သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားရွေးကောက်ပွဲ အပြီးသတ်ပြင်ဆင်


ကမ္ဘောဒီးယား ရွေးကောက်ပွဲဝန်ထမ်းတဦး မဲဆန္ဒရှင်စာရင်းကပ်ပေးနေစဉ်။ (ဇူလိုင် ၂၈၊ ၂၀၁၈)
ကမ္ဘောဒီးယား ရွေးကောက်ပွဲဝန်ထမ်းတဦး မဲဆန္ဒရှင်စာရင်းကပ်ပေးနေစဉ်။ (ဇူလိုင် ၂၈၊ ၂၀၁၈)

ကမ္ဘောဒီးယားနိုင်ငံမှာ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့်လည်း ဒီရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ ပါတီတွေ မပါဝင်နိုင်တဲ့အတွက် အာဏာကို ၃၃ နှစ် ကြာ ရယူထား တဲ့ ဝန်ကြီးချုပ် Hun Sun အစိုးရပဲ ဆက်ပြီး အာဏာ ချုပ်ကိုင်ထားလိမ့်မယ်လို့ အများက ယူဆ ထားတာပါ။

အခုအခါမှာတော့ နိုင်ငံတဝှမ်းက မဲရုံတွေမှာ မဲပုံးတွေ အဆင်သင့်ဖြစ်နေပြီး မဲရုံ ၂၃,၀၀၀ မှာလည်း မဲဆန္ဒရှင် စာရင်းတွေ ထုတ်ပြန်ထားပြီးပါပြီ။ မှတ်ပုံတင်ထား တဲ့ မဲဆန္ဒရှင်ဦးရေ ၈.၃ သန်းရှိတယ်လို့လည်း ဆိုပါတယ်။

NEC ရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရ Dim Sovanarum ကတော့ ရွေး ကောက်ပွဲ ကျင်းပဖို့ အားလုံး အသင့် အနေအထားရောက်အောင် ပြင်ဆင် ထားနိုင်တာကြောင့် ဂုဏ်ယူကြောင်း ပြောပါတယ်။ မဲပေးသူအရေအတွက် ၆၀ ရာခိုင်နှုန်းထိရှိမယ်လို့လည်း သူက ခန့်မှန်းထားပါတယ်။

မနှစ်က နှစ်ကုန်ပိုင်းထိတုန်းကတော့ အာဏာရပါတီနဲ့ အတိုက်အခံပါတီကြား မဲရလာဒ် သိပ်ကွာမှာ မဟုတ် ကြောင်း ခန့်မှန်းထားတာပါ။ ဒါပေမယ့်လည်း ကမ္ဘောဒီးယားအတိုက်အခံပါတီဖြစ်တဲ့ CNRP ကမ္ဘောဒီးယား ကယ်တင်ရေး ပါတီဟာ အမေရိကန်နဲ့ပေါင်းပြီး လက်ရှိအစိုးရကို ဖြုတ်ချဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရုံးက CNRP ကို နိုဝင်္ဘာလအတွင်း ဖျက်သိမ်းခဲ့ပြီး နောက် မှာတော့ ဟွန်ဆန်ရဲ့အာဏာရပါတီကပဲ ဆက်ပြီး အနိုင်ရလိမ့်မယ်ဆိုပြီး အားလုံးက သုံးသပ်ထားတာပါ။

၂၀၁၃ ခုနှစ်တုန်းက ကျင်းပတဲ့ ရွေးကောက်ပွဲမှာလည်း CNRP အနေနဲ့ မဲ အနည်း ငယ်နဲ့သာ ကပ်ရှုံးခဲ့တာကြောင့် ဟွန်ဆန်အစိုးရဟာ သူ့ပါတီအနိုင်ရဖို့ အခုလို အတိုက်အခံပါတီကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့လည်း ရှုမြင် ကြပါတယ်။ ဒါပေမယ့်လည်း CNRP ကို ဖျက်သိမ်းလိုက်တဲ့ အကြောင်းရင်း အထောက်အထား ခိုင်ခိုင်လုံလုံ ရှိပြီး ဥပဒေအရဆောင်ရွက်တာဖြစ်ကြောင်း အစိုးရကပြောဆိုသလို ဘယ်သူကမှ ကိုယ့်ရဲ့အတိုက်အခံကို နိုင်စေလိုတဲ့ ဆန္ဒမရှိဘူးဆိုပြီးတော့လည်း ပါတီခေါင်းဆောင်ပိုင်းက ကာကွယ်ပြောဆိုပါတယ်။

မနက်ဖြန်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ တခြား ပါတီငယ် ၁၉ ပါတီ ဝင် ရောက်ယှဉ်ပြိုင်မှာဖြစ်ပေမယ့် လက်ရှိ အာဏာရပါတီရဲ့ အနေအထားကို ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG