သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီယားရွေးကောက်ပွဲ အသိအမှတ်မပြုဖို့ အတိုက်အခံတိုက်တွန်း


အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီ CNRP ရဲ့ ဒု ဥက္ကဌ Mu Sochua ရဲ့ သတင်းစာရှင်းလင်းပွဲ ( ဇူလိုင်လ ၃၀-၂၀၁၈)
အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီ CNRP ရဲ့ ဒု ဥက္ကဌ Mu Sochua ရဲ့ သတင်းစာရှင်းလင်းပွဲ ( ဇူလိုင်လ ၃၀-၂၀၁၈)

ကမ္ဘောဒီးယား အာဏာရပါတီနဲ့ နှစ်ပေါင်းများစွာ ဝန်ကြီးချုပ်လုပ်လာခဲ့တဲ့ ဟွန်ဆန်းတို့ အနိုင်ရလိုက်တဲ့၊ မနေ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ရလဒ်ကို၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လက်မခံကြဖို့ အတိုက်အခံတွေက တိုက်တွန်းလိုက်ပါတယ်။

အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီ CNRP ရဲ့ ဒု ဥက္ကဌ Mu Sochua က၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ ဟာ၊ ကမ္ဘောဒီးယား ဒီမိုကရေစီ သေဆုံးသွားရတဲ့နေ့၊ ဒီမိုကရေစီမှောင်မိုက်သွားရတဲ့နေ့ဖြစ်တယ်၊ ဒီမိုကရေစီကို အကြွင်းမဲ့အာဏာရှင်နဲ့ အစားထိုးလိုက်ပြီ်လို့၊ ဒီနေ့ ဝေဖန်လိုက်ပါတယ်။

အလားအလာရှိတဲ့ တစ်ခုတည်းသော အတိုက်အခံပါတီ ဝင်မပြိုင်နိုင်အောင် မတရားဖိနှိပ်ထားတဲ့ ဒီရွေးကောက်ပွဲမှာ၊ နှစ်ပေါင်း ၃၀ ကျော် ရေရှည်အုပ်ချုပ်လာတဲ့ ဝန်ကြီးချုပ် Hun Sen ကို နောက်ထပ်ရေရှည်ဆက်အုပ်ချုပ်စေနိုင်ဖို့၊ မဲပေးသူတွေ မနေ့က မဲရုံတွေသွား မဲပေးခဲ့ကြရတာပါ။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက၊ CNRP လို့ အတိုခေါက်ခေါ်တဲ့ ဒီအတိုက်အခံ ကမ္ဘောဒီးယား အမျိုးသားကယ်တယ်ရေးပါတီကို ဖျက်သိမ်းပစ်ခဲတာမို့၊ ဒီပွဲမှာ CPP လို့အတိုခေါက်ခေါ်တဲ့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီအနေနဲ့၊ ပြိုင်ဖက်မရှိဘဲ ထောက်ခံမဲ အပြတ်အသတ်နဲ့ နိုင်ခဲ့တာပါ။

ခုလို အတိုက်အခံ CNRP ကို ဖျက်သိမ်းခဲ့တာကြောင့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှုကျဆင်းနေချိန်မှာ၊ ပြီးခဲ့တဲ့ သတင်းပတ်ကုန်တုံးကလည်း၊ အစိုးရကို ဝေဖန်တဲ့ သတင်းဝက်ဘ်ဆိုဒ် (၁) ဒါဇင်ကျော်ကို အစိုးရက ရုတ်တရက် ပိတ်ပင်လိုက်တာကြောင့် ရွေးကောက်ပွဲ အပေါ် ယုံကြည်မှု ပိုကျဆင်းသွားခဲ့ပါတယ်။

ခမာနီအစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ၆ ကြိမ်မြောက် ကျင်းပတဲ့ ဒီရွေးကောက်ပွဲအတွက်၊ မဲရုံတွေ မနေ့က စဖွင့်ပြီးကာစမှာပဲ၊ ၃၃ နှစ်ကြာ အုပ်ချုပ်လာခဲ့တဲ့ ဝန်ကြီးချုပ် Hun Sen ဟာ သူ့ ဇနီး Bun Rany နဲ့အတူ၊ ဖနွမ်ပင်မြို့တော် ဆင်ခြေဖုံးက မဲရုံကို မဲလာပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG