သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကာလ ခရီးသြားလုပ္ငန္း အတြက္ သဘာ၀ အေျခခံ ခရီးသြားေနရာသစ္ေတြ ျပင္ဆင္


(Zawgyi / Unicode)


COVID ကာလတြင္း လံုး၀ ရပ္ဆိုင္းသြားတဲ႔ ျမန္မာ့ ခရီးသြား လုပ္ငန္းကို ပံုစံသစ္ ေစ်းကြက္သစ္နဲ႔ ျပန္စႏုိင္ဖို႔ ျပင္ဆင္ေနၾကပါတယ္။ အခု ပံုစံသစ္ကေတာ့ သဘာ၀ အေျခခံ ခရီးသြား လုပ္ငန္းေတြ ျဖစ္ၿပီး အထူးသျဖင့္ သဘာ၀ အတိုင္း မပ်က္မစီးေသးဘဲ ရွိေနတဲ႔ ျပည္နယ္ေတြက လည္ပတ္စရာ ေနရာသစ္ေတြကို ေဖာ္ေဆာင္ေနတာပါ။ ဒုတိယ သမၼတ ဦးဟင္နရီဗန္ထီးယူ ဦးေဆာင္တဲ႔ ျမန္မာႏုိင္ငံ ခရီးသြား လုပ္ငန္း ေကာ္မတီက ေကာ္မတီ၀င္၊ ကိုယ္တိုင္လည္း ခရီးသြား လုပ္ငန္းရွင္ တဦး ျဖစ္တဲ႔ ေဒၚတင့္တင့္လြင္ကို ဆက္သြယ္ ေမးျမန္းၿပီး ဒီ သီတင္းပတ္ စီးပြားေရး အစီအစဥ္ အျဖစ္ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

ေဒၚတင့္တင့္လြင္။ ။ ဟုတ္ကဲ႔ အခုေတာ့ ဒီ ဗဟိုလုပ္ငန္း ေကာ္မတီ၀င္ေတြနဲ႔ ျပည္နယ္ လုပ္ငန္း ေကာ္မတီေတြ အားလံုးပူးေပါင္းၿပီးေတာ့ ေပါ႔ေနာ္ သက္ဆိုင္ရာ ျပည္နယ္ေတြမွာ ခရီးစဥ္ အသစ္ေတြ ထုတ္ေဖာ္ဖို႔ အတြက္ ေဒသခံေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ခရီးစဥ္ အသစ္ေတြေပ့ါေနာ္ Individual Package အသစ္ေတြ လုပ္ဖုိ႔ စီစဥ္တာေတြ လုပ္ေနပါတယ္။

သိဂၤ ီထုိက္ ။ ။ ဟုတ္ကဲ႔ရွင္႔။ ဘယ္ေဒသေတြကို စီစဥ္ေနပါလဲရွင့္။

ေဒၚတင့္တင့္လြင္။ ။ ရွမ္းျပည္မွာ ဆိုရင္ ရြာငံေပါ့ ရြာငံက ရွမ္းျပည္ ေတာင္ပိုင္းေပါ့ေနာ္ ရွမ္းျပည္ ေျမာက္ပိုင္းကေတာ့ သိပ္ၿပီးေတာ့ ျပည့္ျပည့္၀၀ မၿငိမ္းခ်မ္းေသးတဲ႔ အတြက္ ရွမ္းျပည္ ေတာင္ပိုင္း ရြာငံ လိုမ်ိဳး ေနရာေတြေပါ့၊ လိုဏ္ဂူေတြ ၊ ေရတံခြန္ေတြ၊ ၿပီးေတာ့ သူတို႔ရဲ႕ ဒီ ေတာေတာင္ ေရေျမ သဘာ၀ ၾကည့္တဲ႔ Nature Base ေပါ့ေနာ္ အဲလို ခရီးသြားလုပ္ငန္းေတြကို ရွမ္းျပည္ေတာင္ပိုင္းမွာ လုပ္ေနတယ္၊ ေနာက္ လိြဳင္ေကာ္မွာ လုပ္ေနတယ္။ ကခ်င္ ျပည္နယ္၊ ေနာက္ ကရင္ ျပည္နယ္၊ ေနာက္ ကယား ျပည္နယ္မွာေပါ့ေနာ္ ဒါေတြ အားလံုးကို အခု စတင္ ေဖာ္ေဆာင္ ေနပါၿပီ။

သိဂၤ ီထုိက္ ။ ။ ေဒသခံေတြရဲ႕ ပူးေပါင္း ေဆာင္ရြက္မႈ စိတ္၀င္စားမႈေရာ ရွိပါသလားရွင့္။

ေဒၚတင့္တင့္လြင္။ ။ ေဒသခံေတြ အေနနဲ႔ကလည္း အခု COVID ကာလမွာ သူတို႔ရဲ႕ လယ္ယာ ထြက္ကုန္နဲ႔ ပတ္သက္ၿပီးေတာ့ အနည္းငယ္ က်ဆင္းေနတာေတြ ရွိတယ္။ အဲဒီေတာ့ သူတို႔ အဓိက အားကိုးစရာဟာဆိုရင္ ခရီးသြား လုပ္ငန္း ျဖစ္လာတယ္ေပါ့ေနာ္။ တခ်ိဳ႕ ေဒသေတြမွာ ဆိုရင္ ဥပမာ ရွမ္းျပည္ ေတာင္ပိုင္း ရြာငံလို ေဒသမ်ိဳး ေနာက္ လိြဳင္ေကာ္လို ေဒသမ်ိဳးေတြ ဆိုရင္ သူတို႔ သဘာ၀က ေပးထားတဲ႔ ထူးျခားတဲ႔ ခရီးစဥ္ ေဒသ အသစ္ေတြ သူတို႔မွာ ရွိေနတယ္။


ဒီအေပၚမွာ ေဘးကင္းလံုၿခံဳမႈ ဆိုင္ရာ ၊ က်န္းမာေရး ကာကြယ္ေစာင့္ေရွာက္မႈ ဆိုင္ရာ ၊ ေနာက္ၿပီးေတာ့ သန္႔ရွင္းတဲ႔ အစားအေသာက္ အဆင့္အတန္းေတြေပါ့ေနာ္ ဒီ အရည္အေသြးေတြ ျပည့္၀ဖို႔ အတြက္ကို ဒီ ျမန္မာႏုိင္ငံရဲ႕ ဒီ ျပည္နယ္ လုပ္ငန္းေကာ္မတီကေန ဗဟိုနဲ႔ ပူးေပါင္းၿပီးေတာ့ သူတို႔ ဒီ ေဒသခံေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ေပၚလစီေတြ ေရးဆြဲၿပီးေတာ့ အေကာင္းဆံုး ပရိုဂရမ္ေတြ ေဖာ္ထုတ္ေနဖို႔ေတာ့ လိုအပ္တာေပါ့ေနာ္။
အခုေတာ့ စေတာ့ လုပ္ေနတယ္။ ပီပီျပင္ျပင္ေတာ့ ျဖစ္ေသးဘူး။ ေဒသခံေတြကေတာ့ အားလံုးက အေကာင္းဆံုး လုပ္ဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

သိဂၤ ီထုိက္ ။ ။ Eco Tourism - သဘာ၀ အေျခခံ ခရီးသြား အစီအစဥ္ေတြ ေရာင္းခ်ဖို႔မွာ အျပေကာင္းဖို႔ ဆိုတဲ႔ ေနရာမွာ အဓိက ႀကံဳေတြ႔ေနရတဲ႔ အခက္အခဲေတြမ်ား ရွိပါသလား။ ဘာေတြ ရွိပါသလဲ။

ေဒၚတင့္တင့္လြင္။ ။ ရွိပါတယ္။ ဒီအပိုင္းကေတာ့ Transpiration (သယ္ယူပို႔ေဆာင္ေရး) အပိုင္းေပါ့ေနာ္။ ဒီအပိုင္းမွာ ဆိုလို႔ ရွိရင္ ကိုယ့္ကား အစီအစဥ္နဲ႔ သြားလို႔ ရတဲ႔ အေျခအေနမ်ိဳးေတြလည္း ရွိႏုိင္တယ္။ ဒီလိုမ်ိဳး off-road ပံုစံမ်ိဳးေပါ့ေနာ္။ ဒီလိုမ်ိဳး အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးက ခက္ခဲတဲ႔ အတြက္ ဒီ Private ကားေတြ ငွားၿပီး သြားရမယ္။ ဒီအခါမွာ ကား ေကာင္းဖို႔၊ ေနာက္ ယာဥ္ေမာင္းရဲ႕ အရည္အခ်င္း ျပည့္၀မႈ ေနာက္ၿပီးေတာ့ လမ္းအေျခအေနေတြကို ေဒသခံေတြနဲ႔ ပူးေပါင္းၿပီးေတာ့ အေကာင္းဆံုး ေဆာင္ရြက္ဖို႔ လိုတယ္။ ဒါကေတာ့ အခုလက္ရွိ ႀကံဳေတြ႔ေနရတဲ႔ ဘယ္လို အေရာက္ သြားႏုိင္မလဲ ဆိုတာေပါ့ေနာ္။ ဘယ္လို ဒီကို ေရာက္ႏုိင္လဲ ဆိုတာကို ေစ်းကြက္ကို တင္တဲ႔ အခါမွာ အေရးပါဆံုး အခန္းက႑မွာ ရွိေနတယ္။
ေနာက္ ကိုယ္သံုးစြဲတဲ႔ ကားအမ်ိဳးအစားေတြရဲ႕ ေဘးကင္းလံုၿခံဳမႈ အပိုင္းေပါ့ေနာ္။ ေနာက္ ယာဥ္ေမာင္းေတြရဲ႕ အေတြ႔အႀကံဳရွိမႈေပါ့၊ ကမၻာလွည့္ ခရီးသြားေတြနဲ႔ သြားတဲ႔ အခါမွာ ဥပမာ ကြမ္းမစားရတာတို႔၊ ေဆးလိပ္ မေသာက္ရတာတို႔၊ ကားထဲမွာ တယ္လီဖုန္း အက်ယ္ႀကီး မေျပာရတာတို႔ ဒီလိုမ်ိဳး ေဒသခံေတြကို အေတြ႔အႀကံဳ မွ်ေ၀ေပးဖို႔ေတာ့ ဒါ လုပ္ငန္း ေကာ္မတီ အေနနဲ႔ ဒီ ခရီးသြား လုပ္ငန္း အဖြဲ႔ေတြမွာေတာ့ တာ၀န္ရွိေနတယ္လုိ႔ ယူဆတာေပါ့ေနာ္။
ေနာက္ တခုက က်ေတာ့ အစားအေသာက္ သန္႔ရွင္း ေဘးကင္းမႈေပါ့ေနာ္။ သူတို႔ ဒီ အစားအေသာက္ေတြကို ခ်က္ျပဳတ္တဲ႔ အခါမွာ ဒီ ႏုိင္ငံျခားသားေတြ ေရသန္႔နဲ႔ ခ်က္ျပဳတ္ ရတာတို႔၊ ဘယ္ အစားအေသာက္ေတြက ဆိုရင္ ႏုိင္ငံျခားသားေတြ အတြက္ ဓာတ္မတည့္မႈ ျဖစ္ႏုိင္တယ္ ၊ အႏၱရာယ္ ရွိႏုိင္တယ္။ အဲဒါမ်ိဳးေတြကို ဒီ ဗဟုသုတ ေပးဖို႔လည္း လိုတာေပါ့ေနာ္။
ေနာက္တခုက က်ေတာ့ ေဘးကင္းလံုျခံဳမႈ၊ Safety အေနနဲ႔က COVID အေနနဲ႔က ဧည့္သည္ေတြက ယံုၾကည္မႈ ရွိႏုိင္တယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ဒါက သဘာ၀ အေျခခံ ခရီးသြား အစီအစဥ္ ျဖစ္တဲ႔ အတြက္ COVID အတြက္ေတာ့ သူက အႏၱရာယ္ မရွိဘူး။ ဒါေပမယ့္ အေရးႀကီးတာက က်ေတာ့ မေတာ္တဆမႈေတြေပါ့ေနာ္ ေခ်ာ္လဲတာတို႔၊ စက္ဘီးစီးရင္လည္း စက္ဘီးလဲက်လို႔ ေျခေထာက္က်ိဳးတာတို႔ ဒီလိုမ်ိဳး အေရးေပၚ ကယ္ဆယ္ေရး လုပ္ရတဲ႔ အခ်ိန္မွာ သြားတဲ႔ ေဒသရဲ႕ ၿမိဳ႕ရဲ႕ ေဆးရံုေပါ့၊ ျပည္သူ႔ ေဆးရံုလို ေနရာမ်ိဳး ၊ ေနာက္ၿပီး ဆရာ၀န္ အေရအတြက္ ၊ ၿပီးလို႔ ရွိရင္ ေဆးကုသခြင့္၊ ၿပီးေတာ့ ဒီကေနမွ တဆင့္ ထပ္ၿပီးေတာ့ အေရးေပၚ အေျခအေနမွာ ၿမိဳ႕ႀကီးေတြကို ဆက္သြယ္ ေဆာင္ရြက္ရမယ့္ အေျခအေန ဒီ ေဘးကင္းလံုၿခံဳမႈ ဆိုင္ရာ အစီအစဥ္ ေလးေတြကိုေတာ႔ က်မတို႔ အေနနဲ႔ ေဒသခံေတြ အေနနဲ႔ ဒါကို ျပည့္ျပည့္၀၀ လုပ္ေဆာင္ဖို႔ေတာ့ သူတို႔ အေနနဲ႔ အဆင္ေျပခ်င္မွ ေျပလိမ့္မယ္။

ဒါကို က်မတို႔ ခရီးသြား လုပ္ငန္း ေကာ္မတီေတြ ျပည္နယ္ ျပည္နယ္တိုင္းမွာ ရွိေနတယ္။ ဒီေကာ္မတီ၀င္ေတြနဲ႔ MOHD – ခရီးသြားလုပ္ငန္း ဌာနေတြနဲ႔ ေဒသခံေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ဒါကို အျမန္ဆံုး လုပ္ေဆာင္သင့္တယ္လို႔ ထင္ပါတယ္။

သိဂၤ ီထုိက္ ။ ။ ဒီ ျမန္မာႏုိင္ငံမွာ ခရီးသြား လုပ္ငန္း ျပန္ၿပီးေတာ့ ဖြင့္လွစ္လာၿပီ ဆိုရင္ေရာ ဒီဘက္ႏုိင္ငံေတြက ခရီးသြားေတြ ေမွ်ာ္လင့္လို႔ ရပါ့မလား။ ေဒၚတင့္တင့္လြင္တို႔ အခု ဘယ္ေစ်းကြက္ေတြကို ထိုးေဖာက္ေနပါလဲ။

ေဒၚတင့္တင့္လြင္။ ။ အခု ေလာေလာဆယ္ေတာ့ တဆင့္ခ်င္း သြားရမယ္။ အဆင့္ ၁ အေနနဲ႔ကေတာ့ ျပည္တြင္း ခရီးသြားကို အားကိုးၿပီးေတာ့ စတင္ ေနတယ္ေပါ့ေနာ္။ ကိုယ့္ျပည္တြင္းမွာ ရွိတဲ႔ ခရီးသြားေတြ အတြက္ Weekend အစီအစဥ္ေတြ၊ ေစ်းေတြ ေလွ်ာ့ခ်ၿပီးေတာ့ ဒီလိုမ်ိဳး သဘာ၀ အေျခခံ ခရီးသြားပိုင္းေပါ့ ဒီ အစီအစဥ္ေတြကို စၿပီး အေကာင္အထည္ ေဖာ္တယ္။
ဒီကေနမွ နယ္စပ္ေတြ ဖြင့္ၿပီ ေလေၾကာင္းလိုင္းေတြ ျပန္လည္ စတင္ၿပီ ဆိုလို႔ရွိရင္ေတာ့ ကိုယ့္ရဲ႕ အိမ္နီးခ်င္း ႏုိင္ငံေတြ ျဖစ္တဲ႔ ဥပမာ ထိုင္းႏုိင္ငံ၊ တရုတ္ႏုိင္ငံ ၊ အိႏၵိယ ႏုိင္ငံ ေတြေပါ့။ ဒီႏုိင္ငံ သံုးခုက ေနၿပီးေတာ့ နယ္စပ္ ျဖတ္ေက်ာ္ ၿပီးေတာ့ ၀င္လာမယ့္ လူေတြရယ္။ ေနာက္ ခရီးတို ပ်ံသန္းမႈေပါ့ေနာ္ ဥပမာ Air Asia လိုမ်ိဳး တနာရီ ေလာက္ဘဲ စီးၿပီး လာလို႔ ရတယ္။ ၿပီးေတာ့ ၃ ရက္ကေန ၅ ရက္ေပါ့ ဒီ အစီအစဥ္ေလးေတြနဲ႔ စတင္ၿပီးေတာ့ မိတ္ဆက္မယ္။

သိဂၤ ီထုိက္ ။ ။ ဟုတ္ကဲ႔ရွင့္။ ဒီ ေဒၚလာေစ်းက က်ၿပီးေတာ့ ျမန္မာ က်ပ္ေငြ ေစ်းက မာေနပါတယ္။ ဆိုေတာ့ ႏိုင္ငံျခားကို ခရီးသြား အစီအစဥ္ေတြ ေရာင္းတဲ႔ ေနရာမွာ သူတို႔ အတြက္ ကုန္က်စာရိတ္ ပုိမ်ားသြားမယ့္ အေနအထား ရွိပါသလား။ ခရီးသြား လုပ္ငန္း အေပၚမွာ ရိုက္ခတ္ သက္ေရာက္မႈ ေပါ့ေနာ္ လက္ရွိ ေငြလဲႏႈန္း အရ ဘယ္လို အလားအလာ ရွိပါသလဲရွင့္။

ေဒၚတင့္တင့္လြင္။ ။ အခု လက္ရွိမွာေတာ့ ႀကီးႀကီးမားမား သက္ေရာက္မႈ ရွိႏုိင္မယ္လို႔ မထင္ဘူး။ ဒါေပမယ့္ အေရးႀကီးဆံုး အေျခအေနကေတာ့ ေစ်းကြက္ပါဘဲ။ သူတို႔ အေနနဲ႔ အသြားအလာ ပိတ္ပင္ကန္႔သတ္ခံထားရတဲ႔ အေျခအေနကေနၿပီးေတာ့ ထိုးထြက္ ခ်င္တယ္၊ ဒါေပမယ့္ စီးပြားေရး အေျခအေနကလည္း အရမ္း မေကာင္းဘူး။ ဒီ အတြက္ကို သူတို႔က ခရီးထြက္ခ်င္တယ္၊ ဒါေပမယ့္ ကိုယ့္ရဲ႕ ေငြေၾကးနဲ႔ သင့္ေတာ္ပါ့မလားလို႔ ေတြးေနတဲ႔သူေတြ အမ်ားႀကီးဘဲ ရွိတယ္။ ဒီအတြက္ ကိုယ့္ရဲ႕ ခရီးသြား အစီအစဥ္ ေစ်းႏႈန္းေတြကို ေဖာက္သည္ေတြကို စြဲေဆာင္ႏုိင္မယ့္ ေစ်းႏႈန္းေတြနဲ႔ ကမ္းလွမ္းသင့္တယ္။ ေနာက္ၿပီးေတာ့ ခရီးသြား အစီအစဥ္ရဲ႕ အရည္အေသြးပိုင္းမွာ က်န္းမာေရးနဲ႔ ေဘးကင္းလံုၿခံဳေရး အစီအစဥ္ေလးေတြ ေပါင္းထည့္ၿပီးေတာ့ ေရာင္းမယ္ ဆိုလို႔ ရွိရင္ ဒီ ေစ်းကြက္က ဘယ္လိုမွ မျဖစ္ႏုိင္စရာ အေၾကာင္း မရွိပါဘူး။ အျမန္ဆံုး ၀င္ေရာက္လာမယ္လို႔ ထင္ပါတယ္။

သိဂၤ ီထုိက္ ။ ။ ဟုတ္ကဲ႔ရွင့္။ ေဒၚတင့္တင့္လြင္ အထူးဘဲ ေက်းဇူးတင္ပါတယ္ရွင့္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

COVID ကာလ ခရီးသွားလုပ်ငန်း အတွက် သဘာ၀ အခြေခံ ခရီးသွားနေရာသစ်တွေ ပြင်ဆင်

COVID ကာလတွင်း လုံး၀ ရပ်ဆိုင်းသွားတဲ့ မြန်မာ့ ခရီးသွား လုပ်ငန်းကို ပုံစံသစ် ဈေးကွက်သစ်နဲ့ ပြန်စနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ အခု ပုံစံသစ်ကတော့ သဘာ၀ အခြေခံ ခရီးသွား လုပ်ငန်းတွေ ဖြစ်ပြီး အထူးသဖြင့် သဘာ၀ အတိုင်း မပျက်မစီးသေးဘဲ ရှိနေတဲ့ ပြည်နယ်တွေက လည်ပတ်စရာ နေရာသစ်တွေကို ဖော်ဆောင်နေတာပါ။ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ကော်မတီက ကော်မတီဝင်၊ ကိုယ်တိုင်လည်း ခရီးသွား လုပ်ငန်းရှင် တဦး ဖြစ်တဲ့ ဒေါ်တင့်တင့်လွင်ကို ဆက်သွယ် မေးမြန်းပြီး ဒီ သီတင်းပတ် စီးပွားရေး အစီအစဉ် အဖြစ် မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ဒေါ်တင့်တင့်လွင်။ ။ ဟုတ်ကဲ့ အခုတော့ ဒီ ဗဟိုလုပ်ငန်း ကော်မတီဝင်တွေနဲ့ ပြည်နယ် လုပ်ငန်း ကော်မတီတွေ အားလုံးပူးပေါင်းပြီးတော့ ပေါ့နော် သက်ဆိုင်ရာ ပြည်နယ်တွေမှာ ခရီးစဉ် အသစ်တွေ ထုတ်ဖော်ဖို့ အတွက် ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ ခရီးစဉ် အသစ်တွေပေ့ါနော် Individual Package အသစ်တွေ လုပ်ဖို့ စီစဉ်တာတွေ လုပ်နေပါတယ်။


သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့ရှင့်။ ဘယ်ဒေသတွေကို စီစဉ်နေပါလဲရှင့်။

ဒေါ်တင့်တင့်လွင်။ ။ ရှမ်းပြည်မှာ ဆိုရင် ရွာငံပေါ့ ရွာငံက ရှမ်းပြည် တောင်ပိုင်းပေါ့နော် ရှမ်းပြည် မြောက်ပိုင်းကတော့ သိပ်ပြီးတော့ ပြည့်ပြည့်၀၀ မငြိမ်းချမ်းသေးတဲ့ အတွက် ရှမ်းပြည် တောင်ပိုင်း ရွာငံ လိုမျိုး နေရာတွေပေါ့၊ လိုဏ်ဂူတွေ ၊ ရေတံခွန်တွေ၊ ပြီးတော့ သူတို့ရဲ့ ဒီ တောတောင် ရေမြေ သဘာ၀ ကြည့်တဲ့ Nature Base ပေါ့နော် အဲလို ခရီးသွားလုပ်ငန်းတွေကို ရှမ်းပြည်တောင်ပိုင်းမှာ လုပ်နေတယ်၊ နောက် လွိုင်ကော်မှာ လုပ်နေတယ်။ ကချင် ပြည်နယ်၊ နောက် ကရင် ပြည်နယ်၊ နောက် ကယား ပြည်နယ်မှာပေါ့နော် ဒါတွေ အားလုံးကို အခု စတင် ဖော်ဆောင် နေပါပြီ။

သိင်္ဂ ီထိုက် ။ ။ ဒေသခံတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု စိတ်ဝင်စားမှုရော ရှိပါသလားရှင့်။

ဒေါ်တင့်တင့်လွင်။ ။ ဒေသခံတွေ အနေနဲ့ကလည်း အခု COVID ကာလမှာ သူတို့ရဲ့ လယ်ယာ ထွက်ကုန်နဲ့ ပတ်သက်ပြီးတော့ အနည်းငယ် ကျဆင်းနေတာတွေ ရှိတယ်။ အဲဒီတော့ သူတို့ အဓိက အားကိုးစရာဟာဆိုရင် ခရီးသွား လုပ်ငန်း ဖြစ်လာတယ်ပေါ့နော်။ တချို့ ဒေသတွေမှာ ဆိုရင် ဥပမာ ရှမ်းပြည် တောင်ပိုင်း ရွာငံလို ဒေသမျိုး နောက် လွိုင်ကော်လို ဒေသမျိုးတွေ ဆိုရင် သူတို့ သဘာဝက ပေးထားတဲ့ ထူးခြားတဲ့ ခရီးစဉ် ဒေသ အသစ်တွေ သူတို့မှာ ရှိနေတယ်။
ဒီအပေါ်မှာ ဘေးကင်းလုံခြုံမှု ဆိုင်ရာ ၊ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာ ၊ နောက်ပြီးတော့ သန့်ရှင်းတဲ့ အစားအသောက် အဆင့်အတန်းတွေပေါ့နော် ဒီ အရည်အသွေးတွေ ပြည့်ဝဖို့ အတွက်ကို ဒီ မြန်မာနိုင်ငံရဲ့ ဒီ ပြည်နယ် လုပ်ငန်းကော်မတီကနေ ဗဟိုနဲ့ ပူးပေါင်းပြီးတော့ သူတို့ ဒီ ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ ပေါ်လစီတွေ ရေးဆွဲပြီးတော့ အကောင်းဆုံး ပရိုဂရမ်တွေ ဖော်ထုတ်နေဖို့တော့ လိုအပ်တာပေါ့နော်။
အခုတော့ စတော့ လုပ်နေတယ်။ ပီပီပြင်ပြင်တော့ ဖြစ်သေးဘူး။ ဒေသခံတွေကတော့ အားလုံးက အကောင်းဆုံး လုပ်ဖို့ မျှော်လင့်နေကြပါတယ်။

သိင်္ဂ ီထိုက် ။ ။ Eco Tourism - သဘာ၀ အခြေခံ ခရီးသွား အစီအစဉ်တွေ ရောင်းချဖို့မှာ အပြကောင်းဖို့ ဆိုတဲ့ နေရာမှာ အဓိက ကြုံတွေ့နေရတဲ့ အခက်အခဲတွေများ ရှိပါသလား။ ဘာတွေ ရှိပါသလဲ။

ဒေါ်တင့်တင့်လွင်။ ။ ရှိပါတယ်။ ဒီအပိုင်းကတော့ Transpiration (သယ်ယူပို့ဆောင်ရေး) အပိုင်းပေါ့နော်။ ဒီအပိုင်းမှာ ဆိုလို့ ရှိရင် ကိုယ့်ကား အစီအစဉ်နဲ့ သွားလို့ ရတဲ့ အခြေအနေမျိုးတွေလည်း ရှိနိုင်တယ်။ ဒီလိုမျိုး off-road ပုံစံမျိုးပေါ့နော်။ ဒီလိုမျိုး အများပြည်သူ သယ်ယူပို့ဆောင်ရေးက ခက်ခဲတဲ့ အတွက် ဒီ Private ကားတွေ ငှားပြီး သွားရမယ်။ ဒီအခါမှာ ကား ကောင်းဖို့၊ နောက် ယာဉ်မောင်းရဲ့ အရည်အချင်း ပြည့်ဝမှု နောက်ပြီးတော့ လမ်းအခြေအနေတွေကို ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ အကောင်းဆုံး ဆောင်ရွက်ဖို့ လိုတယ်။ ဒါကတော့ အခုလက်ရှိ ကြုံတွေ့နေရတဲ့ ဘယ်လို အရောက် သွားနိုင်မလဲ ဆိုတာပေါ့နော်။ ဘယ်လို ဒီကို ရောက်နိုင်လဲ ဆိုတာကို ဈေးကွက်ကို တင်တဲ့ အခါမှာ အရေးပါဆုံး အခန်းကဏ္ဍမှာ ရှိနေတယ်။
နောက် ကိုယ်သုံးစွဲတဲ့ ကားအမျိုးအစားတွေရဲ့ ဘေးကင်းလုံခြုံမှု အပိုင်းပေါ့နော်။ နောက် ယာဉ်မောင်းတွေရဲ့ အတွေ့အကြုံရှိမှုပေါ့၊ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ သွားတဲ့ အခါမှာ ဥပမာ ကွမ်းမစားရတာတို့၊ ဆေးလိပ် မသောက်ရတာတို့၊ ကားထဲမှာ တယ်လီဖုန်း အကျယ်ကြီး မပြောရတာတို့ ဒီလိုမျိုး ဒေသခံတွေကို အတွေ့အကြုံ မျှဝေပေးဖို့တော့ ဒါ လုပ်ငန်း ကော်မတီ အနေနဲ့ ဒီ ခရီးသွား လုပ်ငန်း အဖွဲ့တွေမှာတော့ တာဝန်ရှိနေတယ်လို့ ယူဆတာပေါ့နော်။
နောက် တခုက ကျတော့ အစားအသောက် သန့်ရှင်း ဘေးကင်းမှုပေါ့နော်။ သူတို့ ဒီ အစားအသောက်တွေကို ချက်ပြုတ်တဲ့ အခါမှာ ဒီ နိုင်ငံခြားသားတွေ ရေသန့်နဲ့ ချက်ပြုတ် ရတာတို့၊ ဘယ် အစားအသောက်တွေက ဆိုရင် နိုင်ငံခြားသားတွေ အတွက် ဓာတ်မတည့်မှု ဖြစ်နိုင်တယ် ၊ အန္တရာယ် ရှိနိုင်တယ်။ အဲဒါမျိုးတွေကို ဒီ ဗဟုသုတ ပေးဖို့လည်း လိုတာပေါ့နော်။
နောက်တခုက ကျတော့ ဘေးကင်းလုံခြုံမှု၊ Safety အနေနဲ့က COVID အနေနဲ့က ဧည့်သည်တွေက ယုံကြည်မှု ရှိနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါက သဘာ၀ အခြေခံ ခရီးသွား အစီအစဉ် ဖြစ်တဲ့ အတွက် COVID အတွက်တော့ သူက အန္တရာယ် မရှိဘူး။ ဒါပေမယ့် အရေးကြီးတာက ကျတော့ မတော်တဆမှုတွေပေါ့နော် ချော်လဲတာတို့၊ စက်ဘီးစီးရင်လည်း စက်ဘီးလဲကျလို့ ခြေထောက်ကျိုးတာတို့ ဒီလိုမျိုး အရေးပေါ် ကယ်ဆယ်ရေး လုပ်ရတဲ့ အချိန်မှာ သွားတဲ့ ဒေသရဲ့ မြို့ရဲ့ ဆေးရုံပေါ့၊ ပြည်သူ့ ဆေးရုံလို နေရာမျိုး ၊ နောက်ပြီး ဆရာဝန် အရေအတွက် ၊ ပြီးလို့ ရှိရင် ဆေးကုသခွင့်၊ ပြီးတော့ ဒီကနေမှ တဆင့် ထပ်ပြီးတော့ အရေးပေါ် အခြေအနေမှာ မြို့ကြီးတွေကို ဆက်သွယ် ဆောင်ရွက်ရမယ့် အခြေအနေ ဒီ ဘေးကင်းလုံခြုံမှု ဆိုင်ရာ အစီအစဉ် လေးတွေကိုတော့ ကျမတို့ အနေနဲ့ ဒေသခံတွေ အနေနဲ့ ဒါကို ပြည့်ပြည့်၀၀ လုပ်ဆောင်ဖို့တော့ သူတို့ အနေနဲ့ အဆင်ပြေချင်မှ ပြေလိမ့်မယ်။

ဒါကို ကျမတို့ ခရီးသွား လုပ်ငန်း ကော်မတီတွေ ပြည်နယ် ပြည်နယ်တိုင်းမှာ ရှိနေတယ်။ ဒီကော်မတီဝင်တွေနဲ့ MOHD – ခရီးသွားလုပ်ငန်း ဌာနတွေနဲ့ ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ ဒါကို အမြန်ဆုံး လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဒီ မြန်မာနိုင်ငံမှာ ခရီးသွား လုပ်ငန်း ပြန်ပြီးတော့ ဖွင့်လှစ်လာပြီ ဆိုရင်ရော ဒီဘက်နိုင်ငံတွေက ခရီးသွားတွေ မျှော်လင့်လို့ ရပါ့မလား။ ဒေါ်တင့်တင့်လွင်တို့ အခု ဘယ်ဈေးကွက်တွေကို ထိုးဖောက်နေပါလဲ။

ဒေါ်တင့်တင့်လွင်။ ။ အခု လောလောဆယ်တော့ တဆင့်ချင်း သွားရမယ်။ အဆင့် ၁ အနေနဲ့ကတော့ ပြည်တွင်း ခရီးသွားကို အားကိုးပြီးတော့ စတင် နေတယ်ပေါ့နော်။ ကိုယ့်ပြည်တွင်းမှာ ရှိတဲ့ ခရီးသွားတွေ အတွက် Weekend အစီအစဉ်တွေ၊ ဈေးတွေ လျှော့ချပြီးတော့ ဒီလိုမျိုး သဘာ၀ အခြေခံ ခရီးသွားပိုင်းပေါ့ ဒီ အစီအစဉ်တွေကို စပြီး အကောင်အထည် ဖော်တယ်။
ဒီကနေမှ နယ်စပ်တွေ ဖွင့်ပြီ လေကြောင်းလိုင်းတွေ ပြန်လည် စတင်ပြီ ဆိုလို့ရှိရင်တော့ ကိုယ့်ရဲ့ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ ဥပမာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ ၊ အိန္ဒိယ နိုင်ငံ တွေပေါ့။ ဒီနိုင်ငံ သုံးခုက နေပြီးတော့ နယ်စပ် ဖြတ်ကျော် ပြီးတော့ ဝင်လာမယ့် လူတွေရယ်။ နောက် ခရီးတို ပျံသန်းမှုပေါ့နော် ဥပမာ Air Asia လိုမျိုး တနာရီ လောက်ဘဲ စီးပြီး လာလို့ ရတယ်။ ပြီးတော့ ၃ ရက်ကနေ ၅ ရက်ပေါ့ ဒီ အစီအစဉ်လေးတွေနဲ့ စတင်ပြီးတော့ မိတ်ဆက်မယ်။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့ရှင့်။ ဒီ ဒေါ်လာဈေးက ကျပြီးတော့ မြန်မာ ကျပ်ငွေ ဈေးက မာနေပါတယ်။ ဆိုတော့ နိုင်ငံခြားကို ခရီးသွား အစီအစဉ်တွေ ရောင်းတဲ့ နေရာမှာ သူတို့ အတွက် ကုန်ကျစာရိတ် ပိုများသွားမယ့် အနေအထား ရှိပါသလား။ ခရီးသွား လုပ်ငန်း အပေါ်မှာ ရိုက်ခတ် သက်ရောက်မှု ပေါ့နော် လက်ရှိ ငွေလဲနှုန်း အရ ဘယ်လို အလားအလာ ရှိပါသလဲရှင့်။

ဒေါ်တင့်တင့်လွင်။ ။ အခု လက်ရှိမှာတော့ ကြီးကြီးမားမား သက်ရောက်မှု ရှိနိုင်မယ်လို့ မထင်ဘူး။ ဒါပေမယ့် အရေးကြီးဆုံး အခြေအနေကတော့ ဈေးကွက်ပါဘဲ။ သူတို့ အနေနဲ့ အသွားအလာ ပိတ်ပင်ကန့်သတ်ခံထားရတဲ့ အခြေအနေကနေပြီးတော့ ထိုးထွက် ချင်တယ်၊ ဒါပေမယ့် စီးပွားရေး အခြေအနေကလည်း အရမ်း မကောင်းဘူး။ ဒီ အတွက်ကို သူတို့က ခရီးထွက်ချင်တယ်၊ ဒါပေမယ့် ကိုယ့်ရဲ့ ငွေကြေးနဲ့ သင့်တော်ပါ့မလားလို့ တွေးနေတဲ့သူတွေ အများကြီးဘဲ ရှိတယ်။ ဒီအတွက် ကိုယ့်ရဲ့ ခရီးသွား အစီအစဉ် ဈေးနှုန်းတွေကို ဖောက်သည်တွေကို စွဲဆောင်နိုင်မယ့် ဈေးနှုန်းတွေနဲ့ ကမ်းလှမ်းသင့်တယ်။ နောက်ပြီးတော့ ခရီးသွား အစီအစဉ်ရဲ့ အရည်အသွေးပိုင်းမှာ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေး အစီအစဉ်လေးတွေ ပေါင်းထည့်ပြီးတော့ ရောင်းမယ် ဆိုလို့ ရှိရင် ဒီ ဈေးကွက်က ဘယ်လိုမှ မဖြစ်နိုင်စရာ အကြောင်း မရှိပါဘူး။ အမြန်ဆုံး ဝင်ရောက်လာမယ်လို့ ထင်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့ရှင့်။ ဒေါ်တင့်တင့်လွင် အထူးဘဲ ကျေးဇူးတင်ပါတယ်ရှင့်။

XS
SM
MD
LG