိုင္းေတြရွိတဲ့ေနရာတို႔၊ ေပါက္ကြဲတဲ့ေနရာတို႔ က်ေနာ္တို႔ေလ့လာတဲ့အခါမွာ စကစေတြ စခန္းခ်ထားတဲ့ေနရာမ်ိဳးေပါ့ေနာ္၊ ေနာက္စကစေတြ သူတို႔တပ္ဆုတ္သြားတဲ့ ေနရာမ်ိဳးေတြမွာ အဲ့လိုမ်ိဳးလမ္းေတြမွာပဲ က်ေနာ္တို႔ ေတြ႕ရွိရတယ္ေပ့ါေနာ္။ ေဒသခံေတြက အမ်ားအားျဖင့္ သုံးတဲ့မိုင္းေတြက်ေတာ့- သူတို႔က လက္လုပ္မိုင္းေတြ မ်ားတယ္ေပါ့ေနာ္၊ ေသးဆူလဲမွာ ေတြ႕ရတဲ့ မိုင္းတလုံးက သူ႔ရဲ႕နံပါတ္ေတြ ဘာေတြ၊ အဲ့ဒါကို က်ေနာ္တို႔ ၾကည့္တဲ့အခါမွာ ဒါအရပ္ဖက္အဖြဲ႕အစည္းအေနနဲ႔လည္း သူတို႔လည္း အတည္ျပဳေပးတယ္ေပါ့ေနာ္။”

အဲဒီေဒသမွာ လႈပ္ရွားေနတဲ့ ကရင္နီတပ္မေတာ္ KA ကလည္း တခ်ိဳ႕ေနရာမွာ မိုင္းအႏၲရာယ္ရွင္းလင္းေပးၿပီး အမွတ္အသားနဲ႔ ေတြ႕ရွိရတဲ့ မိုင္းေတြဟာ စစ္ေကာင္စီမိုင္းျဖစ္ေၾကာင္း KA အဖြဲ႕က ဆိုတယ္လို႔ ကုန္းသာ႐ြာ ပရဟိတက ေျပာပါတယ္။ စစ္တပ္နဲ႔ တိုက္ပြဲေတြ ျဖစ္ေနတဲ့ ကရင္နီအမ်ိဳးသား ကာကြယ္ေရးတပ္ KNDF ျပန္ၾကားေရးတာဝန္ခံကေတာ့ သူတို႔အေနနဲ႔ မိုင္းေတြ လိုက္လံ ရွင္းေပးေနတယ္လို႔ VOA ကို ခုလိုေျပာပါတယ္။

“မိုင္းေတြ အားလုံးက စစ္ေကာင္စီက ေထာင္ထားတဲ့ မိုင္းေတြပါပဲခင္ဗ်၊ စစ္ေကာင္စီေထာင္ထားတဲ့ဟာေတြပဲ။ ေျမျမႇဳပ္မိုင္းေသာ္ လည္းေကာင္း၊ နင္းမိုင္းေသာ္လည္းေကာင္း၊ စစ္ေကာင္စီထားတဲ့ဟာ အားလုံးပါပဲ၊ က်ေနာ္တို႔ လိုက္လံရွင္းလင္းေပးတာရွိတယ္။ ဒါေပမယ္ အကုန္ထိန္ေျပာင္ေအာင္ေတာ့ မရွင္းႏိုင္ေသးဘူးေပါ့ေလ။ က်န္ရွိေနပါေသးတယ္။”

စစ္တပ္က မိုင္းေတြေထာင္ခဲ့တယ္လို႔ ေဒသခံေတြေျပာတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တုံ႔ျပန္မႈရရွိဖို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဖုန္းနဲ႔ အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမယ့္ လက္ခံေျဖဆိုတာ မရွိပါဘူး။

စစ္တပ္နဲ႔ ေဒသခံလက္နက္ကိုင္အဖြဲ႔ေတြ အျပန္အလွန္ပစ္ခတ္တိုက္ပြဲမွာ ကုန္းသာ႐ြာက အသက္ ၇၀ အ႐ြယ္ အဘိုးအိုတဦး
လက္နက္ႀကီးထိမွန္ေသဆုံးခဲ့တာေၾကာင့္ သူ႔ ႐ုပ္အေလာင္းကို စက္တင္ဘာ ၂၇ ရက္ေန႔က လူနာတင္ယာဥ္နဲ႔ မီးသၿဂိဳဟ္ဖို႔ သယ္သြားရာမွာ လမ္းေဘးေထာင္မိုင္းထိမွန္ခဲ့လို႔ ကားေခါင္းပိုင္းပ်က္စီးသြားခဲ့ေပမဲ့ လူကို ထိမွန္ဒဏ္ရာရတာေတာ့ မရခဲ့ပါဘူး။
ကုန္းသာ႐ြာဘက္မွာ တိုက္ပြဲေတြ ၿငိမ္သြားတာ တပတ္ေလာက္ရွိေနေပမဲ့ ခုလို ေျမျမႇဳပ္မိုင္း အႏၲရာယ္ေတြရွိေနတာေၾကာင့္
လူဦးေရ ၁,၇၀၀ ေလာက္ရွိတဲ့ ကုန္းသာ႐ြာမွာ ျပန္လာတဲ့သူက လူဦးေရ ၁၀၀ ေတာင္မျပည့္ဘဲ ေတာ္ေတာ္မ်ားမ်ားက ေနရပ္ျပန္ဖို႔ စိုးရိမ္ေနၾကပါတယ္။

“တခ်ိဳ႕ေတာ္ေတာ္မ်ားမ်ားက ေၾကာက္တာေပါ့ေနာ္၊ တခ်ိဳ႕ ဘယ္လိုမ်ိဳးျဖစ္လဲဆိုေတာ့ သူတို႔ ျပန္လာရင္ေတာင္မွ ေနဖို႔ အိမ္မရွိဘူးေပါ့ေနာ္၊ တခ်ိဳ႕လည္း အိမ္ရွိေနတဲ့လူေတြကလည္း သူတို႔အိမ္ေရွ႕မွာ မိုင္းေတြဘာေတြေထာင္ထားသလားဆိုတဲ့ စိုးရိမ္စိတ္နဲ႔ေၾကာက္ၿပီးေတာ့ မလာတာ မ်ားတာေပ့ါေနာ္၊ ေနာက္ သူတို႔က လာခ်င္တယ္ဆိုရင္လည္း က်ေနာ္တို႔နဲ႔ ဆက္သြယ္ၿပီးေတာ့ လာလို႔ရမရေပါ့ေနာ္၊ ေနာက္မိုင္းရွင္းလင္းထားတာ လုပ္ၿပီး မလုပ္ၿပီး အရင္ဦးဆုံး က်ေနာ္တို႔က အဲ့လိုမ်ိဳးေမးျမန္းတာေပ့ါေနာ္။”

ျမန္မာႏိုင္ငံမွာ ေျမျမႇဳပ္မိုင္းေတြေၾကာင့္ ျပည္သူေတြ ထိခိုက္ေသဆုံးမႈေတြ ရွိေနဆဲျဖစ္တယ္လို႔ ႏိုင္ငံတကာေျမျမႇဳပ္ပိုင္းတားဆီးေရးအဖြဲ႔ ICBL က ၂၀၂၁ ဇြန္လထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ျမန္မာစစ္တပ္ဘက္ကေရာ လက္နက္ကိုင္ တပ္ဖြဲ႔ေတြဘက္ကပါ ေျမျမႇဳပ္မိုင္း သုံးစြဲမႈေတြ ထပ္ေတြ႔ရတယ္လို႔ အဲဒီအစီရင္ခံစာထဲမွာ ေျပာထားပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္တပ္နဲ႔ လက္နက္ကိုင္အဖြဲ႔ေတြ တိုက္ပြဲျပင္းထန္ခဲ့တဲ့ ခ်င္းျပည္နယ္ မင္းတပ္နဲ႔ ကယားျပည္နယ္ထဲက ေနရာေတြမွာ စစ္တပ္က ေျမျမႇဳပ္မိုင္းေတြ ေထာင္တဲ့သတင္းေတြ ရရွိတယ္လို႔ႏိုင္ငံတကာေျမျမႇဳပ္ပိုင္းတားဆီးေရးအဖြဲ႔ ICBL အဖြဲ႔ရဲ႕ ေနာက္ဆုံးထုတ္ျပန္ထားတဲ့ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


------------------

{/Unicode}


ဒီးမော့ဆို ဒေသခံတချို့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံရွာသားတချို့ မြေမြှုပ်မိုင်းနင်းမိလို့ ခြေလက်ဆုံးရှုံးခဲ့ကြပါတယ်။ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွကြား တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ တိမ်းရှောင်နေကြတဲ့ဒေသခံတွေ လိုတဲ့ပစ္စည်းတွေ အိမ်ပြန်သွားယူစဉ် နေအိမ်တွေနားမှာ မြေမြှုပ်မိုင်းတွေ နင်းမိနေတာဖြစ်ပါတယ်။ လုံခြုံရေးစိတ်မချရသေးချိန် ခုလို မြေမြှုပ်မိုင်းအန္တရာယ် ထပ်ရှိလာတဲ့အတွက် အိုးအိမ်စွန်ထွက်ပြေးနေသူတွေ နေရပ်ပြန်ဖို့ ပိုစိုးရိမ်စရာဖြစ်လာတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံတော်တော်များများ အိုးအိမ်စွန့်ပစ်ပြီး တော်တောင်တွေထဲမှာ သွားရောက်ခိုလှုံနေကြပါတယ်။ အဲဒီလို တောထဲ ဘေးကင်းရာ သွားနေကြသူတချို့ နေအိမ်မှာကျန်ခဲ့တဲ့ ဆေးဝါး အသုံးအဆောင်ပစ္စည်းတွေ ပြန်ယူစဉ် မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပါတယ်။ အောက်တိုဘာ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာကို ပြန်လာတဲ့ အသက် ၄၂ နှစ်အရွယ် ဒေါ်နန်းငဲဟာ သူ့ရဲ့ ဦးလေး ခြံဝင်းထဲမှာ မိုင်းနင်းမိလို့ ညာခြေထောက် ပြတ်ရှဒဏ်ရာရှိရပြီး ကျန်တဖက်မှာလည်း ပြင်းပြင်းထန်ထန်ထိခိုက် ထားတယ်လို့ မိုင်းနင်းမိသူရဲ့ သူငယ်ချင်းဖြစ်သူ ဒေါ်ကွယ်မြက အခုလို ပြောပြပါတယ်။

“သူ့အဒေါ်အိမ်ဝင်သွားတဲ့အချိန် ဘာမှမဖြစ်ဘူး။ ထွက်လာတဲ့အချိန်ကျမှ သူ့ဦးလေးဆိုင်ကယ်ဘေးနား ငှက်ပျောသီးရှိလို့ ငှက်ပျောသီး တလုံးယူစားမယ်ဆိုပြီးမှ ဆိုင်ကယ်နားသွားလိုက်တာနဲ့ နင်းမိသွားတာ။ နင်းမိတဲ့အချိန်တုန်းက ခြေကတော့ တခါတည်းကို အဲ့ဒီတဖက်ကတော့ ပြတ်သွားတာ။ တခါထဲကို လဲကျသွားတာပေါ့နော်။ ထမိန်တောင်မှ မပါတော့ဘူးပေါ့နော်။ ဘောင်းဘီတိုနဲ့ပဲ အဲ့လိုမျိုးလဲကျသွားတာပေါ့၊ ကျန်တဲ့တဖက်ကတော့ ဒဏ်ရာကတော့ ကြီးကြီး နှစ်ပေါက်၊ အပေါက်ကြီးကြီး နှစ်ပေါက်တော့ ရှိတာပေါ့။ အရိုးတောင်မှ မြင်ရသေးတာပေါ့။ အဲ့ဒီကျန်တဲ့ တဖက်ကလေ၊ အဲ့ဒါတွေ သဲတွေရော ကျောက်တွေက အကုန်လုံးအထဲမှာ အကုန်လုံး ဝင်ကုန်တယ်၊ အဲ့ဒါကို မနည်း ခြစ်ထုတ်ပေးရရတာပေါ့နော်။ အနာထဲပေးတဲ့အချိန်ဆို၊ တအားတော့ ခံစားရတာပေါ့၊ အိမ်တွေကလည်း ဆုံးရှုံးသွားတယ်၊ အိမ်ဆုံးရှုံးတာမကတော့ အခုက အဲ့လိုမျိုး ဘဝပါ ပျက်ပြီးမှ စိတ်ဒဏ်ရာတွေ အများကြီးရခဲ့တာပေါ့။”

မိုင်းနင်းမိသူ ဒေါ်နန်းငဲမှာ ၁၃ နှစ်အရွယ် သမီးတဦးနဲ့ ၉ နှစ်ဦးအရွယ် သားတဦးရှိပြီး မိုင်းနင်းမိတဲ့ဒဏ်ရာ အခြေအနေစိုးရိမ်နေရပါတယ်။

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ်ဖွ့ဲတွေက ကျေးရွာနေအိမ်အတွင်း တပ်စွဲနေရာယူပြီး ပြန်လည်ထွက် ခွာချိန် ကုန်းသာရွာက နေအိမ် ၅၀ ကျော် မီးရှို့ဖျက်စီးခံရတယ်လို့ ကုန်းသာပရဟိတက VOA ကို ပြောပါတယ်။ အဲ့ဒီ မီးလောင် သွားတဲ့အထဲမှာ ဒေါ်ကွယ်မြနဲ့ မိုင်းနင်းမိသူ ဒေါ်နန်းငဲတို့ရဲ့အိမ်တွေလည်း ပါသွားပါတယ်။ မီးလောင်သွားတဲ့အိမ်တွေအတွက် ပရဟိတအဖွဲ့အစည်းတွေက တအိမ် တသိန်းနှုန်းနဲ့ ထောက်ပံ့ပေးတဲ့ ငွေကိုပြန်လာယူရင်း အခုလို မြေမြှုပ်မိုင်းနင်းမိတာလို့ ဒေါ်ကွယ်မြက ရှင်းပြပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ကလည်း သေးဆူလဲကျေးရွာမှာ စစ်ပြေးဒုက္ခသည် အမျိုးသားတယောက် ရိက္ခာလာပြန်ယူရင်း သူ့ရဲ့ နေအိမ်ခြံဝင်းထဲကဝက်ခြံဘေးမှာ မြေမြှုပ်မိုင်းနင်းမိပြီး ညာခြေထောက် ဆုံးရှုံးခဲ့ပါတယ်။ အဲဒီမိုင်းတွေဟာ စစ်တပ်တွေ စခန်းချခဲ့တဲ့ နေရာတွေမှာ ပေါက်ကွဲတာဖြစ်တယ်လို့ မြေမြှုပ်မိုင်းနင်းခံရသူတွေကို ကူညီပေးခဲ့တဲ့ ကုန်းသာရွာပရဟိတက အခုလို ပြောပါတယ်။

“နေရာတော်တော်များကို သွားပြီးတော့ မိုင်းတွေရှိတဲ့နေရာတို့၊ ပေါက်ကွဲတဲ့နေရာတို့ ကျနော်တို့လေ့လာတဲ့အခါမှာ စကစတွေ စခန်းချထားတဲ့နေရာမျိုးပေါ့နော်၊ နောက်စကစတွေ သူတို့တပ်ဆုတ်သွားတဲ့ နေရာမျိုးတွေမှာ အဲ့လိုမျိုးလမ်းတွေမှာပဲ ကျနော်တို့ တွေ့ရှိရတယ်ပေ့ါနော်။ ဒေသခံတွေက အများအားဖြင့် သုံးတဲ့မိုင်းတွေကျတော့- သူတို့က လက်လုပ်မိုင်းတွေ များတယ်ပေါ့နော်၊ သေးဆူလဲမှာ တွေ့ရတဲ့ မိုင်းတလုံးက သူ့ရဲ့နံပါတ်တွေ ဘာတွေ၊ အဲ့ဒါကို ကျနော်တို့ ကြည့်တဲ့အခါမှာ ဒါအရပ်ဖက်အဖွဲ့အစည်းအနေနဲ့လည်း သူတို့လည်း အတည်ပြုပေးတယ်ပေါ့နော်။”

အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ကရင်နီတပ်မတော် KA ကလည်း တချို့နေရာမှာ မိုင်းအန္တရာယ်ရှင်းလင်းပေးပြီး အမှတ်အသားနဲ့ တွေ့ရှိရတဲ့ မိုင်းတွေဟာ စစ်ကောင်စီမိုင်းဖြစ်ကြောင်း KA အဖွဲ့က ဆိုတယ်လို့ ကုန်းသာရွာ ပရဟိတက ပြောပါတယ်။ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ခံကတော့ သူတို့အနေနဲ့ မိုင်းတွေ လိုက်လံ ရှင်းပေးနေတယ်လို့ VOA ကို ခုလိုပြောပါတယ်။

“မိုင်းတွေ အားလုံးက စစ်ကောင်စီက ထောင်ထားတဲ့ မိုင်းတွေပါပဲခင်ဗျ၊ စစ်ကောင်စီထောင်ထားတဲ့ဟာတွေပဲ။ မြေမြှုပ်မိုင်းသော် လည်းကောင်း၊ နင်းမိုင်းသော်လည်းကောင်း၊ စစ်ကောင်စီထားတဲ့ဟာ အားလုံးပါပဲ၊ ကျနော်တို့ လိုက်လံရှင်းလင်းပေးတာရှိတယ်။ ဒါပေမယ် အကုန်ထိန်ပြောင်အောင်တော့ မရှင်းနိုင်သေးဘူးပေါ့လေ။ ကျန်ရှိနေပါသေးတယ်။”

စစ်တပ်က မိုင်းတွေထောင်ခဲ့တယ်လို့ ဒေသခံတွေပြောတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်မှုရရှိဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေ အပြန်အလှန်ပစ်ခတ်တိုက်ပွဲမှာ ကုန်းသာရွာက အသက် ၇၀ အရွယ် အဘိုးအိုတဦး
လက်နက်ကြီးထိမှန်သေဆုံးခဲ့တာကြောင့် သူ့ ရုပ်အလောင်းကို စက်တင်ဘာ ၂၇ ရက်နေ့က လူနာတင်ယာဉ်နဲ့ မီးသဂြိုဟ်ဖို့ သယ်သွားရာမှာ လမ်းဘေးထောင်မိုင်းထိမှန်ခဲ့လို့ ကားခေါင်းပိုင်းပျက်စီးသွားခဲ့ပေမဲ့ လူကို ထိမှန်ဒဏ်ရာရတာတော့ မရခဲ့ပါဘူး။
ကုန်းသာရွာဘက်မှာ တိုက်ပွဲတွေ ငြိမ်သွားတာ တပတ်လောက်ရှိနေပေမဲ့ ခုလို မြေမြှုပ်မိုင်း အန္တရာယ်တွေရှိနေတာကြောင့်
လူဦးရေ ၁,၇၀၀ လောက်ရှိတဲ့ ကုန်းသာရွာမှာ ပြန်လာတဲ့သူက လူဦးရေ ၁၀၀ တောင်မပြည့်ဘဲ တော်တော်များများက နေရပ်ပြန်ဖို့ စိုးရိမ်နေကြပါတယ်။

“တချို့တော်တော်များများက ကြောက်တာပေါ့နော်၊ တချို့ ဘယ်လိုမျိုးဖြစ်လဲဆိုတော့ သူတို့ ပြန်လာရင်တောင်မှ နေဖို့ အိမ်မရှိဘူးပေါ့နော်၊ တချို့လည်း အိမ်ရှိနေတဲ့လူတွေကလည်း သူတို့အိမ်ရှေ့မှာ မိုင်းတွေဘာတွေထောင်ထားသလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ကြောက်ပြီးတော့ မလာတာ များတာပေ့ါနော်၊ နောက် သူတို့က လာချင်တယ်ဆိုရင်လည်း ကျနော်တို့နဲ့ ဆက်သွယ်ပြီးတော့ လာလို့ရမရပေါ့နော်၊ နောက်မိုင်းရှင်းလင်းထားတာ လုပ်ပြီး မလုပ်ပြီး အရင်ဦးဆုံး ကျနော်တို့က အဲ့လိုမျိုးမေးမြန်းတာပေ့ါနော်။”

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေဆဲဖြစ်တယ်လို့ နိုင်ငံတကာမြေမြှုပ်ပိုင်းတားဆီးရေးအဖွဲ့ ICBL က ၂၀၂၁ ဇွန်လထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ဘက်ကရော လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကပါ မြေမြှုပ်မိုင်း သုံးစွဲမှုတွေ ထပ်တွေ့ရတယ်လို့ အဲဒီအစီရင်ခံစာထဲမှာ ပြောထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ် မင်းတပ်နဲ့ ကယားပြည်နယ်ထဲက နေရာတွေမှာ စစ်တပ်က မြေမြှုပ်မိုင်းတွေ ထောင်တဲ့သတင်းတွေ ရရှိတယ်လို့နိုင်ငံတကာမြေမြှုပ်ပိုင်းတားဆီးရေးအဖွဲ့ ICBL အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

#MyanmarLandmines #MyanmarViolence #VOABurmese
#မြေမြှုပ်မိုင်း#ဒီးမော့ဆို#KNDF#ကုန်းသာရွာ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG