သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် နေအိမ်အကျယ်ချုပ်မှ လွတ်


နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Kem Sokha နှင့် လွတ်မြောက်ပြီးနောက် ၎င်း၏ Facebook တွင်တင်ခဲ့သည့် မက်ဆေ့ချ်။ (နိုဝင်ဘာ ၁၀၊ ၂၀၁၉)
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Kem Sokha နှင့် လွတ်မြောက်ပြီးနောက် ၎င်း၏ Facebook တွင်တင်ခဲ့သည့် မက်ဆေ့ချ်။ (နိုဝင်ဘာ ၁၀၊ ၂၀၁၉)

(Zawgyi / Unicode)

ကမ္ဘောဒီးယား အစိုးရက အတိုက်အခံခေါင်းဆောင် Kem Sokha ကို နေအိမ်အကျယ်ချုပ်ကနေ ဒီကနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ အတိုက်အခံခေါင်းဆောင် Kem Sokha ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ချခဲ့တာ ဖြစ်ပါတယ်။

Kem Sokha ကို နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးလိုက်ပေမယ့်လည်း သူ့အနေနဲ့ နိုင်ငံရေးမှာ မပါဝင်ရဘူးလို့ တားမြစ်လိုက်သလို နိုင်ငံကနေလည်း ထွက်သွားလို့မရဘူးလို့ ကမ္ဘောဒီးယား တရားရုံးက ဒီကနေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။

ပြည်ပမှာနေထိုင်နေတဲ့ ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy ဟာ ကမ္ဘောဒီးယားနိုင်ငံကို ပြန်လာဖို့အတွက် မနေ့ စနေနေ့က မလေးရှားနိုင်ငံကို ရောက်ရှိလာပြီး နောက်တရက်ဖြစ်တဲ့ ဒီနေ့မှာပဲ ကမ္ဘောဒီးယားအစိုးရက Kem Sokha ကို ပြန်လွှတ်ပေးလိုက်ပါတယ်။

ပြင်သစ်နိုင်ငံမှာ နေထိုင်နေတဲ့ ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy က သူ့အနေနဲ့ မနေ့ စနေနေ့က ကျရောက်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ တိုင်းပြည်ကို ပြန်မယ်ဆိုပြီးတော့ ကတိပေးထားတာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် ပြန်မှာဖြစ်တယ်လို့ Sam Rainsy က ပြောပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ Rainsy အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံထဲကို ပြန်ဝင်ခွင့်ရမရဆိုတာ မသိရသေးပါဘူး။

ဒါပေမယ့်လည်း မနေ့ စနေနေ့ကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးကတော့ Sam Rainsy အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံကို ပြန်လာချင်ရင် သာမန်ပြည်သူတယောက်အနေနဲ့ ပြန်လာနိုင်ပြီး သူ့အပေါ်မှာ ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေနဲ့ စွဲဆိုထားတဲ့ အမှုတွေကိုတော့ တရားဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်တယ်ဆိုပြီး Facebook ကနေ ပြောထားပါတယ်။

Kem Sokha နဲ့ Sam Rainsy တို့ဟာ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီ CNRP ကို ပူးတွဲတည်ထောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

-----------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG