သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေမၻာဒီးယားကုိလာမယ့္ ကမၻာလွည့္ခရီးသည္ေတြ ေဒၚလာ ၃,၀၀၀ အာမခံေၾကးေဆာင္ရမည္


ကေမၻာဒီးယားႏုိင္ငံ Phnom Penh ၿမိဳ႕

Zawgyi/Unicode

ကေမၻာဒီးယားနိုင္ငံကို ခရီးသြားေရာက္သူေတြ ေလဆိပ္ေရာက္ေရာက္ခ်င္း Covid-19 ဝန္ေဆာင္မႈစားရိတ္ အာမခံေငြ ေဒၚလာ ၃ ေထာင္ကို ေငြသား ဒါမွမဟုတ္ ကရက္ဒစ္ကဒ္နဲ႔ ေပးေဆာင္ရမွာျဖစ္ၿပီး ေဒၚလာ ၅ ေသာင္းနဲ႔ ကာမိတဲ့ ခရီးသြား က်န္းမာေရး အာမခံ ရွိရမွာျဖစ္ေၾကာင္း ကေမၻာဒီးယား အစိုးရက ေၾကညာလိုက္ပါတယ္။

က်န္းမာေရး ဝန္ႀကီးဌာနနဲ႔ ျပည္တြင္းေလေၾကာင္း ဌာနက အတည္ျပဳထားတဲ့ ဇြန္လ ၁၆ ရက္ ေန႔စြဲပါ ဒီေၾကညာခ်က္ အျပည့္အစုံကို ဝန္ႀကီးခ်ဳပ္႐ုံးရဲ့ တြစ္တာစာမ်က္ႏွာမွာ ေဖာ္ျပထားတာ ပါ။ ကေမၻာဒီးယားကို လာေရာက္သူေတြဟာ ေလဆိပ္ေရာက္တာနဲ႔ ေဆးစစ္ရမယ့္ေနရာကို ပို႔ေဆာင္ေပးခ ၅ ေဒၚလာနဲ႔ Covid-19 ေရာဂါစစ္ေဆးခ ေဒၚလာ ၁၀၀ ကို ေပးေဆာင္ရပါမယ္။

ေဆးစစ္ထားတဲ့ အေျဖကို ေစာင့္ရမယ့္ တညတာ အခ်ိန္မွာ သတ္မွတ္ထားတဲ့ ဟိုတယ္ ဒါမွမဟုတ္ ေစာင့္ဆိုင္းေရး စင္တာမွာ ေစာင့္ရမွာျဖစ္ၿပီးဒီအတြက္ ေဒၚလာ ၃၀ နဲ႔ အစားအေသာက္အတြက္ ေဒၚလာ ၃၀ က်သင့္မွာျဖစ္ပါတယ္။

ဒါ့အျပင္ အဝတ္အစားေလၽွာ္ဖြတ္ခ ၁၅ ေဒၚလာ ၊ ေန႔စဥ္ ေစာင့္ၾကည့္စစ္ေဆးခ ၅ ေဒၚလာနဲ႔ လုံျခဳံေရး ဝန္ေဆာင္မႈ ၅ ေဒၚလာ ေပးရမွာျဖစ္ပါတယ္။ ေရာဂါပိုးကင္းရွင္းတဲ့ အေျဖထြက္သူကို အာမခံ ထားတဲ့ ေငြထဲက က်သင့္ေငြကို ႏႈတ္ၿပီး ျပန္အမ္းေပးမွာျဖစ္ပါတယ္။ ဒီ အဆင့္ေတြၿပီးရင္လည္း သူတို႔ ေနထိုင္မယ့္ေနရာေတြမွာ ၁၄ ရက္ သတ္မွတ္ ေစာင့္ၾကည့္ဦး မွာ ျဖစ္ပါတယ္။ က်န္းမာေရး အရာရွိေတြကို ေန႔စဥ္သတင္းပို႔ရမွာျဖစ္သလို ေရာက္ၿပီး ၁၃ ရက္ေျမာက္ေန႔မွာ ဒုတိယအႀကိမ္ Covid-19 စစ္ေဆးမႈခံရမွာ ျဖစ္ၿပီး ေရာဂါပိုးကင္းရွင္းေၾကာင္း တရားဝင္ ေထာက္ခံစာအတြက္ ေနာက္ထပ္ ေဒၚလာ ၃၀ ေကာက္ခံမွာပါ။

သံတမန္ေတြနဲ႔ အစိုးရ အစီအစဥ္နဲ႔ လာေရာက္သူေတြကလြဲလို႔ က်န္ခရီးသည္အားလုံး ဒီ စားရိတ္ေတြ ေပးေဆာင္ရမယ္လို႔ ေျပာပါတယ္။ ခရီးသည္ေတြထဲေရာဂါပိုးရွိသူေတြနဲ႔ ေရာဂါလကၡဏာျပသူေတြကို နိုင္ငံပိုင္ေဆး႐ုံကို ပို႔ေဆာင္ေဆးကုသမႈခံယူေစမွာျဖစ္ၿပီး ေနာက္ထပ္ ပိုးစစ္ေဆးမႈ ၄ ႀကိမ္အတြက္ တႀကိမ္ကို ေဒၚလာ ၁၀၀ က်သင့္မွာျဖစ္ပါတယ္။ ေရာဂါနဲ႔ ေသဆုံးသြားခဲ့ မယ္ဆိုရင္ေတာ့ သၿဂိဳလ္ စားရိတ္က ေဒၚလာ ၁၅၀၀ ျဖစ္ၿပီးကုန္က်စားရိတ္အားလုံးကို အာမခံေငြ ေဒၚလာ ၃၀၀၀ ထဲက ႏႈတ္ယူမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

ကမ္ဘောဒီးယားနိုင်ငံကို ခရီးသွားရောက်သူတွေ လေဆိပ်ရောက်ရောက်ချင်း Covid-19 ဝန်ဆောင်မှုစားရိတ် အာမခံငွေ ဒေါ်လာ ၃ ထောင်ကို ငွေသား ဒါမှမဟုတ် ကရက်ဒစ်ကဒ်နဲ့ ပေးဆောင်ရမှာဖြစ်ပြီး ဒေါ်လာ ၅ သောင်းနဲ့ ကာမိတဲ့ ခရီးသွား ကျန်းမာရေး အာမခံ ရှိရမှာဖြစ်ကြောင်း ကမ္ဘောဒီးယား အစိုးရက ကြေညာလိုက်ပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပြည်တွင်းလေကြောင်း ဌာနက အတည်ပြုထားတဲ့ ဇွန်လ ၁၆ ရက် နေ့စွဲပါ ဒီကြေညာချက် အပြည့်အစုံကို ဝန်ကြီးချုပ်ရုံးရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားတာ ပါ။ ကမ္ဘောဒီးယားကို လာရောက်သူတွေဟာ လေဆိပ်ရောက်တာနဲ့ ဆေးစစ်ရမယ့်နေရာကို ပို့ဆောင်ပေးခ ၅ ဒေါ်လာနဲ့ Covid-19 ရောဂါစစ်ဆေးခ ဒေါ်လာ ၁၀၀ ကို ပေးဆောင်ရပါမယ်။


ဆေးစစ်ထားတဲ့ အဖြေကို စောင့်ရမယ့် တညတာ အချိန်မှာ သတ်မှတ်ထားတဲ့ ဟိုတယ် ဒါမှမဟုတ် စောင့်ဆိုင်းရေး စင်တာမှာ စောင့်ရမှာဖြစ်ပြီးဒီအတွက် ဒေါ်လာ ၃၀ နဲ့ အစားအသောက်အတွက် ဒေါ်လာ ၃၀ ကျသင့်မှာဖြစ်ပါတယ်။
ဒါ့အပြင် အဝတ်အစားလျှော်ဖွတ်ခ ၁၅ ဒေါ်လာ ၊ နေ့စဉ် စောင့်ကြည့်စစ်ဆေးခ ၅ ဒေါ်လာနဲ့ လုံခြုံရေး ဝန်ဆောင်မှု ၅ ဒေါ်လာ ပေးရမှာဖြစ်ပါတယ်။ ရောဂါပိုးကင်းရှင်းတဲ့ အဖြေထွက်သူကို အာမခံ ထားတဲ့ ငွေထဲက ကျသင့်ငွေကို နှုတ်ပြီး ပြန်အမ်းပေးမှာဖြစ်ပါတယ်။ ဒီ အဆင့်တွေပြီးရင်လည်း သူတို့ နေထိုင်မယ့်နေရာတွေမှာ ၁၄ ရက် သတ်မှတ် စောင့်ကြည့်ဦး မှာ ဖြစ်ပါတယ်။ ကျန်းမာရေး အရာရှိတွေကို နေ့စဉ်သတင်းပို့ရမှာဖြစ်သလို ရောက်ပြီး ၁၃ ရက်မြောက်နေ့မှာ ဒုတိယအကြိမ် Covid-19 စစ်ဆေးမှုခံရမှာ ဖြစ်ပြီး ရောဂါပိုးကင်းရှင်းကြောင်း တရားဝင် ထောက်ခံစာအတွက် နောက်ထပ် ဒေါ်လာ ၃၀ ကောက်ခံမှာပါ။


သံတမန်တွေနဲ့ အစိုးရ အစီအစဉ်နဲ့ လာရောက်သူတွေကလွဲလို့ ကျန်ခရီးသည်အားလုံး ဒီ စားရိတ်တွေ ပေးဆောင်ရမယ်လို့ ပြောပါတယ်။ ခရီးသည်တွေထဲရောဂါပိုးရှိသူတွေနဲ့ ရောဂါလက္ခဏာပြသူတွေကို နိုင်ငံပိုင်ဆေးရုံကို ပို့ဆောင်ဆေးကုသမှုခံယူစေမှာဖြစ်ပြီး နောက်ထပ် ပိုးစစ်ဆေးမှု ၄ ကြိမ်အတွက် တကြိမ်ကို ဒေါ်လာ ၁၀၀ ကျသင့်မှာဖြစ်ပါတယ်။ ရောဂါနဲ့ သေဆုံးသွားခဲ့ မယ်ဆိုရင်တော့ သဂြိုလ် စားရိတ်က ဒေါ်လာ ၁၅၀၀ ဖြစ်ပြီးကုန်ကျစားရိတ်အားလုံးကို အာမခံငွေ ဒေါ်လာ ၃၀၀၀ ထဲက နှုတ်ယူမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG