သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ကမ္ဘာလှည့်ခရီးသည်လာရောက်မှု ဒီနှစ် အနည်းငယ်တိုး


ပုဂံကိုလာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များ
ပုဂံကိုလာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များ

မြန်မာအစိုးရ ဟိုတယ်နဲ့ ခရီးသွှွားလုပ်ငန်းဝန်ကြီးဌာနက စနေနေ့မှာ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ အခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ၂.၈၄ သန်း လာရောက် လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသွားအရေအတွက်ဟာ ၂.၈၁ သန်းရှိခဲ့တဲ့ မနှစ်က လာရောက်တဲ့ အရေအတွက်ထက် စာရင် အနည်းငယ် တိုးလာတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လာလည်ကြတဲ့ အာရှတိုက်သားတွေထဲမှာ အိမ်နီးချင်း ထိုင်းနိုင်ငံက ၂၃၆,၄၄၁ ဦးနဲ့ အများဆုံးဖြစ်ပြီး အနောက်နိုင်ငံတွေထဲ ကတော့ ပြင်သစ်က အများဆုံး၊ အဲဒီနောက်ကမှ ဗြိတိန်၊ ဂျာမနီနဲ့ အီတလီနိုင်ငံတို့က နံပတ်စဉ်လိုက် အများဆုံးလာကြတယ်လို့ ဆိုပါတယ်။

ကမ္ဘာလှည်ခရီးသည်တွေ ပိုရောက်လာရေးအတွက် ရည်ရွယ်ပြီး Eco-tourism ၊ Cultural-trourism ၊ Communitry-based tourism စတဲ့ ကဏ္ဍအမျိုးမျိုးခွဲပြီး သဘာ၀ သယံဇာတ ပေါကြွယ်ဝတဲ့ သမိုင်းဝင် နေရာတွေ၊ မြစ်ချောင်းတွေနဲ့ ကန်တွေကို ဆွဲဆောင် ခေါ်ယူနေပါတယ်။

ဒါ့အပြင် ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုကြောင်း အစိုးရက ကြေညာထားပြီး တရုတ် ခရီးသွားတွေဟာလည်း အခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ဆိုက်ရောက်ဗီဇာ လျှောက်လို့ရတဲ့အကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG