သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံတွေကို ကမ္ဘောဒီးယားအစိုးရ နှိပ်ကွပ်


ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်။ (အောက်တိုဘာ ၄၊ ၂၀၁၉)
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်။ (အောက်တိုဘာ ၄၊ ၂၀၁၉)

ပြည်ပရောက် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy နိုင်ငံကို ပြန်လာရင် စစ်တပ်ကို တပ်ဖြန့်ချထားမယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က သတိပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ အခြေစိုက်နေတဲ့ ကမ္ဘောဒီးယား အတိုက်အခံတွေကိုလည်း လုံခြုံလိမ့်မယ် မဟုတ်ဘူး၊ ဖမ်းပြီး ပြန်ခေါ်လာမယ်လို့လည်း ဝန်ကြီးချုပ်က တနင်္လာနေ့တုန်းက ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ၂၀၁၁ ခုနှစ်က တရားခံလွှဲပြောင်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားပြီး ကမ္ဘောဒီးယား အတိုက်အခံတွေကို ထိုင်းဘက်က ပြန်ပြီး လွှဲပြောင်းပေးလေ့ ရှိခဲ့တာပါ။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ဖို့ ထိုင်းအစိုးရကို မေးမြန်းခဲ့ပေမယ့် တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။

ပြည်ပမှာ နေထိုင်နေတဲ့ ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy က လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ ကမ္ဘောဒီးယားကို ပြန်လာဖို့ စီစဉ်ထားကြောင်း သြဂုတ်လ ၁၈ ရက်က ကြေညာခဲ့ပြီးနောက် ပြီးခဲ့တဲ့ လအတွင်း အစိုးရက CNRP ပါတီ ထောက်ခံသူတွေအပေါ် ပိုပြီး ဖိနှိပ်လာခဲ့တာပါ။ ဒါ့အပြင် ဒီကိစ္စကို အာဏာသိမ်းဖို့ ကြံစည်မှု အတိုင်းအတာအထိ အစိုးရဘက်က သတ်မှတ်ထားပြီး အတိုက်အခံ ခေါင်းဆောင် Rainsy ကို ထောက်ခံသူတွေအနေနဲ့ တရားဥပဒေကြောင်းအရ ရင်ဆိုင်ရမယ် ဆိုတာကိုလည်း အစိုးရက ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီး ဖြစ်ပါတယ်။

အတိုက်အခံခေါင်းဆောင် Rainsy က သူ ပြည်တော်ပြန်လာမယ့်အကြောင်း ကြေညာခဲ့ပြီးနောက်မှာ ဒါဇင်နဲ့ချီတဲ့ အတိုက်အခံတွေလည်း အဖမ်းခံခဲ့ရပြီး ဖြစ်ပါတယ်။

----------------------------------

(Unicode)

အတိုကျအခံတှကေို ကမ်ဘောဒီးယားအစိုးရ နှိပျကှပျ






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG