သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြတ္ခိုင္ဘက္ ေျမျမွဳပ္မုိင္းေပါက္ကြဲမႈ ၅ ႏွစ္အရြယ္မိန္းကေလး ေသဆံုး


ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခုိင္ၿမိဳ႕နယ္ (ဓါတ္ပံု- Kutkai Township Development Committee / Facebook)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္မွာ ေပါက္ကဲြမႈ တစ္ခုျဖစ္ခဲ့ရာမွာ ကေလး ေျခာက္ ေယာက္ထိခိုက္ခဲ့ၿပီး ဒီအထဲက ၅ ႏွစ္အရြယ္ မိန္းကေလး ေသဆုံးသြားတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပေပးပါမယ္။

ကြတ္ခိုင္ၿမိဳ႕နယ္ ခိုတင္ရြာမွာ မေန႔ညေနပုိင္းက ျဖစ္ပြားခ့ဲတဲ့ ေပါက္ကဲြမႈေၾကာင့္ ကေလး ေျခာက္ ေယာက္ ဒဏ္ရာရခဲ့ၿပီး ဒဏ္ရာျပင္းထန္သူေတြထဲက ၅ ႏွစ္အရြယ္ မိန္းကေလးကေတာ့ ေဆး႐ုံပုိ႔မွာပဲ ေသဆုံးသြားခဲ့တာပါ။

ေပါက္ကဲြမႈေၾကာင့္ ထိခိုက္ဒဏ္ရာ ရသူေတြထဲမွာ ေနာက္ထပ္ ဒဏ္ရာျပင္းထန္သူေတြ ရွိေနေသးတယ္လုိ႔လည္း အခင္းျဖစ္ခဲ့တဲ့ ခိုတင္ရြာရဲ႕ ဘုန္ႀကီးေက်ာင္းက ဦးဓမၼသာရက အခုလို မိန္႔ၾကားပါတယ္။

“ကေလးအားလံုး ကေလး ရွစ္ ေယာက္ရွိတယ္။ ရွစ္ ေယာက္ထဲမွာ ႏွစ္ ေယာက္က ဘာမွ မျဖစ္ဘူး။ ႏွစ္ ေယာက္က နည္းနည္းျဖစ္တယ္။ မိုင္းစ နည္းနည္းထိတယ္။ သိပ္ေတာ့ မစိုးရိမ္ရဘူးေပါ့။ ေလး ေယာက္က်ေတာ့ အသည္းအသန္ျဖစ္တယ္။ ေလး ေယာက္က်ေတာ့ တအားဒဏ္ရာျပင္းထန္တယ္။ ေလးေယာက္ထဲက တေယာက္က မေန႔က ဆံုးသြားၿပီ။ ဦးဇင္းတို႔ပဲ ျဖစ္ျဖစ္ျခင္း ကေလးေတြကို ေဆးရံုေခၚသြားတယ္။ ေဆးရံုမွာျပ၊ ျပၿပီးေတာ့ ေဆးရံုက ဆရာမေတြေတာ့ ကြတ္ခိုင္ကေန လားရိႈးေတာ့ ပို႔ေပးတယ္။ လားရိႈးမွာ ရွိတဲ့ ကေလးအေျခအေနက အဲဒီ ကေလးမတစ္ေယာက္က ဦးေခါင္းထိထားေတာ့ ခုခ်ိန္ထိ သတိမရေသးဘူးလို႔ ေျပာၾကတယ္။ ကေလးေတြက အႀကီးဆံုးက ၁၂ ႏွစ္အရြယ္ပဲ ရွိေသးတယ္။ အငယ္ဆံုးက်ေတာ့ ႏွစ္ႏွစ္ပဲ ရွိေသးတယ္။”

လက္နက္ကုိင္အဖဲြ႔ေတြ လႈပ္ရွားေလ့ရွိတဲ့ ေဒသမွာ ျဖစ္ပြားခဲ့တဲ့ ေပါက္ကဲြမႈနဲ႔ ပတ္သက္လုိ႔ ရွင္းရွင္းလင္းလင္းေတာ့ မသိရေသးပါဘူး။ ဆရာေတာ္ ဦးဓမၼသာရကေတာ့ ေပါက္ကဲြမႈျဖစ္စဥ္နဲ႔ ပတ္သက္လုိ႔ အခုလုိ မိန္႔ၾကားပါတယ္။

“အခု အဲဒီေပါက္ကဲြတာက အိမ္ေရွ႕နားေလး ဒကာႀကီး။ ကေလးေတြက တျခားကေန ယူလားသလား။ ဒါမွ မဟုတ္ ဟိုအရင္တုန္းကေတာ့ ဦးဇင္းတို႔ ရြာမွာေတာ့ တပ္မ ၉၉ ေတာ့ လာနားသြားတယ္။ အဲဒီ အိမ္ေပါ့ေနာ္။ သူတို႔ က်န္ခဲ့တာလား။ ဒါမွ မဟုတ္ သူတို႔ ျမွဳပ္ထားတာလား။ မသိဘူးေပါ့။ ဦးဇင္းတို႔လည္း တိတိက်က် မသိဘူးေပါ့။ ေပါက္ကဲြတာေတာ့ ကေလးေတြက ကိုင္ၿပီး ပစ္တာလား။ ဒါမွမဟုတ္ နင္းမိတာလား၊ အဲဒါ ဦးဇင္းတို႔လည္း မိုင္းအေၾကာင္း မသိေတာ့ တိတိက်က် မသိဘူးေပါ့။ မေန႔ကလည္း ရဲစခန္းေတြေတာ့ လာၾကည့္သြားေသးတယ္။”

ဒီသတင္းနဲ႔ ပတ္သက္ၿပီး ေမးျမန္းႏိုင္ဖို႔ ကြတ္ခိုင္ရဲစခန္းကို ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းလက္ခံ ေျဖဆိုတာ မရွိခဲ့ပါဘူး။ ဒီလ ၂၈ ရက္ေန႔ကလည္း ေက်ာက္မဲၿမိဳ႕နယ္ ေက်ာင္းကုန္းရြာမွာ ေျမျမွဳပ္မိုင္းနင္းမိတာေၾကာင့္ အသက္ ၅၉ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး ေသဆံုးခဲ့ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲ၊ သီေပါ၊ ကြတ္ခိုင္၊ မူဆယ္၊ နမ့္ခမ္း စတဲ့ေဒသေတြမွာ ကခ်င္၊ တအန္းပေလာင္နဲ႔ ရွမ္းလက္နက္ကိုင္အဖဲြ႕ ႏွစ္ ဖဲြ႕လႈပ္ရွားေနတာျဖစ္ၿပီး အစိုးရတပ္မေတာ္နဲ႔ ထိေတြ႔တိုက္ပဲြျဖစ္ပြားေလ့ရွိသလို မိုင္းနင္းမိတာ၊ လက္နက္ႀကီးေပါက္ကဲြတာ ေတြေၾကာင့္ ေဒသခံေတြ ထိခိုက္ေသဆံုးတာေတြ မၾကာခဏဆိုသလို ျဖစ္ပြားေနတာပါ။

ဒီလို မၾကာခဏ ထိခိုက္တာေတြေၾကာင့္ တအန္း(ပေလာင္) အမ်ိဳးသမီးအဖဲြ႕ TWO က ေျပာေရးဆိုခြင့္ရွိသူ ေလြးကူကူက လက္နက္ကိုင္အဖဲြ႕ေတြကို အျပစ္မဲ့အရပ္သားေတြ မထိခိုက္ေစေအာင္ ေရွာင္ရွားဖို႔အတြက္ေတာင္းဆိုထားပါတယ္။

“က်မတို႔အေနနဲ႔ တိုက္တြန္းခ်င္တာကေတာ့ အမ်ားသြားတဲ့ေနရာေတြ လူထုကို ထိခိုက္ေစမယ့္ ဒီလက္နက္ ကိရိယာေတြကို မထားေပးဖို႔၊ အထူးသျဖင့္ ေျမျမွဳပ္မိုင္းေတြ စသည္ျဖင့္ေပါ့ေနာ္။ လူအမ်ားသြားလာတဲ့ေနရာပဲျဖစ္ျဖစ္၊ ၿပီးလို႔ရွိရင္ ေက်းရြာေတြနားနီးတဲ့ေနရာတို႔၊ ၿမိဳ ႔နားနီးတဲ့ေနရာတို႔ဆိုရင္ အတတ္ႏိုင္ဆံုး ေရွာင္ေပးဖို႔ေပါ့ေနာ္။ ၿပီးရင္ စစ္ပဲြ ပဋိပကၡျဖစ္ေနတဲ့ဟာေတြကို အျမန္ဆံုး ရပ္တန္႔ၿပီးမွ ဒီအားလံုးေပါ့ေနာ္။ ၿငိမ္းခ်မ္းေရးကို ဦးတည္တဲ့ ေဆြးေႏြးပဲြ စကားဝိုင္းကို ျမန္ျမန္ေလး အေကာင္အထည္ေဖာ္ေပးဖို႔ ျဖစ္ေစခ်င္တာေပါ့ေနာ္။”

TWO အဖဲြ႕က ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက ထုတ္ျပန္တဲ့ အစီရင္ခံစာတစ္ခုမွာေတာ့ ရွမ္းေျမာက္ေဒသမွာ ၂၀၁၉ ခုႏွစ္ ဇူလိုင္ကေန စက္တင္ဘာ ၃ လအတြင္း လက္နက္ႀကီး ထိမွန္တာနဲ႔ ေျမျမွဳပ္မိုင္း နင္းမိတာေၾကာင့္ လူ ၁၀ ဦးထက္မနည္းေသဆံုးခဲ့ရေၾကာင္း နဲ႔ တအန္းေက်ာင္းသားလူငယ္အဖဲြ႔ ေကာက္ယူရရိွတဲ့ စာရင္းအရ ၂၀၂၀ ဇန္နဝါရီလကေန ဇူလိုင္လအထိ ေျမျမွဳပ္မိုင္းနဲ႔ စစ္က်န္ပစၥည္းေတြေၾကာင္ ေသဆံုးသူ ၉ ဦး၊ ထိခိုက္သူ ၃၂ ဦးရိွပါတယ္။

လက္နက္ကုိင္ ပဋိပကၡေတြအတြင္း ကေလးသူငယ္ေတြ ထိခုိက္ေသဆုံးမႈေတြနဲ႔ ပတ္သက္လုိ႔ ဇြန္လထဲမွာ ထုတ္ျပန္ခဲ့တဲ့ ကုလသမဂၢရဲ႕ ႏွစ္ပတ္လည္ အစီရင္ခံစာမွာလည္း ျမန္မာႏုိင္ငံက အေျခအေနေတြကုိ ေဖာ္ျပခဲ့တာပါ။ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ထဲ လက္နက္ကုိင္ ပဋိပကၡေတြအတြင္း ကေလးငယ္ ၄၂၀ အေပၚ ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေပါင္း ၄၃၂ ခု က်ဳးလြန္ခဲ့တာ ေတြ႔ရွိခဲ့ရၿပီး၊ ၆ လအရြယ္ ကေလးအပါအ၀င္ ထိခုိက္ဒဏ္ရာရသူ ၁၂၀ နဲ႔ ေသဆုံးသူ ၄၁ ေယာက္ ရွိခဲ့တယ္လုိ႔လည္း ေျပာပါတယ္။ အစုိးရမဟုတ္တဲ့ လက္နက္ကုိင္ အဖဲြ႔အစည္းေတြက စာသင္ေက်ာင္းေတြကုိ တုိက္ခုိက္မႈေပါင္း ၁၂ ႀကိမ္နဲ႔ ဖမ္းဆီးခံခဲ့ရသူ ကေလး ၁၂ ေယာက္ ရွိခဲ့တာကုိ အတည္ျပဳႏုိင္ခဲ့ေၾကာင္းလည္း အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကွတ်ခိုင်ဘက် မြေမြှုပ်မိုင်းပေါက်ကွဲမှု ၅ နှစ်အရွယ်မိန်းကလေး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ရာမှာ ကလေး ခြောက် ယောက်ထိခိုက်ခဲ့ပြီး ဒီအထဲက ၅ နှစ်အရွယ် မိန်းကလေး သေဆုံးသွားတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

ကွတ်ခိုင်မြို့နယ် ခိုတင်ရွာမှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ကလေး ခြောက် ယောက် ဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေထဲက ၅ နှစ်အရွယ် မိန်းကလေးကတော့ ဆေးရုံပို့မှာပဲ သေဆုံးသွားခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေထဲမှာ နောက်ထပ် ဒဏ်ရာပြင်းထန်သူတွေ ရှိနေသေးတယ်လို့လည်း အခင်းဖြစ်ခဲ့တဲ့ ခိုတင်ရွာရဲ့ ဘုန်ကြီးကျောင်းက ဦးဓမ္မသာရက အခုလို မိန့်ကြားပါတယ်။

“ကလေးအားလုံး ကလေး ရှစ် ယောက်ရှိတယ်။ ရှစ် ယောက်ထဲမှာ နှစ် ယောက်က ဘာမှ မဖြစ်ဘူး။ နှစ် ယောက်က နည်းနည်းဖြစ်တယ်။ မိုင်းစ နည်းနည်းထိတယ်။ သိပ်တော့ မစိုးရိမ်ရဘူးပေါ့။ လေး ယောက်ကျတော့ အသည်းအသန်ဖြစ်တယ်။ လေး ယောက်ကျတော့ တအားဒဏ်ရာပြင်းထန်တယ်။ လေးယောက်ထဲက တယောက်က မနေ့က ဆုံးသွားပြီ။ ဦးဇင်းတို့ပဲ ဖြစ်ဖြစ်ခြင်း ကလေးတွေကို ဆေးရုံခေါ်သွားတယ်။ ဆေးရုံမှာပြ၊ ပြပြီးတော့ ဆေးရုံက ဆရာမတွေတော့ ကွတ်ခိုင်ကနေ လားရှိုးတော့ ပို့ပေးတယ်။ လားရှိုးမှာ ရှိတဲ့ ကလေးအခြေအနေက အဲဒီ ကလေးမတစ်ယောက်က ဦးခေါင်းထိထားတော့ ခုချိန်ထိ သတိမရသေးဘူးလို့ ပြောကြတယ်။ ကလေးတွေက အကြီးဆုံးက ၁၂ နှစ်အရွယ်ပဲ ရှိသေးတယ်။ အငယ်ဆုံးကျတော့ နှစ်နှစ်ပဲ ရှိသေးတယ်။”

လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားလေ့ရှိတဲ့ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။ ဆရာတော် ဦးဓမ္မသာရကတော့ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အခုလို မိန့်ကြားပါတယ်။

“အခု အဲဒီပေါက်ကွဲတာက အိမ်ရှေ့နားလေး ဒကာကြီး။ ကလေးတွေက တခြားကနေ ယူလားသလား။ ဒါမှ မဟုတ် ဟိုအရင်တုန်းကတော့ ဦးဇင်းတို့ ရွာမှာတော့ တပ်မ ၉၉ တော့ လာနားသွားတယ်။ အဲဒီ အိမ်ပေါ့နော်။ သူတို့ ကျန်ခဲ့တာလား။ ဒါမှ မဟုတ် သူတို့ မြှုပ်ထားတာလား။ မသိဘူးပေါ့။ ဦးဇင်းတို့လည်း တိတိကျကျ မသိဘူးပေါ့။ ပေါက်ကွဲတာတော့ ကလေးတွေက ကိုင်ပြီး ပစ်တာလား။ ဒါမှမဟုတ် နင်းမိတာလား၊ အဲဒါ ဦးဇင်းတို့လည်း မိုင်းအကြောင်း မသိတော့ တိတိကျကျ မသိဘူးပေါ့။ မနေ့ကလည်း ရဲစခန်းတွေတော့ လာကြည့်သွားသေးတယ်။”

ဒီသတင်းနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ကွတ်ခိုင်ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။ ဒီလ ၂၈ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ကျောင်းကုန်းရွာမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း စတဲ့ဒေသတွေမှာ ကချင်၊ တအန်းပလောင်နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ် ဖွဲ့လှုပ်ရှားနေတာဖြစ်ပြီး အစိုးရတပ်မတော်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိသလို မိုင်းနင်းမိတာ၊ လက်နက်ကြီးပေါက်ကွဲတာ တွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

ဒီလို မကြာခဏ ထိခိုက်တာတွေကြောင့် တအန်း(ပလောင်) အမျိုးသမီးအဖွဲ့ TWO က ပြောရေးဆိုခွင့်ရှိသူ လွေးကူကူက လက်နက်ကိုင်အဖွဲ့တွေကို အပြစ်မဲ့အရပ်သားတွေ မထိခိုက်စေအောင် ရှောင်ရှားဖို့အတွက်တောင်းဆိုထားပါတယ်။

“ကျမတို့အနေနဲ့ တိုက်တွန်းချင်တာကတော့ အများသွားတဲ့နေရာတွေ လူထုကို ထိခိုက်စေမယ့် ဒီလက်နက် ကိရိယာတွေကို မထားပေးဖို့၊ အထူးသဖြင့် မြေမြှုပ်မိုင်းတွေ စသည်ဖြင့်ပေါ့နော်။ လူအများသွားလာတဲ့နေရာပဲဖြစ်ဖြစ်၊ ပြီးလို့ရှိရင် ကျေးရွာတွေနားနီးတဲ့နေရာတို့၊ မြို့နားနီးတဲ့နေရာတို့ဆိုရင် အတတ်နိုင်ဆုံး ရှောင်ပေးဖို့ပေါ့နော်။ ပြီးရင် စစ်ပွဲ ပဋိပက္ခဖြစ်နေတဲ့ဟာတွေကို အမြန်ဆုံး ရပ်တန့်ပြီးမှ ဒီအားလုံးပေါ့နော်။ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ဆွေးနွေးပွဲ စကားဝိုင်းကို မြန်မြန်လေး အကောင်အထည်ဖော်ပေးဖို့ ဖြစ်စေချင်တာပေါ့နော်။”

TWO အဖွဲ့က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာတော့ ရှမ်းမြောက်ဒေသမှာ ၂၀၁၉ ခုနှစ် ဇူလိုင်ကနေ စက်တင်ဘာ ၃ လအတွင်း လက်နက်ကြီး ထိမှန်တာနဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရကြောင်း နဲ့ တအန်းကျောင်းသားလူငယ်အဖွဲ့ ကောက်ယူရရှိတဲ့ စာရင်းအရ ၂၀၂၀ ဇန်နဝါရီလကနေ ဇူလိုင်လအထိ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပစ္စည်းတွေကြောင် သေဆုံးသူ ၉ ဦး၊ ထိခိုက်သူ ၃၂ ဦးရှိပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံက အခြေအနေတွေကို ဖော်ပြခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးငယ် ၄၂၀ အပေါ် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၄၃၂ ခု ကျုးလွန်ခဲ့တာ တွေ့ရှိခဲ့ရပြီး၊ ၆ လအရွယ် ကလေးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၂၀ နဲ့ သေဆုံးသူ ၄၁ ယောက် ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက စာသင်ကျောင်းတွေကို တိုက်ခိုက်မှုပေါင်း ၁၂ ကြိမ်နဲ့ ဖမ်းဆီးခံခဲ့ရသူ ကလေး ၁၂ ယောက် ရှိခဲ့တာကို အတည်ပြုနိုင်ခဲ့ကြောင်းလည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG