သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ဒေသန္တရရွေးကောက်ပွဲ အတိုက်အခံပါတီ အလားအလာကောင်း


ကမ္ဘောဒီးယား ဒေသန္တရရွေးကောက်ပွဲ
ကမ္ဘောဒီးယား ဒေသန္တရရွေးကောက်ပွဲ

Cambodia နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဒေသန္တရရွေးကောက်ပွဲမှာ အဓိက အတိုက်အခံပါတီက သိသိသာသာအနိုင်ရနေပုံရတာကြောင့် အာဏာချုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ် Hun Sen အတွက်စိုးရိမ်စရာဖြစ်နေပါတယ်။

အတိုက်အခံ Cambodia National Rescue ပါတီက လူထုမဲ ၄၆% လောက်ရနေတယ်လို့ ကနဦးမဲရလာဒ်တွေကို ပါတီပြောခွင့်ရသူက ကြေညာခဲ့ပါတယ်။ အစိုးရလိုလားတဲ့သတင်း Website တခုကတော့ ကနဦးမဲရလာဒ်တွေမှာ အတိုက်အခံက ၃ ပုံ ၁ ပုံကျော်ပဲနိုင်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ တရားဝင်မဲရလာဒ်တွေကတော့ June လ ၂၅ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။

ရှေ့နှစ်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ဒေသန္တရအစိုးရရာထူး ၁ သောင်း ၂ ထောင်ကျော်ကိုရွေးချယ်တဲ့ အခုရွေးကောက်ပွဲကို အဓိက ပါတီကြီး ၂ ခုကြားအားပြိုင်မှုအဖြစ် မြင်နိုင်ပါတယ်။

လူငယ်ပိုင်းမဲပေးသူများလာတာနဲ့ ပြည်သူတွေရဲ့ အမြင်တွေပြောင်းလဲနေချိန်မှာ အခုဒေသန္တရရွေးကောက်ပွဲဟာ သူတို့အပေါ် လူထုရဲ့အားပေးမှုဘယ်လောက်ရှိသလဲဆိုတာ စမ်းသပ်တဲ့ပွဲအဖြစ် ဝန်ကြီးချုပ် Hun Sen နဲ့ သူ့ရဲ့ CPP ကမ္ဘောဒီးယားအမျိုးသားပါတီတို့က မြင်နေပါတယ်။ အခုရွေးကောက်ပွဲမှာ ပါတီပေါင်း ၁၂ ခုက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ကမ္ဘောဒီးယား ဒေသန္တရရွေးကောက်ပွဲ အတိုက်အခံပါတီ အလားအလာကောင်း
please wait

No media source currently available

0:00 0:00:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG