သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီယားအတိုက်အခံပါတီ ဖျက်သိမ်းခံရ


ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ဝင်များ ရွေးကောက်ပွဲအတွင်း မဲဆွယ်စဉ် (ဇွန်လ ၂ ရက်နေ့၊ ၂၀၁၇)
ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ဝင်များ ရွေးကောက်ပွဲအတွင်း မဲဆွယ်စဉ် (ဇွန်လ ၂ ရက်နေ့၊ ၂၀၁၇)

ကမ္ဘောဒီးယားနိုင်ငံက အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ကို ပယ်ဖျက်ပြီး၊ ပါတီဝင် ၁၁၈ ယောက်ကိုလည်း နိုင်ငံရေးလုပ်ခွင့် ၅ နှစ်ပိတ်ဖို့ တရားရုံးချုပ်က ဒီကနေ့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

အတိုက်အခံ CNRP ပါတီဟာ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့တယ်ဆိုပြီး၊ ဝန်ကြီးချုပ် Hun Sen ရဲ့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က တရားစွဲဆိုခဲ့တာကို တရားသူကြီး ၉ ဦးပါ တရားရုံးချုပ်က ဒီကနေ့ပဲ တခဲနက် လက်ခံဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ အာဏာရပါတီရဲ့ အဆင့်မြင့် ခေါင်းဆောင် တဦးဖြစ်တဲ့ တရားသူကြီးချုပ် Dith Munty က ကြေညာခဲ့တာပါ။ ရှေ့နှစ်ထဲ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ ဝန်ကြီးချုပ်ကို ဝေဖန်သူတွေအပေါ် အာဏာပိုင်တွေက နှိမ်နင်းနေရာမှာ အခုနောက်ဆုံး အတိုက်အခံပါတီကို ဖျက်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

အတိုက်အခံတွေအပေါ် နှိမ်နင်းမှုတွေမှာတော့ အာဏာရ CNRP ခေါင်းဆောင် Kem Sokha ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဖမ်းဆီးခဲ့သလို၊ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်လောက်ဟာလည်း နိုင်ငံကနေ တိမ်းရှောင်ခဲ့ကြရတာပါ။ လွတ်လပ်တဲ့ သတင်းစာတစောင်ဖြစ်တဲ့ Cambodia Daily ဟာလည်း အခွန်ရှောင်မှုနဲ့ ထုတ်ဝေသူတွေကို အရေးယူခဲ့တဲ့အတွက် ပိတ်ခဲ့ရပါတယ်။

သတင်းစာထုတ်ဝေသူတွေကတော့ စွပ်စွဲချက်တွေဟာ မမှန်ကန်ကြောင်း ငြင်းဆန်ထားကြတာပါ။ ၁၉၈၅ ခုနှစ်ကတည်းက ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ Hun Sen ရဲ့ ပါတီကတော့ ၂၀၁၃ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်လုနီးပါး အခြေအနေကြုံခဲ့ရသလို၊ အပြောင်းအလဲလိုလားတဲ့ လူငယ်တွေ အပါအဝင် အတိုက်အခံ ပါတီကို ထောက်ခံမှုတွေလည်း အားကောင်းလာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG