သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်းနဲ့လက်ကျန်လက်နက်ကြီးများ အန္တရာယ်ကြုံ


ကယား စစ်ဘေးရှောင်ဒုက္ခသည်များ
ကယား စစ်ဘေးရှောင်ဒုက္ခသည်များ

{Zawgyi/Unicode}

ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ မြန်မာစစ်ကောင်စီအကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာရွာမှာ ဒီနေ့မနက်ပိုင်းက လက်နက်ကြီးပေါက်ကွဲလို့ ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း လက်နက်ကြီးတွေ ရွာထဲကျထားပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ကိုင်မိလို့ ပေါက်ကွဲမှုဖြစ်တာပါ။ ဒေသခံတွေအနေနဲ့ မပေါက်ကွဲသေးတဲ့လက်နက်ကြီးတွေနဲ့ မြေမြုပ်မိုင်းအန္တရာယ်တွေရှိနေတဲ့အကြောင်း ရန်ကုန် က သတင်းပေးပို့တာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

စက်တင်ဘာလကုန်လောက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မြို့နယ် ကုန်းသာရွာမှာ ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးပေါက်ကွဲလို့ အသက် ၂၉ နှစ်အရွယ်တဦး၊ အသက် ၃၁ အရွယ်တဦးနဲ့ အသက် ၄၁ အရွယ်တဦး၊ ပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဆေးရုံပို့ဆောင်ခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်းက ပြောပါတယ်။

“စုစုပေါင်း သုံးယောက်ဗျ ထိတာပေါ့နော်၊ ထိခိုက်ဒဏ်ရာရတာသုံးယောက်။ ယောက်ကျားလေးတွေပဲပေါ့၊ တအားကြီး-အသက်အန္တရာယ်စိုးရိမ်စရာတော့ မပါဘူးဗျ၊ တယောက်က ခြေထောက် ခြေသလုံးနားမှာ နှစ်ယောက်ထိတယ်ပေါ့၊ ပြီးတော့ တယောက်က ဒီလက်ဖျံအရိုးနားမှာ ထိတယ်။”

ဒဏ်ရာရရှိသူ အသက် ၃၁ နှစ်အရွယ် ရွာသားတဦးက သူ့မှာ လက်ချောင်း၊ လက်ကောက်ဝတ် ပေါက်ပြဲဒဏ်ရာရရှိထားပြီး ကျန်နှစ်ဦးက ညာခြေသလုံးနဲ့ဘယ်ခြေသလုံးတွေမှာ မိုင်းစ ဖောက်ဝင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။

“အဲ့ဒီဘက်ဘက် လက်လက်ချောင်းတွေ တော်တော်ထိတယ်။ ကျန်တဲ့ နှစ်ယောက်က အသက်အန္တရာယ်လောက်တော့ မစိုးရိမ်ရပေမယ့်လည်း တော်တော်ကြီး ထိသွားတယ်၊ သူတို့နှစ်ယောက်က။”

စက်တင်ဘာ ၂၉ ရက်က လွိုင်ကော်နယ် ကုန်းသာရွာတဝိုက်မှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးကြရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ကျေးရွာဘက်ကို အဆက်မပြတ် ပစ်ခတ်လို့ ကုန်းသာရွာက နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးသွားသလို ရွာ ၆ ရွာထက် မနည်းက ဒေသခံတွေ တောတောင်ထဲ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။

တိုက်ပွဲပြန်ငြိမ်းလို့ ပုန်းရှောင်တဲ့နေရာကနေ အောက်တိုဘာ ၁၂ နေ့ မနေ့ညနေပိုင်း ရွာသားတချို့ နေရပ်ပြန်လာရာမှာ၊ နေအိမ်ဝန်းကျင်မှာ ထောင်ထားတဲ့ မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ အများကြီးတွေ့ရတယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ အခုဖြစ်စဉ်မှာလည်း ခြံဝင်းထဲက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ကိုင်မိရာကနေ ပေါက်ကွဲသွားတာလို့ အဲ့ဒီဒဏ်ရာရထားသူက ဆက်ပြောပါတယ်။

“မိုင်းတို့ လက်နက်ကြီးတွေဆိုရင် ကျနော်တို့လည်း ဟိုငယ်ငယ်ကတည်းက အခုချိန်ထိ တခါမှမမြင်ဖူးဘူးလို့လည်း ပြောလို့ရတယ်ပေါ့နော်၊ တိုက်ပွဲဖြစ်တာနဲ့ ကျနော်ထွက်ပြေးနေရတယ်၊ မနေ့ညမှပဲ ပြန်လာတော့ ကိုယ့်ရဲ့အိမ်ပတ်ဝန်းကျင်မှာ တွေ့လိုက်တဲ့ ဒီလက်နက်ကြီးပေါ့နော်၊ အဲဒါကြောင့်မို့ သွားကိုင်မိလိုက်တော့ ပေါက်ကွဲသွားတာပေါ့နော်၊ တချို့ရွာသားတွေက ပြောတာ သူတို့အိမ်ကရွာရဲ့ နည်းနည်းအစွန်လောက်ရှိတဲ့လူပေါ့နော်။ သူတို့အိမ်ဘေးတွေဆိုရင် မိုင်းတွေ ထောင်ထားတာလည်း တွေ့နေတယ်လို့ပြောသံကြားတယ်ပေါ့နော်။ ဒါလည်းရှိတယ်တဲ့။”

လက်နက်ကြီးတွေ နေအိမ်ဝန်းကျင်းမှာပဲ ကျရောက်ထားပြီးမတော်တဆ ပေါက်ကွဲမှာ စိုးရိမ်လို့ ဘယ်သူမှ မကောက်ရဲဘူးလို့ နောက်ထပ် ရွာခံတဦးက ပြောပါတယ်။

“ကျမတို့နေတဲ့နေရာရဲ့ အရှေ့မှာဆိုလည်း မနေ့က တလုံးတွေ့တယ်ပေ့ါနော်။ ဒါပေမယ့် ဘယ်သူမှ မကောက်ရဲဘူး၊ ကျမတို့လည်းမကောက်ရဲဘူး။ အဲ့အတိုင်းရှိသေးတာပေါ့နော်၊ အဲ့လိုမျိုးပေါ့၊ အော်…(တိုက်ပွဲကြောင့်ထွက်ပြေးနေတဲ့ရွာသား) အကုန်လုံးကတော့ ပြန်မလာဘူး။ တချို့ကတော့ နည်းနည်းပြန်ငြိမ်တော့ တောထဲမှာမနေနိုင်လို့ တချို့ကတော့ ပြန်လာတယ်၊ တချို့ကတော့ တောထဲမှာလည်း ရှိသေးတယ်ပေါ့နော်။”

ကယားပြည်နယ်ထဲ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ တိမ်းရှောင်နေကြတဲ့ ဒေသခံတွေ လိုတဲ့ ပစ္စည်းတွေ အိမ်ပြန်သွားယူစဉ် နေအိမ်နား မြေမြှုပ်မိုင်း နင်းမိလို့ ခြေလက်ဆုံးရှုံးခဲ့ရသူတွေလည်း ရှိနေပါတယ်။

ကယားပြည်မှာဆိုရင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ မိုးဗြဲမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေ အများအပြားအသုံးပြုနေသလို ကျေးရွာထဲမှာ နေရာယူတပ်စွဲခဲ့ပြီး ပြန်လည်ထွက်ခွာချိန်မှာ မိုင်းထောင်ခဲ့တာရှိတယ်လို့ ရွာခံတွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့က VOA ကို ပြောကြပါတယ်။

စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်နီအမျိုးသားကာ ကွယ်ရေးတပ် KNDF ပြန်ကြားရေး တာဝန်ခံကတော့ သူတို့အနေနဲ့လည်း မိုင်းတွေ လိုက်လံရှင်းပေးနေတယ်လို့ VOA ကို ပြောထားပါတယ်။

လုံခြုံရေးစိတ်မချရသေးချိန် စစ်ကျန်ပစ္စည်းတွေ မိုင်းအန္တရာယ်တွေရှိနေနိုင်တာမို့ ဒေသခံတွေ သတိထားဖို့လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

ကယားပြည်နယ်တိုက်ပွဲ နောက်ပိုင်းအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုန်ပြန်ကြေညာတာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

========

{Zawgyi/Unicode}




“စုစုပေါငျး သုံးယောကျဗြ ထိတာပေါ့နောျ၊ ထိခိုကျဒဏျရာရတာသုံးယောကျ။ ယောကျကြားလေးတှပေဲပေါ့၊ တအားကွီး-အသကျအန်တရာယျစိုးရိမျစရာတော့ မပါဘူးဗြ၊ တယောကျက ခွထေောကျ ခွသေလုံးနားမှာ နှဈယောကျထိတယျပေါ့၊ ပွီးတော့ တယောကျက ဒီလကျဖြံအရိုးနားမှာ ထိတယျ။”















#MyanmarViolence #KayahFighting#MyanmarLandmines #VOABurmese


XS
SM
MD
LG