သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေမာၻဒီးယားမွာ သတင္းမီဒီယာေတြ အႏၲရာယ္ရွိေနဆဲ


ေထာင္ဒဏ္က်ခံရတဲ့ RFA သတင္းေထာက္ ၂ ေယာက္ျဖစ္တဲ့ Uon Chhin နဲ႔ Yeang Sothearin

ကေမာၻဒီးယားမွာ သတင္းမီဒီယာေတြ အႏၲရာယ္ရွိေနဆဲ

(Zawgyi/ Unicode)

ကေမၻာဒီးယားႏုိင္ငံမွာ ၂၀၁၈ ခုႏွစ္ ေရြးေကာက္ပြဲကာလအတြင္း အျပင္းအထန္ ဖိႏွိပ္ ခ်ဳပ္ခ်ယ္ခံခဲ့ရတဲ့ မီဒီယာ အဖြဲ႕အစည္းေတြဟာ ျပန္လည္ နာလန္ထူဖို႔ ႀကိဳးစားေနဆဲပါ။ အဲဒီ အခ်ိန္က ကေမၻာဒီးယားအစိုးရဟာ သတင္းစာတိုက္ေတြ ေရဒီယို အသံ လႊင့္ရုံေတြကို ပိတ္ပစ္ သလို ျပည္ပ သတင္းဌာနေတြကိုလည္း ပိတ္ပင္ခဲ့ျပီး သတင္းေထာက္ ၂ ဦးကိုလည္း သူလွ်ိဳလုပ္တယ္ဆိုျပီး ေထာင္ခ်ခဲ့ပါတယ္။ အခု ဥေရာပ သမဂၢ (EU) က အေရးယူ ဒဏ္ခတ္မႈေတြ လုပ္မယ္လို႔ ၿခိိမ္းေျခာက္ခဲ့တဲ့ေနာက္မွာေတာ့ မီဒီယာ ေတြအေပၚ အစိုးရရဲ႕ ဖိအားေပးမႈေတြကို ေလ်ာ့က်လာပါတယ္။ ဒါေပမဲ့ အစိုးရအေပၚ ေ၀ဖန္ ေရးသားတဲ့ သတင္းေထာက္ကေတာ့ ေထာင္ခ်ခံတရားစြဲခံရမယ့္အေရးကို ရင္ဆိုင္ေနရ ဆဲျဖစ္ေၾကာင္း ဖႏြမ္းပင္ၿမိဳ႕က VOA သတင္းေထာက္ Brian Padden သတင္းေပးပို႔ ထားတာကို ေျပာျပေပးခ်င္ပါတယ္။

၂၀၁၈ ေရြးေကာက္ပြဲကာလက ကေမၻာဒီးယား အစိုးရက ဖိအားေပးပိတ္ပစ္ခဲ့တဲ့ ဒီမိုကေရစီအသံ (The Voice of Democracy) ေရဒီယိုသတင္းဌာန ကေတာ့ ကေမၻာဒီးယားမွာ အသံလႊင့္လုပ္ငန္းေတြ ျပန္လည္ လုပ္ေဆာင္ေနပါျပီ။ ဒါေပမဲ့ ေလလွိဳင္းေပၚကိုေတာ့ ျပန္လည္ ေရာက္မလာေသးပါဘူး။ ႏုိင္ငံတကာ က အေထာက္အပံ့နဲ႔ လုပ္ငန္းလည္ပတ္ျပီး ႏုိင္ငံေရးနဲ႔ မူ၀ါဒေရးရာ သတင္းေတြကို ဘက္မလိုက္ဘဲ မွ်မွ်တတ ထုတ္လႊင့္ေပးတဲ့ ဒီ အသံလႊင့္ ဌာနဟာ Facebook နဲ႔ YouTube ေတြကိုသုံးျပီး (streams) အြန္လိုင္းကသာ သတင္းေတြ ထုတ္လႊင့္ႏုိင္ပါတယ္။ သတင္းဆိုင္ရာအယ္ဒီတာ Dit Sokthy က online ကေန အသံလႊင့္ေနတာကို အခုလို ရွင္းျပပါတယ္။

“အရင္က သတင္းေတြ လႊင့္သလိုမ်ိဳးပဲ ကၽြန္ေတာ္တို႔ လႊင့္ေနပါတယ္။ ေကာင္းသလား ဆိုးသလားေတာ့ ကၽြန္ေတာ္ မေျပာတတ္ပါဘူး။ နားဆင္သူ ေသာတရွင္ေတြကသာ ကၽြန္ေတာ္တို႔ အခုလက္ရွိ လုပ္ေနတာေတြအေပၚ အဆုံးအျဖတ္ေပးသြားၾကမွာပါ။"

VOA အေမရိကန္အသံကလည္း မၾကာေသးခင္ကပဲ အသံလႊင့္လိုင္စင္ ျပန္လည္ရရွိခဲ့ျပီး လုပ္ငန္းေတြ ျပန္လည္ လည္ပတ္ႏုိင္ဖို႔ ေဒသခံ ေရဒီယို အသံလႊင့္ဌာနေတြနဲ႔ ေစ့စပ္ ညွိႏွိဳင္းေနဆဲ ျဖစ္ပါတယ္။

အဂၤလိပ္ဘာသာနဲ႔ထုတ္ေ၀တဲ့ Cambodian Daily ကလည္း မီဒီယာေတြႏွိမ္နင္းခံရတုန္းကထိသြားခဲ့တဲ့သတင္းစာတိုက္တစ္တိုက္ျဖစ္သလို Independent Phnom Penh Post ဟာလည္း အစိုးရအတြက္ အလုပ္လုပ္ေပးေနတဲ့ ကုမၸဏီတစ္ခုက ၀ယ္ယူသြားတာခံခဲ့ရပါတယ္။

Radio Free Asia - RFA ကေတာ့ အခုထိ လုပ္ငန္းေတြ ရပ္ဆိုင္းထားရဆဲပါ။ ကေမၻာဒီးယား အစုိးရက ဒီ အေမရိကန္ အသံလႊင့္ ဌာနအေပၚ ေဒၚလာေငြသန္းခ်ီျပီး အခြန္ေတြ ခ်မွတ္ထားသလို RFA သတင္းေထာက္ ၂ ေယာက္ကိုလည္း သူလွ်ိဳမႈနဲ႔ ေထာင္ ၁၀ လ ခ်မွတ္ခဲ့ ပါတယ္။ အခုေတာ့ သူတုိ႕ ၂ ေယာက္ ေထာင္က လြတ္လာပါျပီ။ အခု ေလာေလာဆယ္ေတာ့ လြတ္ေနေသးတာေပါ့လို႔ ေျပာရမလုိလို ျဖစ္ေနတာကို အဖမ္းခံခဲ့ရတဲ့ သတင္းေထာက္ Yeang Sothearin က အခုလို ေျပာပါတယ္။

“ခင္ဗ်ားတို႔ သိတဲ့အတိုင္းပဲ အခုအထိပဲ ကၽြန္ေတာ္တို႔ အမွဳကို တရားရုံးမွာ စစ္ေဆးေနတုန္းေလ။ တရားစြဲျပီးစစ္ေဆးေနဆဲ ပိုျပီး စစ္ေဆးခ်င္ ေသးတယ္လို႔ တရားရုံးက ေျပာတယ္။ တကယ္ေတာ့ အေထာက္အထား တစ္စုံတစ္ရာ ရွာမေတြ႕ႏုိ္င္ဘူးဆိုရင္ အမႈကို ‘ပလပ္’ သင့္တာေပါ့။”

လူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔ (HRW) ကေတာ့ သူတို႔ ၂ ဦးကို စြဲထားတဲ့ အမႈဟာ အေျခအျမစ္ မရွိဘူးလို႔ ေ၀ဖန္ခဲ့ျပီး ဒါဟာ အစိုးရကို ေ၀ဖန္ေျပာဆိုေနတာေတြကို ကန္႔သတ္ ဖိႏွိပ္တဲ့ လုပ္ငန္းရဲ႕ အစိတ္အပိုင္း ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ ကေမၻာဒီးယား အစိုးရကေတာ့ RFA နဲ႔ ျပည္ပ မီဒီယာေတြကို ျပည္တြင္းက အစိုးရ ဆန္႔က်င္သူေတြနဲ႔ လက္၀ါးခ်င္း ရုိက္ထားတဲ့ ႏုိင္ငံ ရပ္ျခားက သူလွ်ိဳ ဒလန္ေတြလို႔ စြပ္စြဲထားပါတယ္။

“အဲဒီ အေမရိကန္ အစိုးရရဲ႕ မီဒီယာေတြက အစိုးရကို ေျဗာင္ ေ၀ဖန္သလို မမွန္တဲ့သတင္းေတြကိုလည္း လႊင့္ၾကတယ္။ ကၽြန္ေတာ္ကိုယ္တိုင္ ေလ့လာေတြ႕ရွိခ်က္အရ Radio Free Asia ရဲ႕ မူ၀ါဒေတြဟာ ကေမၻာဒီးယား အစိုးရနဲ႔ ဆန္႔က်င္ဘက္ခ်ည္းပဲ။”

အခုအခ်ိန္မွာ သတင္းလြတ္လပ္ခြင့္ ကန္႔သတ္ခ်က္ေတြကို ေလွ်ာ့ခ်လာတာေတြ ရွိလာေပမဲ့လည္း ကေမၻာဒီယားက လြတ္လပ္တဲ့ သတင္း မီဒီယာ ေလာကအတြက္ေတာ့ ျပည္ပ သူလွိ်ဳ ပုဆိန္ရုိးလို႔ ေခၚေ၀ၚ သမုတ္ခံရမယ့္အေရးေတြ၊ တရား ရင္ဆိုင္ရမယ့္ အေရးေတြနဲ႔ မတရား အခြန္ေကာက္ခံရမယ့္ အေရးေတြနဲ႔ေတာ့ ရင္ဆိုင္ေနရဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

ကမ္ဘောဒီးယားမှာ သတင်းမီဒီယာတွေ အန္တရာယ်ရှိနေဆဲ

(Unicode)

ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း အပြင်းအထန် ဖိနှိပ် ချုပ်ချယ်ခံခဲ့ရတဲ့ မီဒီယာ အဖွဲ့အစည်းတွေဟာ ပြန်လည် နာလန်ထူဖို့ ကြိုးစားနေဆဲပါ။ အဲဒီ အချိန်က ကမ္ဘောဒီးယားအစိုးရဟာ သတင်းစာတိုက်တွေ ရေဒီယို အသံ လွှင့်ရုံတွေကို ပိတ်ပစ် သလို ပြည်ပ သတင်းဌာနတွေကိုလည်း ပိတ်ပင်ခဲ့ပြီး သတင်းထောက် ၂ ဦးကိုလည်း သူလျှိုလုပ်တယ်ဆိုပြီး ထောင်ချခဲ့ပါတယ်။ အခု ဥရောပ သမဂ္ဂ (EU) က အရေးယူ ဒဏ်ခတ်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့နောက်မှာတော့ မီဒီယာ တွေအပေါ် အစိုးရရဲ့ ဖိအားပေးမှုတွေကို လျော့ကျလာပါတယ်။ ဒါပေမဲ့ အစိုးရအပေါ် ဝေဖန် ရေးသားတဲ့ သတင်းထောက်ကတော့ ထောင်ချခံတရားစွဲခံရမယ့်အရေးကို ရင်ဆိုင်နေရ ဆဲဖြစ်ကြောင်း ဖနွမ်းပင်မြို့က VOA သတင်းထောက် Brian Padden သတင်းပေးပို့ ထားတာကို ပြောပြပေးချင်ပါတယ်။

၂၀၁၈ ရွေးကောက်ပွဲကာလက ကမ္ဘောဒီးယား အစိုးရက ဖိအားပေးပိတ်ပစ်ခဲ့တဲ့ ဒီမိုကရေစီအသံ (The Voice of Democracy) ရေဒီယိုသတင်းဌာန ကတော့ ကမ္ဘောဒီးယားမှာ အသံလွှင့်လုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်နေပါပြီ။ ဒါပေမဲ့ လေလှိုင်းပေါ်ကိုတော့ ပြန်လည် ရောက်မလာသေးပါဘူး။ နိုင်ငံတကာ က အထောက်အပံ့နဲ့ လုပ်ငန်းလည်ပတ်ပြီး နိုင်ငံရေးနဲ့ မူဝါဒရေးရာ သတင်းတွေကို ဘက်မလိုက်ဘဲ မျှမျှတတ ထုတ်လွှင့်ပေးတဲ့ ဒီ အသံလွှင့် ဌာနဟာ Facebook နဲ့ YouTube တွေကိုသုံးပြီး (streams) အွန်လိုင်းကသာ သတင်းတွေ ထုတ်လွှင့်နိုင်ပါတယ်။ သတင်းဆိုင်ရာအယ်ဒီတာ Dit Sokthy က online ကနေ အသံလွှင့်နေတာကို အခုလို ရှင်းပြပါတယ်။

“အရင်က သတင်းတွေ လွှင့်သလိုမျိုးပဲ ကျွန်တော်တို့ လွှင့်နေပါတယ်။ ကောင်းသလား ဆိုးသလားတော့ ကျွန်တော် မပြောတတ်ပါဘူး။ နားဆင်သူ သောတရှင်တွေကသာ ကျွန်တော်တို့ အခုလက်ရှိ လုပ်နေတာတွေအပေါ် အဆုံးအဖြတ်ပေးသွားကြမှာပါ။

VOA အမေရိကန်အသံကလည်း မကြာသေးခင်ကပဲ အသံလွှင့်လိုင်စင် ပြန်လည်ရရှိခဲ့ပြီး လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ဖို့ ဒေသခံ ရေဒီယို အသံလွှင့်ဌာနတွေနဲ့ စေ့စပ် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Cambodian Daily ကလည်း မီဒီယာတွေနှိမ်နင်းခံရတုန်းကထိသွားခဲ့တဲ့သတင်းစာတိုက်တစ်တိုက်ဖြစ်သလို Independent Phnom Penh Post ဟာလည်း အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုက ဝယ်ယူသွားတာခံခဲ့ရပါတယ်။

Radio Free Asia - RFA ကတော့ အခုထိ လုပ်ငန်းတွေ ရပ်ဆိုင်းထားရဆဲပါ။ ကမ္ဘောဒီးယား အစိုးရက ဒီ အမေရိကန် အသံလွှင့် ဌာနအပေါ် ဒေါ်လာငွေသန်းချီပြီး အခွန်တွေ ချမှတ်ထားသလို RFA သတင်းထောက် ၂ ယောက်ကိုလည်း သူလျှိုမှုနဲ့ ထောင် ၁၀ လ ချမှတ်ခဲ့ ပါတယ်။ အခုတော့ သူတို့ ၂ ယောက် ထောင်က လွတ်လာပါပြီ။ အခု လောလောဆယ်တော့ လွတ်နေသေးတာပေါ့လို့ ပြောရမလိုလို ဖြစ်နေတာကို အဖမ်းခံခဲ့ရတဲ့ သတင်းထောက် Yeang Sothearin က အခုလို ပြောပါတယ်။

“ခင်ဗျားတို့ သိတဲ့အတိုင်းပဲ အခုအထိပဲ ကျွန်တော်တို့ အမှုကို တရားရုံးမှာ စစ်ဆေးနေတုန်းလေ။ တရားစွဲပြီးစစ်ဆေးနေဆဲ ပိုပြီး စစ်ဆေးချင် သေးတယ်လို့ တရားရုံးက ပြောတယ်။ တကယ်တော့ အထောက်အထား တစ်စုံတစ်ရာ ရှာမတွေ့နိုင်ဘူးဆိုရင် အမှုကို ‘ပလပ်’ သင့်တာပေါ့။”

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ကတော့ သူတို့ ၂ ဦးကို စွဲထားတဲ့ အမှုဟာ အခြေအမြစ် မရှိဘူးလို့ ဝေဖန်ခဲ့ပြီး ဒါဟာ အစိုးရကို ဝေဖန်ပြောဆိုနေတာတွေကို ကန့်သတ် ဖိနှိပ်တဲ့ လုပ်ငန်းရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယား အစိုးရကတော့ RFA နဲ့ ပြည်ပ မီဒီယာတွေကို ပြည်တွင်းက အစိုးရ ဆန့်ကျင်သူတွေနဲ့ လက်ဝါးချင်း ရိုက်ထားတဲ့ နိုင်ငံ ရပ်ခြားက သူလျှို ဒလန်တွေလို့ စွပ်စွဲထားပါတယ်။

“အဲဒီ အမေရိကန် အစိုးရရဲ့ မီဒီယာတွေက အစိုးရကို ဗြောင် ဝေဖန်သလို မမှန်တဲ့သတင်းတွေကိုလည်း လွှင့်ကြတယ်။ ကျွန်တော်ကိုယ်တိုင် လေ့လာတွေ့ရှိချက်အရ Radio Free Asia ရဲ့ မူဝါဒတွေဟာ ကမ္ဘောဒီးယား အစိုးရနဲ့ ဆန့်ကျင်ဘက်ချည်းပဲ။”

အခုအချိန်မှာ သတင်းလွတ်လပ်ခွင့် ကန့်သတ်ချက်တွေကို လျှော့ချလာတာတွေ ရှိလာပေမဲ့လည်း ကမ္ဘောဒီယားက လွတ်လပ်တဲ့ သတင်း မီဒီယာ လောကအတွက်တော့ ပြည်ပ သူလျှို ပုဆိန်ရိုးလို့ ခေါ်ဝေါ် သမုတ်ခံရမယ့်အရေးတွေ၊ တရား ရင်ဆိုင်ရမယ့် အရေးတွေနဲ့ မတရား အခွန်ကောက်ခံရမယ့် အရေးတွေနဲ့တော့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG