သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Sam Rainsy ကို ကေမၻာဒီးယား ျပန္လာခြင့္ျပဳ


ကြာလာလမ္ပူေလဆိပ္သုိ႔ ေရာက္ရွိလာၿပီးေနာက္ မီဒီယာမ်ားအား ေျပာၾကားေနသည့္ ကေမၻာဒီးယား အတုိက္အခံေခါင္းေဆာင္ Sam Rainsy. (ႏုိဝင္ဘာ ၉၊ ၂၀၁၉)

(Zawgyi / Unicode)

ျပည္ပေရာက္ ကေမာၻဒီးယား အတုိက္အခံေခါင္းေဆာင္ Sam Rainsy ကို ျပည္၀င္ခြင့္မေပးဘဲ တားျမစ္ထားတာကို ျပန္႐ုပ္သိမ္းၿပီး ၀င္ခြင့္ျပဳလိုက္ၿပီလို႔ ကေမာၻဒီးယားအစိုးရ ထိပ္တန္းအရာရွိတဦးက ေျပာလိုက္ပါတယ္။

အတုိက္အခံေခါင္းေဆာင္ Sam Rainsy အေနန႔ဲ ကေမာၻဒီးယားႏုိင္ငံကို ျပန္လာမယ္ဆုိရင္ သာမန္ျပည္သူတေယာက္ အေနနဲ႔ ျပန္လာႏုိင္ေၾကာင္း၊ ဒါေပမယ့္ သူ႔အေနနဲ႔ တရားဥပေဒအတုိင္း ရင္ဆုိင္သြားရမွာျဖစ္တယ္လို႔ ကေမာၻဒီးယား ျပည္ထဲေရး၀န္ႀကီးလည္းျဖစ္ ဒုတိယ၀န္ႀကီးခ်ဳပ္လည္းျဖစ္တဲ့ Sar Kheng က ေျပာလိုက္ပါတယ္။

Sam Rainsy ဟာ ကေမာၻဒီးယားႏုိင္ငံကို ျပန္ဖို႔အတြက္ ျပင္သစ္ႏုိင္ငံကေန မေလးရွားႏုိင္ငံ ကြာလာလမ္ပူၿမိဳ႕ကို ဒီကေန႔မွာ ေရာက္ရွိလာခဲ့ၿပီး အဲဒီအခ်ိန္မွာပဲ ကေမာၻဒီးယား ျပည္ထဲေရး၀န္ႀကီး Sar Kheng က သူ႔ရဲ႕ Facebook ကေန အခုလို ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

အခုခ်ိန္ထိေတာ့ ကေမာၻဒီးယားအစုိးရက တရားခံ Rainsy နဲ႔ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဘက္ေတြကို တုိင္းျပည္ထဲ ၀င္ခြင့္မေပးဘူးလို႔ တားျမစ္ထားတာ မရွိေၾကာင္း ျပည္ထဲေရး၀န္ႀကီး Sar Kheng က ေျပာလိုက္ပါတယ္။

Sam Rainsy နဲ႔ တျခားအတုိက္အခံေခါင္းေဆာင္ေတြဟာ ဒီေန႔ ႏုိ၀င္ဘာ ၉ ရက္ေန႔မွာ က်ေရာက္တဲ့ ကေမာၻဒီးယားႏုိင္ငံရဲ႕ လြတ္လပ္ေရးေန႔မွာ ကေမာၻဒီးယားႏုိင္ငံကို ျပန္ဖို႔ အခ်ိန္အေတာ္ၾကာကတည္းက ကတိေပးထားတာပါ။

Rainsy ကေတာ့ ကေမာၻဒီးယား၀န္ႀကီးခ်ဳပ္ ဟြန္ဆန္အေနနဲ႔ သူ႔ကို တုိင္းျပည္ထဲ၀င္လို႔ မရေအာင္ လုပ္ေနေပမယ့္လည္း သူ႔ဘက္ကေတာ့ ျပန္ဖုိ႔ ဆုံးျဖတ္ထားေၾကာင္း၊ ဒါေပမယ့္ လာမယ့္ အဂၤါေန႔မွာ မေလးရွားပါလီမန္က လာဖုိ႔ ဖိတ္ေခၚထားတယ္လို႔ သတင္းေထာက္ေတြကို မေလးရွားႏုိင္ငံမွာ ေျပာၾကားခဲ့ပါတယ္။ ဒါေၾကာင့္ မူလက ျပန္ဖို႔သတ္မွတ္ထားတဲ့ ဒီေန႔မွာေတာ့ ျပန္ႏုိင္မယ့္ပုံေတာ့ မရွိပါဘူး။

ကေမာၻဒီးယားအစိုးရက Rainsy ကို ျပစ္မႈေတြအေတာ္မ်ားမ်ားနဲ႔ အျပစ္ရွိေၾကာင္း ဆုံးျဖတ္ၿပီး ေထာင္ဒဏ္ေတြ ခ်မွတ္ထားသလို ေနာက္ထပ္ ျပစ္မႈေတြ အေတာ္မ်ားမ်ားနဲ႔လည္း စဲြခ်က္ေတြ တင္ထားပါတယ္။ Rainsy ကေတာ့ သူ႔ကို ႏုိင္ငံေရးရည္ရြယ္ခ်က္နဲ႔ လုပ္တာျဖစ္တယ္လို႔ တုံ႔ျပန္ထားပါတယ္။

--------------------------------

(Unicode)

Sam Rainsy ကို ကမ္ဘောဒီးယား ပြန်လာခွင့်ပြု

ပြည်ပရောက် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy ကို ပြည်ဝင်ခွင့်မပေးဘဲ တားမြစ်ထားတာကို ပြန်ရုပ်သိမ်းပြီး ဝင်ခွင့်ပြုလိုက်ပြီလို့ ကမ္ဘောဒီးယားအစိုးရ ထိပ်တန်းအရာရှိတဦးက ပြောလိုက်ပါတယ်။

အတိုက်အခံခေါင်းဆောင် Sam Rainsy အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံကို ပြန်လာမယ်ဆိုရင် သာမန်ပြည်သူတယောက် အနေနဲ့ ပြန်လာနိုင်ကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ တရားဥပဒေအတိုင်း ရင်ဆိုင်သွားရမှာဖြစ်တယ်လို့ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးလည်းဖြစ် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ Sar Kheng က ပြောလိုက်ပါတယ်။

Sam Rainsy ဟာ ကမ္ဘောဒီးယားနိုင်ငံကို ပြန်ဖို့အတွက် ပြင်သစ်နိုင်ငံကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ဒီကနေ့မှာ ရောက်ရှိလာခဲ့ပြီး အဲဒီအချိန်မှာပဲ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီး Sar Kheng က သူ့ရဲ့ Facebook ကနေ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အခုချိန်ထိတော့ ကမ္ဘောဒီးယားအစိုးရက တရားခံ Rainsy နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို တိုင်းပြည်ထဲ ဝင်ခွင့်မပေးဘူးလို့ တားမြစ်ထားတာ မရှိကြောင်း ပြည်ထဲရေးဝန်ကြီး Sar Kheng က ပြောလိုက်ပါတယ်။

Sam Rainsy နဲ့ တခြားအတိုက်အခံခေါင်းဆောင်တွေဟာ ဒီနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာ ကမ္ဘောဒီးယားနိုင်ငံကို ပြန်ဖို့ အချိန်အတော်ကြာကတည်းက ကတိပေးထားတာပါ။

Rainsy ကတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ သူ့ကို တိုင်းပြည်ထဲဝင်လို့ မရအောင် လုပ်နေပေမယ့်လည်း သူ့ဘက်ကတော့ ပြန်ဖို့ ဆုံးဖြတ်ထားကြောင်း၊ ဒါပေမယ့် လာမယ့် အင်္ဂါနေ့မှာ မလေးရှားပါလီမန်က လာဖို့ ဖိတ်ခေါ်ထားတယ်လို့ သတင်းထောက်တွေကို မလေးရှားနိုင်ငံမှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် မူလက ပြန်ဖို့သတ်မှတ်ထားတဲ့ ဒီနေ့မှာတော့ ပြန်နိုင်မယ့်ပုံတော့ မရှိပါဘူး။

ကမ္ဘောဒီးယားအစိုးရက Rainsy ကို ပြစ်မှုတွေအတော်များများနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ်တွေ ချမှတ်ထားသလို နောက်ထပ် ပြစ်မှုတွေ အတော်များများနဲ့လည်း စွဲချက်တွေ တင်ထားပါတယ်။ Rainsy ကတော့ သူ့ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

Sam Rainsy ကို ကေမၻာဒီးယား ျပန္လာခြင့္ျပဳ
please wait

No media source currently available

0:00 0:01:34 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG